လိင်တံအရေပြားဖြတ်ခြင်းဟာ ဘာအန္တရာယ်တွေ ရှိနိုင်လဲ။
လိင်တံအရေပြားဖြတ်ခြင်းဟာ ယေဘုယျအားဖြင့် စိတ်ချရတယ်ဆိုပေမယ့် ရှားရှားပါးပါး နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ပိုးဝင်တာ၊သွေးထွက်တာ ဒါမှမဟုတ် ဖြတ်လိုက်တဲ့ အရေပြားပမာဏ နည်းသွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
- လိင်တံနဲ့ ဆီးလမ်းကြောင်းတလျှောက် ရောင်ရမ်းတာ ဒါမှမဟုတ် တခြားပြဿနာတွေဖြစ်လာတာ။
- လိင်တံထိခိုက်ဒဏ်ရာ ရတာ။
- ဖယ်ထုတ်လိုက်တဲ့ အရေပြားပမာဏ လိုအပ်တာထက် များသွားတဲ့အတွက် နောင်အရွယ်ရောက်လာလို့ လိင်တံထောင်မတ်တဲ့အခါ နာကျင်တာတွေ။
- လိင်ဆက်ဆံတဲ့အချိန်မှာ ထိတွေ့ခံစားနိုင်မှု လျော့နည်းသွားတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒီ နောက်ဆက်တွဲကိစ္စတွေဟာ ရှားရှားပါးပါး ဖြစ်တတ်တာမျိုးဆိုပေမယ့် သင့်အနေနဲ့ သင့်ကလေးကို လိင်တံအရေပြား မဖြတ်ပေးခင်မှာ ဒီပြဿနာတွေကို အသေအချာစဉ်းစားသင့်ပါတယ်။
သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်
သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ။
တချို့ကျွမ်းကျင်သူတွေက လိင်တံအရေပြားဖြတ်ခြင်းဟာ စောစောလုပ်ပေးသင့်တယ်လို့ ယူဆပြီး တချို့ကတော့ ကလေးအသက်ကြီးလာတဲ့အထိ စောင့်ပြီး သူ့ဖာသာ ဆုံးဖြတ်စေတာပိုကောင်းတယ်လို့ ဆိုကြပြန်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး(လုပ်ပေးသင့်တဲ့ အရွယ်နဲ့ ပတ်သက်ပြီး) ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးပါ။
ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ပဲ ပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။