backup og meta

ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ  မိဘတိုင်းက သူတို့ရဲ့ရင်သွေးငယ်တွေကို အကောင်းဆုံးပုံစံနဲ့ ဘဝခရီးကိုစတင်စေချင်ကြပါတယ်။ ကလေးကိုငယ်ရွယ်စဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးတာကလည်း ကလေးငယ်ရဲ့ ဘဝကိုထုဆစ်ပေးရာမှာ အရေးကြီးဆုံးသောအထောက်အပံ့ဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်စေဖို့အတွက်က အထူးတလည်ကြီးလုပ်ဆောင်ပေးစရာမလိုဘဲနေ့စဉ်လုပ်ဆောင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ပေးရင်းနဲ့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်စွမ်းကိုမြှင့်တက်အောင် အထောက်အကူပေးပါလိမ့်မယ်။

    ကလေးလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကမွေးကင်းစအရွယ်ကတည်းက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်မှုကိုတိုးတက်စေနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

    ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ

    ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့

    ရေချိုးချိန် –ရေချိုးချိန်မှာ ကလေးငယ်အတွက် သင်္ချာ နဲ့သိပ္ပံကို သင်ယူချိန်ပါပဲ။ ကလေးလေးတွေက ခွက်တစ်ခွက်ကနေ တစ်ခွက်ဆီကိုရေတွေလောင်းထည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလောင်းထည့်တာကနေ ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာလဲဆိုတာကို သင်ယူခွင့်ရစေနိုင်သလို ကမ္ဘာမြေဆွဲအား၊ရေထုထည်တွေနဲ့ပတ်သက်ပြီးလည်းလေ့လာခွင့်ရစေပါလိမ့်မယ်။ ဒါတွေက ကလေးငယ်အနေနဲ့ရရှိနိုင်မယ့် အစောပိုင်း သချာၤစွမ်းရည်ပါပဲ။ ကလေးကိုရေချိုးပေးရင်း ဆပ်ပြာတိုက်တဲ့အခါ ကလေးသီချင်းလေးတွေဆိုပေးပါ။ ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါလိမ့်မယ်။ရေသုတ်ပေးတဲ့အဝတ်ကို သုံးပြီး ကလေးနဲ့ တူဝါးကစားပေးပါ။ ဒီလိုကစားပေးခြင်းက ကလေးငယ်ကို အရာဝတ္ထုတစ်ခုက သူတို့မမြင်ရတော့ပေမယ့်လည်းရှိနေသေးတယ်ဆိုတဲ့ အသိကိုရရှိစေပါလိမ့်မယ်။

    ဈေးဝယ်ထွက်တဲ့ဆီခေါ်သွားပေးပါ –ဈေးဝယ်ထွက်တဲ့အခါ ကလေးကို တါန်းလှည်းလေးထဲထည့်ပြီးခေါ်သွားပေးပါ။ ကလေးကိုဈေးဝယ်တဲ့နေရာရဲ့ အနေအထား၊ရနံ့တွေနဲ့ဈေးဝယ်တဲ့အခါတွေ့ရတတ်တံါ ပစ္စည်းတွေရဲ့ ပုံပန်းသဏ္ဍာန်တွေကို ထိတွေ့ခွင့်ပေးလိုက်ပါ။ ဥပမာပြောပြရရင် ကလးကို ကီဝီသီးကို ကိုင်ကြည့်ခိုင်းပြီး လိမ္မော်သီးနဲ့ ကီဝီသီးဘယ်လိုကွာခြားတယ်ဆိုတာကိုပြောပြပေးပါ။ အရောင်တွေကိုပြောပြပါ။ ဝယ်ထားတဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေကို အိတ်ထဲထည့်တဲ့အခါရေတွက်ပြီးထည့်ပေးပါ။

    တူတူလမ်းလျှောက်ထွက်ပေးပါ –ကလေးတွေကို အပြင်ကိုလမ်းလျှောက်ခေါ်သွားတဲ့အခါ အရာတော်တော်များများကိုမြင်တွေ့ခွင့်ရစေ ပါလိမ့်မယ်။ကောင်းကင်၊သစ်ပင်တွေနဲ့ ငှက်လေးတွေကို လက်ညှိုးညွှန်ပြရင်း ဘာတွေလဲ၊ ဘယ်လိုခေါ်လဲဆိုတာမျိုးတွေပြောပြပေးပါ။ ဒီလိုမျိုး စကားလုံးလေးတွေပြောပြပေးတာက ကလေးရဲ့ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေပြီး သင်ယူနိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်။ ကလေးရဲ့စကားပြောနိုင်စေဖို့အတွက်လည်း သင်ယူခွင့်ရရှိစေနိုင်ပါတယ်။

    အိပ်ရာဝင်ချိန် –တစ်နေ့တာရဲ့ အဆုံးသတ်ချိန်ဖြစ်တဲ့ ညအိပ်ရာဝင်ချိန်မှာ အိပ်ရာဝင်ပုံပြင်ပြောပြပေးတာကလည်း မိဘတွေရဲ့ တာဝန်တစ်ခုပါ။ ဒါက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေနိုင်ပါတယ်။ ပုံပြင်တစ်ပုဒ်လုံးကို စ၊လယ်၊ဆုံးပြောပြပေးဖို့မလိုပါဘူး။ ညအိပ်ရာဝင်ချိန်က ကလေးငယ်နဲ့မိဘတွေကြားက သံယောဇဉ်ကို ခိုင်မာအောင်တည်ဆောက်ပေးတဲ့ပျော်ရွှင်စရာအချိန်လေးပါ။ မိဘနဲ့ ကလေးငယ်တို့ကြားမှာ သံယောဇဉ်အနှောင်ဖွဲ့နိုင်ဆုံးအချိန်က ကလေးတွေရဲ့သင်ယူနိုင်မှုအကောင်းဆုံးအချိန်ပါ။ အဲ့နောက်သူတို့ အိပ်ချင်စိတ်ဖြစ်လာပြီး အိပ်ပျော်သွားမယ်ဆိုရင် ဦးနှောက်ကလန်းဆန်းလာပြီးနောက်တစ်နေ့မှာ သင်ယူမှုတွေလုပ်ဖို့နဲ့တိုးတက်မှုတွေရရှိအောင်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

    ကိုယ်တိုင်လည်း စိတ်အာဟာရဖြည့်ပါ – ကလေးငယ်တစ်ယောက်ဖွံ့ဖြိုးဖို့ဆိုတာက ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးက မိဘရဲ့ အသိဉာဏ်ဘယ်လောက်ထိ ကြွယ်ဝလဲဆိုတဲ့အချက်နဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် မိဘကိုယ်တိုင်ကလည်း အသိဉာဏ်တိုးအောင်လုပ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို အသိဉာဏ်တိုးအောင်လုပ်တာက ကလေးငယ်ကိုပေးစွမ်းနိုင်တဲ့ အဖိုးတန်ဆုံးသောလက်ဆောင်ပါ။ မိမိကိုယ်တိုင်စိတ်ပါဝင်စားတာတွေကို အချိန်ပေးလုပ်ကိုင်တာက အသိဉာဏ်တိုးတက်အောင်လှုံ့ဆော်ပေးနိုင်တဲ့အပြင် ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးအတွက်လည်း အထောက်အကူရရှိစေနိုင်ပါတယ်။

    ချီးကျူးစကားဆိုပါ – ကလေးတွေကို ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုက ကလေးကို သူကိုယ့်သူတန်ဖိုးရှိတယ်သူလို့ထင်အောင်လုပ်ပေးဖို့ပါ။ သူတို့လးတွေရဲ့ စွမ်းဆောင်နိုင်မှု၊ ဒူပေတာပေခံနိုင်မှုနဲ့တိုးတက်မှုတွေကိုချီးကျူးပေးပါ။

    အပြန်အလှန်ကူညီဖေးမပေးပါ – မိဘတွေနဲ့ကလေးငယ်တွေကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ရပ်တည်ဆောက်တာ နဲ့ အပြန်အလှန်ဂရုစိုက်ဖေးမပေးတာက ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေဖို့နဲ့ သင်ယူနိုင်စွမ်းတိုးတက်စေဖို့အတွက် အဓိကကျတဲ့အချက်တစ်ခုပါ။ ကလေးကပြောပြတာတွေကိုဂရုတစိုက်နားထောင်ပေးပါ။ မိဘတွေအနေနဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်အောင်လုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးပြောတာကိုနားထောင်ပေးဖို့နဲ့ ကလေးမေးတာတွေကိုပြန်ဖြေပေးဖို့လည်း လိုအပ်ပါတယ်။ ဒီပြုအမူက ကလေးကို စိတ်အားထက်သန်မှုရရှိစေသလို သူတို့ရဲ့ သဘောထားကိုလည်းဖော်ပြခွင့်ရရှိစေနိုင်ပါတယ်။

    အာဟာရမျှတအောင်ကျွေးမွေးပါ – အာဟာရပြည့်ဝမှုကလည်း ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုကောင်းမွန်အောင်လုပ်ဆောင်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဉာဏ်ရည်ထက်မြက်စေဖို့အတွက် ကလေးငယ်ကို အဆီများတဲ့ငါး၊ဘလူးဘယ်ရီ၊ ခရမ်းချဉ်သီး နဲ့ ဖရုံစေ့လိုမျိုး အစားအစာတွေကျွေးမွေးလို့ရပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်ဝမျှတတဲ့ အစားအစာတွေကိုကျွေးတာကတော့ အကောင်းဆုံးသောနည်းလမ်းပါ။

    မွေးကင်းစနေ ၃ နှစ်အတွင်းမှာ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံဖြိုးမှုအများဆုံးဖြစ်ပေါ်နေချိန်ပါ။ ဒီကာလအတွင်းမှာ ဦးနှောက်က အလျင်အမြန် ကြီးထွားဖွံ့ဖြိုးနေတာကြောင့် ကလေးအရွယ်မှာ အာဟာရပြည့်ဝစွာကျွေးမွေးဖို့က အရမ်းအရေးကြီးပါတယ်။ အချိုများတဲ့အစားတွေနဲ့ပြုပြင်ထားတဲ့ အစားအသောက်တွေက ကလေးကိုဉာဏ်ထိုင်းစေနိုင်ပါတယ်။omega-3 fatty acids ကြွယ်ဝတဲ့အစားအသောက်တွေက ကလေးငယ်ရဲ့ သင်ယူမှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်ကိုပါတိုးစေနိုင်ပါတယ်။

    ကစားစရာအသစ်တွေနဲ့ပေးကစားပါ – လမ်းလျှောက်တတ်စအရွယ်ကလေးတွေကိုကစားစရာတွေ အမျိုးအစားအများကြီးနဲ့ပေးကစားတာက အသက် ၃ နှစ် နဲ့ ၄ နှစ်အရွယ်မှာအသိဉာဏ်တိုးတက်စေနိုင်ပါတယ်။ ကစားနေချိန်မှာ အရုပ်တွေကို အရောင်တူတွေ စုပေးတာ၊ ပုံစံတူတွေစုပေးတာမျိုးလုပ်ပေးပါ။ သူတို့ရဲ့ ကားရုပ်လေးတွေကို တစ်စုစုထားပြီး အကောင်လေးတွေကို တစ်စုစုထားပါ။ပြီးတဲ့နောက် အရုပ်အသစ်တစ်ရုပ်ပေးပြီး ဘယ်ဘက်ထဲထည့်မလဲ ဆိုတာကိုရွေးခိုင်းပါ။ ဒီလိုလုပ်ပေးတာက သူတို့ကို ပစ္စည်းတွေရဲ့ ကွဲပြားမှုကိုသိရှိစေနိုင်ပါတယ်။ အရုပ်တွေကို အသစ်ဝယ်ပေးဖို့လည်းမလိုအပ်ပါဘူး။ ရှိနေတဲ့ အရုပ်တွေကို အလှည့်ကျပေးကစားရမှာပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုအရုပ်အဟောင်းတွေကို ကလေးကိုအမြင်ဆန်းနေစေမှာပါ။

    စာဖတ်ခိုင်းပါ –စာဖတ်တာက ကလေးငယ်တွေအတွက် အရေးကြီးတယ်ဆိုတာကိုတော်တော်များများသိပြီးဖြစ်မှာပါ။ ကလေးကို ဘယ်အရွယ်မှာ စာဖတ်ပြတာက အရမ်းစောလွန်းတယ်လို့မရှိပါဘူး။ မိခင်ဗိုက်ထဲမှာရှိနေကတည်းက စာဖတ်ပြလို့ရနေပါပြီ။ ကလေးက အရမ်းငယ်တဲ့အရွယ်မှာ စာအုပ်တွေကို လွှင့်ပစ်တာ၊ စုတ်ဖြဲတာတွေလုပ်လို့ စိတ်မညစ်ပါနဲ့။ ဒါက သဘာဝပါ။

    အိမ်ရဲ့ နေရာအနှံ့မှာ စာအုပ်တွေ ထားရှိပေးလိုက်ပါ။ ကလေးတွေက မိဘတွေ စာဖတ်တာကို မြင်ရဖန် များလာတဲ့အခါ၊ စာအုပ်တွေကိုတွေ့ရပါများတဲ့အခါ စာဖတ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ အရေးအကြီးဆုံးတစ်ချက်က စာဖတ်တာကို အပန်းဖြေစရာ တစ်ခု အနေနဲ့ပဲ ဖတ်ခိုင်းပါ။ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စာဖတ်ခိုင်းတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ အတင်းအကျပ် စာဖတ်ခိုင်းတာမျိုးကိုလည်း ရှောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement