backup og meta

ကလေးငယ်၏ ကြီးထွားနှုန်းကို သက်ရောက်စေနိုင်သော အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်၏ ကြီးထွားနှုန်းကို သက်ရောက်စေနိုင်သော အချက်များ

    သင့်ကလေးကို ပန်းခြံတွေကိုခေါ်ပြီးကစားခိုင်းတဲ့အချိန်မျိုးတွေမှာ အခြားကလေးငယ်တွေနဲ့ သင့်ကလေးရဲ့ အရွယ်အစားချင်းနှိုင်းယှဉ်မိတာမျိုး ဒါမှမဟုတ် အခြားသောသူ့အတန်းဖော်သူငယ်ချင်းတွေ သို့မဟုတ် အားကစားအသင်းကသူငယ်ချင်းတွေနဲ့ သင့်ကလေးရဲ့အရွယ်အစားကို နှိုင်းယှဉ်လိုက်ရင်ဘာကြောင့် သင့်ကလေးကပိုသေးနေတာလဲဆိုပြီးတွေးမိတာမျိုး ဖြစ်ဖူးပါသလား။

    ကလေးရဲ့ကြီးထွားနှုန်းကို ဘာတွေက အကျိုးသက်ရောက်စေတာလဲ။

    ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်နိုင်တဲ့အချက်တွေကိုလေ့လာနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေက အုပ်စုလေးခုခွဲလိုက်ပါတယ်။

  • ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ : အိမ်ရာ၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း နဲ့ အာဟာရ။
  • ဇီဝဗေဒဆိုင်ရာအချက်များ : မျိုးရိုး၊ လူမျိုး၊ လိင်၊ အထွေထွေကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ သင့်ကလေးမှာရှိတတ်တဲ့ အခြားသော ကျန်းမာရေးဆိုင်ရာအလေ့အထများ၊ ဟော်မုန်း
  • လူမှုဆက်ဆံရေး : သင့်ကလေးနဲ့ အခြားကလေးတွေကြားဆက်ဆံရေး၊ မိဘအုပ်ထိန်းမှုပုံစံ၊ လူမှုကွန်ယက်များ
  • အစောပိုင်းပတ်ဝန်းကျင်နဲ့ အတွေးအကြုံများ : ဒါကတော့ သင့်ကလေးဟာ သူမွေးပြီးအစောပိုင်းလတွေမှာ ဘယ်လိုလှုံ့ဆော်မှုတွေနဲ့ ဘယ်လောက်များမျာထိတွေ့ခဲ့သလဲဆိုတာကို ကိုယ်စားပြုပါတယ်။ ဒီမှာတော့ အများအားဖြင့် အထိအတွေ့၊ အနံ့၊အရသာ၊အမြင်နဲ့ အကြားစတဲ့ အာရုံအသစ်တွေကို သင်ယူခြင်းတွေလည်းပါဝင်နေပါတယ်။
  • အဆိုပါအချက်တွေမှာ အချို့သောအချက်တွေဟာပြောင်းလဲနိုင်ပေမယ့် အချို့ကတော့ ပြောင်းလဲလို့မရပါဘူး။ ဒီအချက်တွေထဲက အတော်များများက ကလေးရဲ့ကြီးထွားမှုနဲ့ အရပ်အမြင့်ဘယ်လောက်ရှိနိုင်တဲ့အပေါ် သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ မိသားစုရာဇဝင်ကလည်းအလွန်ကိုအရေးကြီးပြီး နောက်ဆုံးအရပ်အမြင့်ကို မိခင်နဲ့ဖခင်ရဲ့အရပ်တွေကနေပြီး အနီးစပ်ဆုံးခန့်မှန်းလို့ရပါတယ်။ အာဟာရမပြည့်စုံခြင်းနဲ့ ပြင်းပြင်းထန်ထန် သို့မဟုတ် နာတာရှည်ရောဂါဖြစ်ခြင်းတွေကလည်း ကြီးထွားမှုကိုနှောင့်နှေးစေပြီး မျိုးရိုးနဲ့ ဇီဝဖြစ်စဉ်မမှန်တာတွေကလည်း အရပ်ပုခြင်းနဲ့ ဆက်နွယ်နေတတ်ပါတယ်။ နောက်ဆုံး သိုင်းရွိုက်ဟော်မုန်းနဲ့ ကြီးထွားစေတဲ့ဟော်မုန်း (growth hormones)တွေချို့တဲ့ခြင်းတွေကလည်း ကြီးထွားမှုကို သိသိသာသာနှောင့်နှေးစေပါတယ်။

    မျိုးရိုး

    မျိုးရိုးဗီဇဟာ လူမှုဆက်ဆံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဍာန်တွေကို မိဘထံမှ သားသမီးဆီလက်ဆင့်ကမ်းတဲ့အခါ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မျိုးရိုးဟာ မတူညီကွဲပြားတဲ့ ဖွံ့ဖြိုးကြီးထွားမှုပုံစံအမျိုးမျိုး၊ ဥပမာ-သဘာဝစွမ်းရည်တွေ၊ ဉာဏ်ကောင်းမှု၊ ခန္ဓါကိုယ်ဖွဲ့စည်းပုံ၊ အလေးချိန်၊ အရပ်အမြင့် နဲ့ မျက်လုံးနဲ့ဆံပင်အရောင်တွေ စတာတွေအပေါ် လွှွှမ်းမိုးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက မျိုးရိုးဗီဇ ၇ခု နဲ့ ၂၀ကြားဟာ လူသားတွေရဲ့ကြီးထွားမှုပေါ်သက်ရောက်နိုင်ပြီး မိသားစုတစ်ခုတည်းမှာရှိတဲ့ ကလေးတွေရဲ့ကြီးထွားမှုပုံစံတွေကိုပြောင်းလဲနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

    လူမှုစီးပွားရေး

    မတူညီတဲ့လူမှုစီးပွားရေးအဆင့်အတန်းရှိတဲ့ ကလေးတွေဟာ ကြီးထွားနှုန်းလည်းမတူညီကြပါဘူး။ ပိုပြီးအဆင့်မြင့်တဲ့မိသားစုတွေက ကလေးတွေက ပိုပြီးကောင်းမွန်တဲ့အကျိုးတွေရနိုင်ပါတယ်။ ဒါဟာ အဓိကအားဖြင့်တော့ ပိုကောင်းတဲ့ အထောက်အပံ့တွေ၊ အာဟာရတွေ၊ လေ့ကျင့်ခန်းတွေနဲ့ ပုံမှန်အစားအစာတွေကြောင့်ပါပဲ။ အလားတူပဲ ကြီးထွားမှုနှုန်းဟာ ဝင်ငွေနည်းကြတာချင်းအတူတူဆိုရင်တောင် မိသားစု အနည်းအများပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။

    ဟော်မုန်းများ

    Endocrine ဂလင်းတွေက သွေးကြောတွေထဲကို မတူညီတဲ့ဟော်မုန်းတွေထုတ်လွှတ်ပေးပြီး ခန္ဓါကိုယ်လှုပ်ရှားမှုအဆင့်တွေအားလုံး အနည်းဆုံးတော့ ခန္ဓါကိုယ်ရဲ့အချို့သော အင်္ဂါအစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက်တွေကို လျှော့ချတာမျိုး သို့မဟုတ် တိုးလာတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းထုတ်လွှတ်မှုတွေမှာ တစ်ခုခုပြောင်းလဲခဲ့ရင်လည်း ကြီးထွားမှုပေါ်မှာ တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။ အချို့သောဟော်မုန်းတွေမရှိခဲ့ရင် ခန္ဓါကိုယ်ကလည်း ကြီးထွားဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဟော်မုန်းကလည်း ကြီးထွားမှုကိုသက်ရောက်စေတဲ့အချက်တွေထဲမှာ သေချာပေါက် ပါနေရတာပါ။

    အာဟာရ

    လုံလောက်တဲ့ ကယ်လိုရီတွေနဲ့ အာဟာရဓါတ်တွေ မရနိုင်ဘူးဆိုရင် လူ့ခန္ဓါကလည်းပုံမှန်အတိုင်းကြီးထွားနိုင်မှာမဟုတ်ပါဘူး။ မတူညီတဲ့အဆင့်တွေမှာ သင့်ရဲ့လိုအပ်ချက်တွေကလည်း အမျိုးမျိုးပြောင်းလဲနိုင်ပေမယ့် ဒါကတော့ ကြီးထွားဖွံ့ဖြိုးမှုအားလုံးပေါ်မှာ လွှမ်းမိုးမှုရှိနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများဟာ အာဟာရချို့တဲ့မှုကို ကျော်ဖြတ်နိုင်အောင်ကြိုးစားနေကြပြီး ဒါကသူတို့အတွက်တော့ ကြီးမားတဲ့ပြဿနာကြီးတစ်ခုပါပဲ။ ဒီလိုနေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အလေးချိန်မပြည့်တာနဲ့ ပျမ်းမျှရှိသင့်တဲ့အရပ်ထက်ပိုပုနေတာမျိုးတွေ အဖြစ်များကြပါတယ်။ ကြီးထွားခြင်းလုပ်ငန်းစဉ်တွေဟာ ကလေးငယ်တွေအာဟာရချို့တဲ့နေတဲ့အခါမျိုးမှာ ပိုပြီးထိခိုက်တတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းကတော့ ကလေးငယ်တွေမှာ မတူညီတဲ့ အမိုင်နိုအက်ဆစ်၉မျိုးကို လိုအပ်ပေမယ့် သူတို့ကို အားလုံးအလုံအလောက်ပြည့်ဝစွာမရရှိနိုင်လို့ဖြစ်ပါတယ်။ အိုင်အိုဒင်း၊ ဇင့်၊ ဖော့စဖောရပ်၊ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေ တစ်ခုခုလိုအပ်နေတာမျိုးဖြစ်ရင်လည်း ကြီးထွားမှုအတွက် အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။

    ညစ်ညမ်းမှု

    လေထုညစ်ညမ်းမှုဟာ အသက်ရှူအင်္ဂါအစိတ်အပိုင်းတွေကို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေပြီး ဒါကလည်း ကြီးထွားမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းညစ်ညမ်းမှုတွေကလည်း လူတွေကို အလွန်အမင်းနာမကျန်းဖြစ်စေနိုင်ပါတယ်။ ဒီညစ်ညမ်းမှုတွေကလည်း ကြီးထွားနှုန်းအတွက် အနှောက်အယှက်တွေဖြစ်စေနိုင်ပါတယ်။ ဥပမာပြောရရင် ခဲဆိပ်သင့်ခြင်းကလည်းကလေးတွေအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ခဲဓါတ်ဟာ ခန္ဓါကိုယ်ထဲဝင်ရောက်နိုင်ပြီး ဦးနှောက်နဲ့ အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။ နာမကျန်းဖြစ်ခြင်းဟာ ကြီးထွားခြင်းကို အနှောက်အယှက်ဖြစ်စေတဲ့အချက်တွေထဲက တစ်ခုဖြစ်နေပါတယ်။ မွေးကင်းစအရွယ်မှာ ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်ခဲ့တဲ့ကလေးတွေဟာ အခြားသော ကျန်းမာရေးကောင်းခဲ့တဲ့ကလေးငယ်တွေနဲ့ယှဉ်ရင် ကြီးထွားနှုန်းက ပိုပြီးနှေးကွေးတာကို တွေ့ရမှာပါ။

    လူမျိုး

    လူမျိုးဆိုင်ရာ အချက်အလက်တွေကလည်း လူတစ်ယောက်ရဲ့ အလေးချိန်၊အရပ်အမြင့်၊ ပုံပန်းသဏ္ဍာန်၊ အသားရောင်နဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံတွေပေါ်မှာ လွှမ်းမိုးနိုင်ပါတယ်။ ဒါက လူမဲကလေးငယ်တစ်ယောက်မှာ သူနဲ့မျိုးနွယ်တူတွေအတိုင်း ဆံပင်၊အရပ်၊မျက်နှာကျနဲ့ မျက်လုံးအရောင်တွေ ရှိနေရသလဲဆိုတာရဲ့ အဖြေပါပဲ။

    Pituitary tumors

    အချို့သူတွေမှာတော့ မွေးရာပါ Pituitary tumors တွေဖြစ်တတ်ပြီး အခြားသူတွေကတော့ သူတို့ဘဝနောက်ပိုင်းကာလတွေမှာသာ ဖြစ်တတ်ပါတယ်။ ဒီ tumors တွေဟာ ကြီးထွားမှုနဲ့ လူတစ်ယောက်ရဲ့ဖွံ့ဖြိုးနှုန်းကို သိသိသာသာနှောင့်နှေးစေတတ်ပါတယ်။ ဒါပေမယ့် ကြီးထွားနှုန်းပေါ်သက်ရောက်မှုဟာ များသောအားဖြင့် ဒီtumors တွေက ဂလင်းတွေပေါ်ဘယ်လိုသက်ရောက်နေသလဲဆိုတာပေါ်မူတည်ပါတယ်။ တကယ်လို့ Pituitary gland ပေါ်က tumor တစ်ခုဟာ ကြီးထွားစေတဲ့ဟော်မုန်းကို အလွန်အကျွံထုတ်ပေးလိုက်ရင်တော့ အဝလွန်တာမျိုး ဖြစ်တတ်ပါတယ်။

    ဆေးဝါး

    အချို့သောဆေးဝါးတွေဟာ လူတွေရဲ့ကြီးထွားမှုပုံစံကိုလည်း အကျိုးသက်ရောက်စေပါတယ်။ လေ့လာမှုတွေကတော့ attention deficit hyperactivity disorder တွေအတွက် Ritalin ကိုသုံးစွဲရတဲ့ကလေးတွေဟာ ကြီးထွားမှုနှုန်းနှေးကွေးတယ်လို့ဆိုပါတယ်။ ဒီလိုဆေးတွေနဲ့အခြားဆေးတွေကို သုံးစွဲနေရတဲ့ကလေးတွေဟာ အခြားသော သက်တူရွယ်တူကလေးတွေနဲ့စာရင် ပိုသေးပြီး အရပ်ပိုပုတတ်ကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement