backup og meta

ကလေးများ လူကြားထဲတွင် အပြုအမူဆိုးများပြုလုပ်ခြင်းကို ပြုပြင်သွန်သင်ဖို့ နည်းလမ်း (၁၀) သွယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ လူကြားထဲတွင် အပြုအမူဆိုးများပြုလုပ်ခြင်းကို ပြုပြင်သွန်သင်ဖို့ နည်းလမ်း (၁၀) သွယ်

    လူလယ်ခေါင်မှာ ကလေးကိုအော်ဟစ်နေတဲ့ မိဘမျိုးကို သင်တွေ့ဖူးပါသလား။ ဒါဟာ မြင်ရသူတိုင်းအတွက် စိတ်မချမ်းမြေ့စရာပါပဲ။ အကယ်၍ သင်ဟာသင့်ရဲ့ကလေးကို လူလယ်ခေါင်မှာ ဆူပူတတ်တဲ့မိဘမျိုးဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကလေးလူလယ်ခေါင်မှာ အပြုအမူဆိုးတွေ ပြုလုပ်တဲ့အခါ သွန်သင်ဖို့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

    ၁။ အပြစ်တစ်ခုခု ပြုလုပ်နိုင်သည့်နေရာမှ ခေါ်ထုတ်သွားခြင်း

    သင့်ရဲ့ကလေးဟာ ဆိုးသွမ်းတဲ့ အပြုအမူတွေကို ပြုလုပ်နေပြီဆိုရင် အဲဒီနေရာကနေ လူရှင်းတဲ့နေရာကို သင့်ကလေးကိုခေါ်သွားဖို့လိုပါတယ်။ ဒါဟာ သင့်ရဲ့ပတ်ဝန်းကျင်ကိုလည်း ဆူဆူညံညံမဖြစ်စေသလို သင့်ရဲ့ကလေးကို ပြောဆိုဆုံးမဖို့လည်း ပိုပြီးလွယ်ကူသွားပါလိမ့် မယ်။ ကလေးတွေ ဒေါသထွက်နေပြီဆိုရင် သူတို့ရဲ့မိဘတွေကို ဆန့်ကျင်လာကြပါတယ်။ သင့်ရဲ့ကလေးကို အဝေးကိုခေါ်ဆောင်သွားခြင်းဟာ သူတို့ပတ်ဝန်းကျင်က ပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့ သူတို့ကိုသူတို့နာကျင်အောင် လုပ်ခြင်းမှ လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် သူတို့ကိုဈေးဝယ်စင်တာထဲကနေ အပြင်ကို ခေါ်ဆောင်သွားခြင်းဟာ စင်တာထဲက ပစ္စည်းတွေကို လျှောက်ကန်နေခြင်းမှ လည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

    ၂။ သင့်ရဲ့ဒေါသကိုထိန်းချုပ်ပါ

    ဒါဟာ သင့်ရဲ့ကလေးကိ ုသွန်သင်ဆုံးမဖို့ အခွင့်အရေးပဲဆိုတာ သင့်ကိုယ်သင်သတိပေးပါ။ သူတို့ဟာအမှားတွေကို မကြာခဏလုပ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘာလုပ်လိုက်သလဲဆိုတာ နားမလည်သေးလို့ပါပဲ။ ဒါကြောင့် သင့်ရဲ့ဒေါသကိုထိန်းချုပ်ပြီး လူကြားထဲမှာကလေးကို မအော်မိအောင် ဆင်ခြင်ရပါမယ်။

    ၃။ ပုံမှန် အသံနေအသံထားနဲ့ပဲ ပြောဆိုပါ

    သင့်ရဲ့ ကလေးအမှား ပြုလုပ်နေတာကို သင်ဟာအားပေးနေတာမဟုတ်ဘူး ဆိုတာကိုသူသိပါစေ။ မိဘတော်တော်များများကတော့ အသံတိုးတိုးညင်ညင် သာသာနဲ့ ဆုံးမတာဟာ ထိရောက်တာကိုတွေ့ရပါတယ်။ ဒီလိုအသံမျိုးနဲ့ ဆုံးမခြင်းဟာ သူတို့ရဲ့ အပြုအမှုတွေကို ရပ်တန့်စေပြီး ကိုယ်ပြောတာ မှန်ကန်အကျိုးရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။

    ၄။ ပညာရှိစွာ ပြုမူပြောဆိုပါ

    အခြေအနေ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော အဖြေဆိုတာ မရှိပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး သင့်ကလေးရဲ့ စရိုက်လက္ခဏာအပေါ် မူတည်ပြီး ဖြေရှင်းပါ။ တချို့ကလေးတွေဟာ သူတို့လိုချင်တာကို ဘာလို့ ချက်ချင်း မရလဲဆိုတာကို အကျိုးသင့် အကြောင်းသင့် ရှင်းပြတာကို ကောင်းကောင်း လက်ခံကြပါတယ်။ တစ်ချို့ကတော့ ဘာဖြစ်သွားတယ်ဆိုတာရယ် ရလဒ်အနေနဲ့ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာရယ်ကို လိုရင်း တိုရှင်းရှင်းပြတာကိုပိုပြီး နားဝင်လွယ်ပါတယ်။

    ၅။ အချိန်အနည်းငယ်ကြာအောင် စောင့်ဆိုင်းအနားယူစေခြင်း

    အချိန်အနည်းငယ်ကြာအောင် စောင့်ဆိုင်းအနားယူစေလိုက်ခြင်းဟာ သင့်ကလေးအတွက် အကျိုးရှိစေပါတယ်။ ဒီလိုအနားယူနေတဲ့အချိန်မှာ သူတို့ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ပြန်လည်ဆန်းစစ်နိုင်ပါတယ်။ မိုက်ခရိုဝေ့ဖ် မီးဖိုနဲ့ ချက်ပြုတ်ရင်တောင်မှ ချက်ပြုတ်တဲ့အရာတွေ ကျက်သွားဖို့ အချိန်တစ်ခုလိုတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ အရာရာတိုင်းမှာ ရလဒ်ကောင်းရဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။

    ၆။ ကလေးရဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းလိုက်ပါ

    အရွယ်ကြီးတဲ့ ကလေးတွေအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်ပေးရမယ်ဆိုရင်တော့ သူတို့ရဲ့ အခွင့်ထူးတွေကို ခေတ္တရုပ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ သင့် ကလေးတွေရဲ့ အခွင့်အရေးတွေကို စာရင်းပြုလုပ်ထားပါ။ အဲဒါတွေကတော့ တီဗီကြည့်ခြင်း၊ သရေစာစားခြင်း ၊ သင်ခန်းစာများ (သို့) အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။ ထိုသို့ အခွင့်အရေးထူးများကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် သူတို့သည် အပြုအမူဆိုးများကို လွယ်လင့်တကူ ပြုလုပ်ရဲမည် မဟုတ်တော့ပေ။

    ၇။ အိမ်မှာသင့်ရဲ့စည်းကမ်းကို လိုက်နာပါစေ

    သင့်ရဲ့ သမီးဟာ ဖုန်းနားကမခွာတာမျိုး၊ သင့်သားဟာ တီဗီက ဘောလုံးပွဲတွေက အလွန်အကျွံးကြည့်နေတာမျိုး တို့ အတွက် သင်ဟာ အိမ်စည်းကမ်းထုတ်ပြီး တင်းကျပ်ခြင်း၊ အပြစ်ပေးခြင်းတို့ ပြုလုပ်ပြီး ထိန်းနိုင်ပါတယ်။

    ၈။ အခြားတစ်ယောက်ကိုအကူအညီတောင်းပါ

    အကယ်၍သင့်ရဲ့ကလေးဟာ သင့်စကားကိုနားမထောင်ဘူးဆိုရင် တစ်ခြားတစ်ယောက်ရဲ့စကားကိုတော့ နားထောင်ကောင်း ထောင်နိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဇနီး၊ခင်ပွန်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်သင့်ပါတယ်။ သူတို့ဟာကလေးကိုမှန်ကန်တဲ့ အတွေးအမြင်တွေရအောင် အကူအညီပေးကောင်းပေးနိုင်ပါတယ်။

    ၉။ မိသားစုဝင်တွေအားလုံး တွေ့ဆုံကြဖို့အချိန်တစ်ခု ပေးသင့် ပါတယ်။

    မိသားစုတွေ့ဆုံပွဲတစ်ခု လုပ်ပြီးတော့ တချို့အခြေခံစည်းမျဉ်း စည်းကမ်းတွေကို လိုက်လျောစေဖို့လိုပါတယ်။ ဥပမာ သင့် ရဲ့အိမ်ထဲမှာ တစ်စုံတစ်ယောက်ကိုမုန်းကြောင်းပြောခြင်း၊ ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်အောင်လုပ်ခြင်း၊ ခွန်းတုံ့ပြန်ပြောခြင်းတို့ ကို တားမြစ်တဲ့ စည်းကမ်းတွေ ထုတ်နိုင်ပါတယ်။

    ၁၀။ တည်ငြိမ်ခြင်းဟာလည်း သော့ချက်တစ်ခုပါ

    တည်ငြိမ်နေဖို့ အလွန် အရေးကြီးပါတယ်။ တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားပါ။ ကလေးအများစုဟာ တစ်ပတ်ကို အနည်းဆုံးတစ်ခါတော့ သင့်ကိုစမ်းသပ်တတ်ပါတယ်။ တစ်ချို့ကတော့ တစ်ပတ်တစ်ခါထက်ပိုပြီး စမ်းသပ် တတ်ကြပါတယ်။ သင့်ရဲ့ဒေါသကိုမြိုသိပ်ထားလိုက်ပါ။ သင့် ကိုယ်သင် တီဗီကပြနေတဲ့ ဘောလုံးပွဲထဲက ဒိုင်လူကြီးတစ်ယောက်လို့ သဘောထားကြည့်လိုက်ပါ။ သင်ဟာ ကလေးတွေ စည်းကမ်း ချိုးဖောက်ခြင်းကို ဒိုင်တစ်ယောက်၏ တည်ငြိမ်သောစိတ်မျိုး နဲ့ဒေါသမပါဘဲ ဖြေရှင်းဖို့ ကြိုးစားပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement