backup og meta

ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

    ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ ….. ဆိုတာလေး ပြောပြပေးချင်ပါတယ်။

    ဘေဘီလေးတွေက ၄ လခွဲ ၅ လလောက်မှာ အစာစားဖို့စိတ်အားထက်သန်ကြပါပြီနော်။ ဒီအချိန်မှာမေမေတို့က ကလေးကို ထမင်းပိတ်ပါးတိုက်ပြီးကျွေးတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံအောင် အသီးအရွက်လေးတွေကို ကြိတ်ခြေပြီးကျွေးကြပါတယ်။ ဒီလိုကနေကျွေးလာရင်းက ကလေးကတော်တော်လေးအရွယ်ရောက်လာပြီ။

    ဒါပေမယ့် သွားလေးကတော့ တစ်ချောင်းစနှစ်ချောင်းစလောက်ပဲရှိသေးတယ်။ ဒီလိုအရွယ်ရောက်လာတဲ့အခါ ကလေးကို ထမင်းကျွေးရင်မေမေတို့ ဖွားဖွားတို့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုရှိနေပါတယ်။ ဒါကတော့ ကလေးကို ဝါးကျွေးတာပါ။ ကလေးက မဝါးနိုင်သေးဘူး ဝါးကျွေးလိုက်မယ်ဆိုတာလေ။ ကလေးလေးတွေ ငယ်စဉ်ကဝါးကျွေးတာနဲ့လွတ်ခဲ့တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။

    ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

    ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ ဆိုတော့ ကလေးကို အစာဝါးကျွေးတာကကောင်းတာလည်းရှိသလို မကောင်းတဲ့အချက်တွေလည်းရှိနေနိုင်ပါတယ်။ ဘာတွေကောင်းလို့ ဘာတွေမကောင်းဘူးလဲ သိချင်ရင်ဆက်ကြည့်လိုက်ရအောင်နော်။

    ကလေးကို ထမင်းဝါးကျွေးတာကကောင်းတယ်လို့ပြောရတဲ့အချက်

    ကလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကလေးကို ထမင်းဝါးကျွေးတာက အလေ့အထတစ်ခုလိုဖြစ်နေသလို ကျန်းမာတဲ့ စားသောက်မှုပုံစံလို့လည်း အများကလက်ခံထားကြပါတယ်။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ကလေးကို မိခင်ကထမင်းဝါးကျွေးတဲ့အခါ မိခင်တံထွေးမှာပါတဲ့pathogens က ကလေးရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်တာကြောင့်ပါ။ ကလေးကိုဝါးကျွေးလိုက်တဲ့ အစားအစာကနေတဆင့် ပါသွားတဲ့ မိခင်ရဲ့ တံထွေးက ဖွံ့ဖြိုးဆဲကလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ ပဋိပစ္စည်းတွေတိုးလာအောင်လည်း လှုံ့ဆော်ပေးပါတယ်။

    ဒီလိုမျိုး ကလေးကို အစားအစာတွေဝါးကျွေးတာက ပန်းနာရင်ကြပ်ဝေဒနာလိုမျိုး ကိုယ်ခံအားစနစ်အားနည်းတာကြောင့် ခံစားနိုင်တဲ့ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်က မှားယွင်းတိုက်ခိုက်မှုကြောင့်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ကလေးကို ကူးစက်ရောဂါနဲ့ အခြားသောပတ်ဝန်းကျင်က ဘက်တီးရီးယားတွေနဲ့ ထိတွေ့တာကြောင့်ဖြစ်လာမယ့်ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ ဒီအချက်တွေကြောင့်ကလေးကို ထမင်းဝါးကျွေးသင့်တယ်လို့ဆိုရတာပါ။ တကယ်တော့ ထမင်းဝါးကျွေးတာက ကလေးရဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ရှေးရိုးစဉ်လာတစ်ခုပေါ့။

    ကလေးကို ထမင်းဝါးမကျွေးသင့်တဲ့အခြေအနေတွေက

    ကလေးကိုထမင်းဝါးမကျွေးပါနဲ့ပြောရတဲ့ အကြောင်းအရင်းကတော့ရှင်းပါတယ်။ လူကြီးဆီမှာရှိနေတဲ့ရောဂါတွေက တံထွေးကနေတဆင့် ကလေးဆီကို ကူးစက်ရောက်ရှိသွားမှာစိုးတာကြောင့်ပါ။ ရောဂါပိုးတစ်ခုခုရှိနေတဲ့အနေအထားမျိုးမှာ ကလေးကို ထမင်းဝါးကျွေးလိုက်မယ်ဆိုရင် ကလေးကို ကိုယ်ခံအားမြင့်အောင် လုပ်ပေးတာနဲ့မတူဘဲ ကျန်းမာရေးပြဿနာခံစားရအောင်လုပ်သလိုဖြစ်သွားနိုင်ပါတယ်။

    ဒီလိုအခြေအနေမျိုးတွေခံစားနေရရင် ကလေးကို အစားဝါးမကျွေးဖို့ပြောပါရစေနော်။

    အထူးသတိထားရမယ့် အချက်တစ်ခု ရှိပါတယ်။ ဒါကတော့ ကလေးကို အစားဝါးမခွံ့ခင် ခံတွင်းသန့်ရှင်းမှုကို အရင်လုပ်ပေးဖို့ပါ။ နောက်တစ်ခုက လူကြီးမှာ ဘာလက္ခဏာမှ မပြဘဲ ရောဂါပိုးတွေ ရှိနိုင်တယ်ဆိုတာ သတိထားပေးပါ။ လူကြီးမှာ လက္ခဏာ မပြပေမယ့် ကလေးလေးဆီကို ကူးစက်နိုင်ခြေ ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဘာကြောင့် ဒီလိုမှာရလဲဆိုတော့ ကိုယ်ခံအား ကောင်းစေချင်လို့ ဝါးကျွေးကာမှ ကလေးကို တစ်ခုခု ကူးစက်သွားမှာ စိုးရိမ်လို့ပါပဲ။ ဝါးမကျွေးလည်းပဲ ကလေးကို ကိုယ်ခံအား ကောင်းအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

    ကောင်းမွန်တဲ့ အာဟာရ ဖြည့်တင်းမှုက ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ပျိုးထောင်ပေးတဲ့ နည်းလမ်းဖြစ်တာကြောင့် ဘေဘီလေး ကိုယ်ခံအားအတွက် ဆောင်သင့်တာ ဆောင်လို့ ရှောင်သင့်တာ ရှောင်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement