backup og meta

ကလေးများကို မျှမျှတတလုပ်ဆောင်တတ်စေရန် သွန်သင်ပေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများကို မျှမျှတတလုပ်ဆောင်တတ်စေရန် သွန်သင်ပေးခြင်း

    မျှမျှတတဖြစ်ခြင်းသည် လူများနေ့စဉ် ဆက်ဆံကြရာ၌ လိုအပ်သောအရာဖြစ်ပြီး ကလေးများအားလုံး သိထားရမည့် အရာဖြစ်ပါသည်။ မျှတခြင်းဆိုသည်မှာ သူ့အလှည့် ကိုယ်အလှည့်ပေးခြင်း၊ မျှဝေသုံးစွဲခြင်း၊ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း၊ တခြားသူများစကားကို နားထောင်ပေးခြင်း၊ ပြဿနာတစ်ခုအား အဖက်ဖက်မှသုံးသပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

    ကလေးတစ်ဦးအား မျှတစွာ လုပ်ဆောင်တတ်စေရန် သင်ပေးခြင်းသည် ကိုယ်ကျင့်တရား ကောင်းမွန်စေသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

    မျှတမှုနှင့် ဦးနှောက်

    စိတ်ခံစားမှုကို အကူအညီပေးသည့် ဦးနှောက်တွင်းမှ ဓါတုပစ္စည်းတစ်ခုဖြစ်သော စီရိုတိုနင်သည် တရားမမျှတမှုကို မျက်မြင်တွေ့ရှိရာတွင် စိတ်ထဲစနိုးစနှောင့်ဖြစ်အောင် ဆောင်ရွက်သည်ဟု ထင်ရပါသည်။ သုတေသနများ၌ မမျှတများကို ကျွန်တော်တို့ တုန့်ပြန်သည့်အခါ စီရိုတိုနင် ကျသွားကြောင်း သက်သေပြထားပါသည်။

    တစ်ခြားတစ်ဖက်မှကြည့်လျှင်လည်း ကျွန်တော်တို့၏ တရားမျှတမှုအပေါ် ခံစားချက်များသည် ကိုယ်သိထားခဲ့သည့် လူမှုရေးရာစည်းမျဉ်များပေါ် မမှီခိုကြောင်း ဆိုလိုပါသည်။ ၎င်းသည် ကျွန်န်ုပ်တို့ဦးနှောက်၏ ကျေနပ်မှုအပေါ် တုန့်ပြန်သည့်မရှိမဖြစ်ပုံစံတစ်ခုလည်း ဖြစ်ပါသည်။ အနှိမ်ခံရသူတွေကို အနိုင်ရစေချင်ကြသည်ပဲ မဟုတ်ပါလား။

    ကလေးငယ်များကို မျှတမှုအကြောင်း သင်ကြားသည့်အခါ အကျိုးရရှိနိုင်မည့် အကြံပြုချက်များကို ဖော်ပြထားပါသည်။

    ဘဝ၌ ကလေးများအတွက် စံပြကောင်းဖြစ်စေရန် ကြိုးစားပါ။ မိဘများသည် ကလေးများ၏ လက်ဦးဆရာ၊ မိဘလုပ်သမျှကို ကလေးများက တစ်ခုမကျန် မှတ်သားနေမည်ဖြစ်ပါသည်။ တခြားသူများအပေါ် မိဘများက မျှမျှတတဆက်ဆံလျှင် ကလေးများကလည်း မိဘများ၏အပြုအမူကို အတုလိုက်ခိုးပါလိမ့်မည်။ လူတိုင်းကို မျှတစွာဆက်ဆံလိုက်ပါ။

    မိသားစုတွင်း၌ မျှတမှုကိုသာ ဦးစားပေးပါ။ ဘဝ၌ ဘောင်များ ကန့်သတ်ချက်များရှိကြောင်း ကလေးများကိုသင်ကြားနိုင်ရန် စည်းကမ်းများကို နေရာတကျ ချထားပေးပါ။ ကလေးများ ရင့်ကျက်လာသည့်အခါ အသက်နှင့် ကလေးဖွံဖြိုးမှုပေါ်လိုက်ပြီး သင့်တော်သည့် စည်းကမ်းများကို ပြောင်းလဲပေးရပါမည်။

    ကလေးလယ်ဗယ်ကိုလိုက်ပြီး နားထောင်ပေးမှ ကလေးက မိဘများ သူ့ကိုနားထောင်နေကြောင်း သိမည်ဖြစ်သည်။ ကလေးများကို နားထောင်ပေးပါက သူတို့သည် အရေးပါကြောင်း သဘောပေါက်မည်ဖြစ်ပြီး တခြားသူများ ပြောသည်ကို နားထောင်ပေးတတ်ပါလိမ့်မည်။ ကလေးများကို တိုက်ရိုက်ကြည့်ပြီး ပြောပါ။

    မျှတစွာပြုမှုခြင်းကို ကျင့်သားရစေရန်အတွက် အခွင့်အရေးများကို ဖန်တီးပေးပါ။ မုန့်ပဲသွားရေစာများကို မောင်နှမချင်းချင်း ဝေစားဖို့ပြောပါ။ ကိုယ်ကြိုက်တာကို မရွေးချယ်ခင် တခြားသူများကို ဦးစားပေးဖို့ သင်ပေးပါ။ ရွယ်တူများနှင့် ဆော့ကစားသည့်အခါ မျှတမှုကို သင်ကြားပေးရန်အတွက် အခွင့်အရေး ပိုရစေနိုင်ပါသည်။

    ဇာတ်ကားများ၊ ကလေးဖတ်စာအုပ်များနှင့် သူတို့လက်တွေ့ဘဝတွင် မျှတခြင်း မမျှတခြင်း အပြုအမူများကို ရှာဖွေပေးပါ။ ထိုအကြောင်းများကို ကလေးနှင့်အတူ ဆွေးနွေးပါ။ “သူ အဲလိုလုပ်မယ့်အစား ဘယ်လိုလုပ်သင့်လဲ” ဆိုသည့် မေးခွန်းမျိုးများနှင့် ဆွေးနွေးခြင်းက ကလေးများကို မျှတခြင်းအကြောင်း တွေးနိုင်ဖို့ရာ အားပေးအားမြှောက် ဖြစ်နိုင်ပါသည်။

    ကလေးများ မှန်ကန်စွာ လုပ်ဆောင်တတ်မှု ရှိမရှိ လေ့လာပါ။ သင်သတိထားမိကြောင်း သူတို့ကို အသိပေးပါ။ တခြားသူများအပေါ် မျှမျှတတ ဆက်ဆံနေကြောင်းတွေ့လျှင် ကလေးကို ကျေးဇူးတင်ကြောင်း လေးစားကြောင်း ပြသပါ။ သူတို့လုပ်ပုံသည် မျှတကြောင်း၊ မိဘများက သားသမီးများ လိမ္မာသည့်အခါ ဘယ်လောက် စိတ်ချမ်းမြေ့ရကြောင်း ပြောပေးပါ။

    ကလေးများနှင့် ကစားပေးပါ။ မျှတမှုအရည်အချင်းများကို သင်ကြားပေးနိုင်မည့် ကစားနည်းများကို ကစားပါ။ အနိုင်အရှုံးနှင့် ပါတ်သတ်လာသည့်အခါ အားကစားစိတ်ဓါတ် ရှိရမည့်ပုံကို ပြသပေးပါ။ ကစားနေစဉ် ကလေးများကလည်း တခြားသူများကို ကြည့်ပြီး လေ့လာသင်ယူနိုင်ပါသည်။

    မိဘများမှ ကလေးများကို မျှတစွာ ဆောင်ရွက်တတ်စေရန် ပုံသွင်းသင်ကြားသည့်အခါ တန်ဖိုးရှိသည့် အကျင့်သီလကို ထူထောင်ပေးနေခြင်းဖြစ်ပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement