backup og meta

ဖခင်များ၏အရေးပါသော အခန်းကဏ္ဍ


Dr. Su Sandy မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖခင်များ၏အရေးပါသော အခန်းကဏ္ဍ

    ကလေးကို ကြိုဆိုရာတွင် အဖေသည် အမေထက်ပို၍ တွေးစရာများရှိနေတတ်ပါသည်။ တစ်ခါတရံ အဖေများသည် မိဘနှင့် သားသမီးကြားက ရင်းနှီးသော ဆက်ဆံရေးတွင် သူတို့သည် အရေးမပါသကဲ့သို့ ခံစားကြရတတ်သည်။ အဖေများသည် ကလေးကို နို့ချိုမတိုက်ကျွေးနိုင်သော်လည်း သူ၏ အရေးပါသောအခန်းကဏ္ဍများစွာရှိပါသည်။

    အဖေနှင့် ကလေးကြားမှ ဆက်နွယ်မှုသည် အသိစိတ်ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည်။

    ဖခင်ပါဝင်မှုကြောင့် ပထမဆုံးအကျိုးကျေးဇူးမှာ ကလေး၏ အသိစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင်တိုးတက်မှု ဖြစ်စေသည်။ သုတေသနများက အကြံပြုသည်မှာ ကလေးများသည် သူတို့အဖေနှင့် ဆက်ဆံရေးရင်းနှီးလာသည့်အခါ အသိစိတ်ပိုင်းဆိုင်ရာတိုးတက်မှုသည် အမြင့်ဆုံးဖြစ်သည်။ ထိုအချိန်တွင် အဖေသည် ကလေးနှင့် အတူကစားရန်၊ ကလေးကို ဂရုစိုက်ရန် အချိန်ပေးသင့်သည်။  အဖေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော ကလေးများသည် သိစိတ်မှ နားလည်သင်ယူခြင်းများတွင် ပိုမိုတိုးတက်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပြသနာများကို ဖြေရှင်းနိုင်သောစွမ်းရည်တွင် သာလွန်ကောင်းမွန်ကြောင်း သက်သေပြချက်များရှိသည်။ သူတို့၏ ဉာဏ်ရည်သတ်မှတ်ချက်သည် အဖေ၏ စောင့်ရှောက်မှုမရသောကလေးများထက် သာလွန်သည်ကို တွေ့ရသည်။ ကျောင်းတက်သည့်အချိန်တွင် အဖေ၏ ပါဝင်ဆောင်ရွက်မှုကောင်းသော ကလေးများသည် ပြသနာများကိုပိုပြီးဖြေရှင်းနိုင်ကြသည်။ အမှတ်ပိုကောင်းပြီး၊ ကောင်းတွင် သွက်လက်စွာ ပါဝင်လုပ်ဆောင်နိုင်ကြသည်။

    ဖခင်၏ ချစ်ခြင်းနောက်ကွယ်က သိပ္ပံပညာ

    သိပ္ပံပညာရှင်များက ထိုသို့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြောင်းပြချက်များ ရှာဖွေတွေ့ရှိထားကြသည်။ ကလေးကို စကားပြောပေးခြင်းဖြင့် ကလေးကို ပေါင်းသင်းဆက်ဆံရေးတွင် ပိုမိုကောင်းမွန်စေနိုင်သည်။

    အခြားအရေးကြီးသော အကြောင်းရင်းကတော့ ဂရုစိုက်ခံရသောသူများသည် လုံခြုံမှုကိုခံစားကြရသောကြောင့် ထိုသို့သောကလေးများသည် သူတို့ကို ဂရုစိုက်သော သူများကို ယုံကြည်ရမည်ဖြစ်ကြောင်း သင်ယူနိုင်ကြသည်။ အမေသည်သူတို့ကို ဂရုစိုက်ပြီး လုံခြုံမှုပေးနိုင်သော ဖြစ်ချိန်တွင် အဖေသည် အခြားသူများကို မည်သို့ဂရုစိုက်ရမည်ကို သိလာစေရန် ကူညီပေးသည်။ ထိုအခြေအနေတွင် ကလေးများသည် ပို၍ရဲရင့်တတ်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်စွမ်းပိုကောင်းကြသည်။

    အဖေများသည် အမေများနှင့် စာလျှင် ကလေးများနှင့် ဆက်သွယ်မှုပိုနည်းသည်ဟု ထင်ရသော်လည်း အဖေ၏ အခန်းကဏ္ဍသည်လည်း ကလေးဘဝတွင် အရေးကြီးသည်ကို ငြင်းမရပေ။ အဖေမှကလေးကို ဂရုစိုက်စောင့်ရှောက်ရန် အချိန်ပေးခြင်းသည် ကလေးကို ကောင်းမွန်သော ရလဒ်များကိုရစေယုံသာမက၊ ကလေးနှင့် ဖခင်ကြားက ကောင်းမွန်သော ဆက်ဆံရေးကိုလည်း ရစေသည်။ ထို့ကြောင့် သင့်နှင့် သင့်ကလေးကြားတွင် ကောင်းမွန်သော အမှတ်တရများကို ချန်ထားခြင်းအားဖြင့် ပျော်စရာကောင်းသော ဖခင်ဘဝကို ဖန်တီးသင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement