backup og meta

ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်

    ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ သမုဒ္ဒရာခရီးတစ်ခုပါပဲ။ ပြင်းထန်တဲ့မုန်တိုင်းတွေ၊ လှိုင်းကြမ်းတွေနဲ့ တစ်ခါတလေတော့လည်း နေသာသာနဲ့ ငြိမ်းချမ်းတဲ့ အရသာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုပါ။ စိတ်တူကိုယ်တူ လက်တွဲဖော်ရှိရင်တောင် ဒါဟာအတော်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဒီအလုပ်ကို လုပ်ရတော့မယ်ဆိုရင်တော့ ခက်ခဲမှုက နှိုင်းဆလို့မရတဲ့ အခြေအနေထိ မြင့်တက်သွားပါပြီ။

    ကမ္ဘာတစ်လွှားက မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ကြပါတယ်။ နှစ်ယောက်လှော်ရမယ့်လှေကို သင်တစ်ယောက်တည်း လမ်းပြ တစ်ယောက်တည်းလှော်နေရလို့ မိဘအုပ်ထိန်းမှုဆိုတဲ့ ရေယဉ်ကြောကြီးကို သင်မဖြတ်သန်းနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အောက်ပါအချက်တွေက သင့်ရဲ့ခရီးလမ်း ဖြောင့်ဖြူးချောမွေ့စေဖို့ ကူညီနိုင်ပါလိမ့်မယ်။

    ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။

    အဆင့်မြင့် ဇိမ်ခံ spa တွေသွားတာက တကယ်ကို ကောင်းမွန်တယ်ဆိုပေမယ့် မိဘနေရာရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဆိုတဲ့စကားက သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းတာထက် ပိုလာပါပြီ။ တကယ်လို့များ သင့်ကို သတိပေးမယ့် လက်တွဲဖော်မရှိတော့ဘူးဆိုရင်တော့ ဒီအရာတွေအားလုံးကို အလွယ်တကူ ဥပေက္ခါပြုထားနိုင်စရာပါပဲ။

    အင်အားပေါင်းစည်းပါ။

    ဘဝတူဖြစ်နေတဲ့ အဖေတွေ၊ အမေတွေကို လိုက်ရှာတာက သင့်ဘဝရဲ့ ကယ်တင်ရှင် ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီလိုလူတွေရှာဖို့ ခက်ခဲနေတယ်ဆိုရင် တစ်ကိုယ်တည်းမိဘတွေကို ထောက်ပံ့ပေးတဲ့ အသင်းအဖွဲ့တွေထဲ ဝငပါ။ လူမှုကွန်ယက် တွေထဲလျှောက်ကြည့်ပါ။ Facebook ကိုမွှေပါ။ ဒါမှမဟုတ် ဖခင်များအဖွဲ့တွေဘာတွေထဲဝင်ပါ။ YMCAတွေ ဘုရားကျောင်းတွေကိုသွားပြီး သင့်ပတ်ဝန်းကျင်မှာ သင့်လိုလူတွေရှိလား ရှာဖွေပါ။ တကယ်လို့ ဘယ်အဖွဲ့အစည်းမှ မရှိနေဘူးဆိုရင် သင်ကိုယ်တိုင် ဖန်တီးပါ။

    အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပါ။

    ခိုင်မာတဲ့ အသိုင်းအဝိုင်းတစ်ခုဟာ သင့်ရဲ့ခံစားချက်တွေကို ဖြေသိမ့်ပေးနိုင်မှာဖြစ်ပြီး သင့်အတွက်နေရာတစ်ခုရစေတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါတွေဟာ တစ်ကိုယ်တည်းအစွမ်းနဲ့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရမယ့် မိဘတစ်ယောက်အတွက် အလိုအပ်ဆုံးကုစားမှုတွေပါပဲ။

    အခြားတစ်ကိုယ်တည်းမိဘတွေအပေါ် အာရုံစိုက်တာတစ်ခုတည်း မလုပ်ပါနဲ့။ သင့်ရဲ့ဝန်းကျင်အသိုင်းအဝိုင်းလေးက ပိုပြီးစုံလင်လာလေလေ ပိုပြည့်စုံလာလေလေပါပဲ။ တကယ်လို့သင်က တစ်ကိုယ်တည်း သီးသန့်နေတတ်သူဆိုရင်တော့ ဒီအသိုင်းအဝိုင်းဖန်တီးဖို့ဆိုတာ ခက်ခဲနေပါလိမ့်မယ်။

    သင့်ကိုယ်သင် လူမှုဆက်ဆံရေးမှာ ဝင်ဆန့်နိုင်ဖို့လည်း တိုက်တွန်းရပါလိမ့်မယ်။ ဥပမာ ဘုရားကျောင်းသွားတာမျိုး၊ အားကစားအဖွဲ့တွေမှာ ပါဝင်တာမျိုး ဒါမှမဟုတ် သင်နေတဲ့ နေရာတစ်ဝိုက်မှာ ရှိတဲ့ စာကြည့်တိုက်တွေကို အပတ်စဉ်တိုင်း သွားတာမျိုးလုပ်ကြည့်ပါ။ သူစိမ်းတွေနဲ့ တွေ့ဆုံတာဟာ သင့်လေ့ကျင့်မှုအတွက် အများကြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။

    အကူအညီယူပါ။

    သင်က အဖေတစ်ခု သားတစ်ခု ဘဝမှာပျော်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ အရာရာတိုင်းကို ကိုယ်ကိုယ်တိုင်ပဲ အမြဲတမ်းဆောင်ရွက်ရမယ်။ ဘယ်သူ့အကူအညီမှ ယူစရာမလိုဘူး ရယ်လို့ တွေးထားမိမှာပါပဲ။ ဒါပေမဲ့ ဒါဟာ သင့်အတွက်လည်း အကူအညီလိုအပ်နေမြဲပါပဲဆိုတဲ့ အချက်ကို ပြောင်းလဲမပေးနိုင်ပါဘူး။

    အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

    တကယ်လို့များ ညသန်းခေါင်ယံကြီးမှာ သင့်ကလေးက ဖျားနာခဲ့ပြီး သင့်မှာ Ibuprofen လိုဆေးတွေ ကုန်နေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း အဖျားရှိနေပြီး(နေမကောင်းဖြစ်နေပြီး) သင့်ကလေးကို မပြုစုနိုင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီလိုအခြေအနေမျိုးမှာ လူကြီးတစ်ယောက်မှအိမ်မှာရှိမနေဘူးဆိုရင် သင်ဘာလုပ်သင့်သလဲ။

    ဒီလိုအခြေအနေအတွက် ပြင်ဆင်ထားဖို့က မရှိမြဖ်လိုအပ်ပါတယ်။ တကယ်လို့များ သင်နေတဲ့ နေရာတစ်ဝိုက်မှာ အရေးပေါ်အခြေအနေမျိုးအတွက် ကလေးထိန်းနေရာတွေရှိမလားဆိုတာ စုံစမ်းပါ။ ဒီလိုနေရာမျိုးတွေဟာ ဈေးကြီးတာမျိုးဖြစ်နိုင်ပေမယ့် အကူအညီတော့ အလျင်အမြန်ပေးနိုင်ပါလိမ့်မယ်။

    ထပ်ပြောရရင်တော့ ဒီလိုအခြေအနေတွေအတွက် သင်အကူအညီတောင်းခံနိုင်မယ့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို “အရေးပေါ် စာရင်း” ထဲသွင်းထားပါ။

    ကလေးစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိနေပါစေ။

    ကလေးထိန်းတဲ့နေရာမှာ ရိုးရိုးကြီးထိန်းနေမယ့်အစား သမားရိုးကျအကြံဉာဏ်တွေထဲက ခွဲထုတ်ပြီး ကလေးနဲ့ကိုယ့်ကြားထဲမှာ ကွန်ယက်တစ်ခုကို ဖန်တီးပျိုးထောင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement