ဘေဘီလေးတွေကိုလက်သည်းညှပ်ပေးမယ်ဆိုရင်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

လူတိုင်းကျန်းမာဖို့အတွက် တစ်ကိုယ်ရေ သန့်ရှင်းကအရေးကြီးတယ်ဆိုတာကို ပြောစရာမလိုအောင်ကို သိထားပြီးဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့နေရာမှာလည်း ခေါင်းအစခြေအဆုံးသန့်ရှင်းဖို့လိုပါမယ်။ ခြေသည်းလက်သည်းတွေကိုလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ခြေသည်းလက်သည်းတွေရှည်လာတဲ့အခါ လက်သည်းတွေကြားမှာ မသန့်ရှင်းတဲ့အရာတွေကပ်ညှိပြီး လက်ကနေတဆင့် ပါးစပ်ထဲဝင်သွားရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကိုလည်း ရောဂါကင်းတဲ့ ကလေးလေးတွေအဖြစ်ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက လက်သည်းတွေကို သေချာသန့်စင်ပေးဖို့လိုပါမယ်။

လူတွေက ကိုယ့်လက်သည်းကို ကိုယ်တိုင်ညှပ်ကြတာများပါတယ်။ ကိုယ့်လက်သည်းခြေသည်းတွေကို ကိုယ်တိုင်ညှပ်တဲ့အခါ သိပ်ပြဿနာမရှိပေမယ့် ကလေးတွေရဲ့လက်သည်းကို ညှပ်ပေးဖို့ကျတော့ မတော်တဆထိခိုက်သွားမှာကိုစိုးရိမ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ဘေဘီလေးတွေကို လက်သည်းဘယ်လိုညှပ်ပေးရမလဲဆိုတာကိုပြောပြပေးပါရစေ။

ဘေဘီလေးကို လက်သည်းညှပ်မယ်

ကလေးလေးတွေရဲ့ လက်သည်းလေးတွေက အရမ်းမာနေတာမျိုးလည်းမဟုတ်သလို ငယ်သေးတဲ့အရွယ်ဆိုရင် ညစ်ပေတာတွေနဲ့ ထိတွေ့နိုင်ခြေကလည် နည်းတယ်ဆိုပေမယ့် မတော်တဆ ကုတ်ခြစ်မိတာမျိုးဖြစ်နိုင်တာကြောင့် လက်သည်းလေးတွေကို သေချာညှပ်ပေးထားဖို့လိုပါမယ်။

လက်သည်းညှပ်တော့မယ်ဆိုရင် 

လိုအပ်တဲ့ပစ္စည်းပစ္စည်းလေးတွေဖြစ်တဲ့ လက်သည်းညှပ် ဒါမှမဟုတ် ကလေးလေးတွေအတွက် အထူးထုတ်ထားတဲ့ လက်သည်းညှပ်တဲ့ ကပ်ကြေးလေး၊ တံစဉ်း၊တစ်သျှူးစလေးတွေလိုပါမယ်။ ကိုယ်ကအနီးမှုန်တတ်တယ်ဆိုရင်တော့ မျက်မှန်တပ်ဖို့လည်းလိုပါလိမ့်မယ်။

ကူညီပေးမယ့်သူလိုပါမယ်

ကလေးကိုလက်သည်းညှပ်တဲ့အခါ တစ်ယောက်တည်းညှပ်တာထက် တစ်ယောက်ယောက်ကို ကလေးကိုထိန်းထားပေးဖို့ အကူအညီတောင်းတာ ပိုကောင်းပါမယ်။ တစ်ယောက်က ကလေးကို ချီပြီးထိန်းထားပေးတဲ့အခါ ကလေးကရုန်းကန်တာကြောင့် မတော်တဆထိခိုက်မိတာမျိုးဖြစ်မှာကို မပူရတော့ပါဘူး။ ကူညီပေးနိုင်မယ့်သူမရှိရင်တော့ ကလေးအိပ်နေတုန်းမှာ ညှပ်ပေးလို့ရပါတယ်။

ကလေးလက်ကလေးကို ထိန်းကိုင်ထားပါ

ကလေးကိုလက်သည်းညှပ်တဲ့အခါ ကလေးလက်ကလေးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး နောက်တစ်ဖက်နဲ့လက်သည်းညှပ်ကို ကိုင်ပြီးညှပ်ပေးပါ။ လက်သည်းအစွန်းထွက်နေတာမျိုးတွေမဖြစ်စေဖို့အတွက် လက်သည်းလေးတွေကို သေသေချာချာတိပေးရပါမယ်။ ကလေကိုရေချိုးပြီးချိန်မှာ လက်သည်းညှပ်ပေးတာက အကောင်းဆုံးပါ။

လက်ကိုတစ်ချောင်းချင်းမိမိရရကိုင်ပြီးညှပ်ပါ

လက်သည်းညှပ်တဲ့အခါ လက်ချောင်းလေးတွေကို တစ်ချောင်းချင်းစီမိမိရရ ကိုင်ပြီးညှပ်ပေးပါ။ ဒါမှမတော်တဆ ထိခိုက်နိုင်ခြေနည်းမှာပါ။ တကယ်လို့များ လက်သည်းညှပ်ရင်း လက်အသားကိုထိမိတာမျိုးဖြစ်မယ်ဆိုရင် တစ်သျှူးစလေးနဲ့ထိမိတဲ့နေရာကို နည်းနည်းလေးဖိထားပေးပါ။ ပလာစတာတွေမကပ်ပါနဲ့။ ကလေးကလက်ကိုပါးစပ်ထဲထည့်မိတဲ့အခါ ပလာစတာမှာပါတဲ့ဆေးတွေ ပါးစပ်ထဲဝင်သွားနိုင်တာကြောင့်ပါ။

လက်သည်းအစွန်းလေးတွေကို ညှိပေးပါ

လက်သည်းအစွန်းလေးတွေနဲ့ ထိခိုက်မိပြီး ဒဏ်ရာအနာတရဖြစ်တာမျိုးတွေမဖြစ်စေဖို့ လက်သည်းညှပ်ပြီးတိုင်း မမေ့တမ်းလုပ်ပေးရမှာက လက်သည်းအစွန်းလေးတွေကို တံစဉ်းလေးနဲ့တိုက်ပြီးညှိပေးဖို့ပါ။

လက်သည်းလေးတွေတင်မဟုတ်ပါဘူး။ အခုပြောပြခဲ့တဲ့နည်းလေးတွေအတိုင်း ကလေးရဲ့ခြေသည်းလေးတွေကိုလည်း ညှပ်ပေးလို့ရပါတယ်။ ခြေသည်းညှပ်တဲ့အခါ သတိထားရမှာတစ်ခုက အတွင်းထဲကို အတင်းဝိုက်ပြီး ညှပ်တာမျိုးမလုပ်မိဖို့ပါ။ ခြေစွယ်ငုပ်တာလိုမျိုးဖြစ်ပြီး ကလေးအနေနဲ့ နေရထိုင်ရမအီမသာဖြစ်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ပါ သင့်အီးမေးလ်ထဲသို့ အချက်အလက်များကို ပို့ဆောင်ပေးခြင်းအားဖြင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကို အပတ်စဉ်အချိန်နဲ့အမျှ သိနေနိုင်ပါပြီ
Error message goes here
စာရင်းသွင်းပါ
စာရင်းသွင်းခြင်းအားဖြင့် ကျွန်ုပ်သည် Hello Sayarwon ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီးဖြစ်ပါသည်
Your child: [num] months old သင့်ရဲ့ ကလေးပြုစုပျိုးထောင်တဲ့ခရီးမှာ လမ်းပြကူညီရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားရပါတယ်။ သင့်ရဲ့ပထမဆုံးအီးမေးလ်က မကြာမီမှာရောက်ရှိလာပါလိမ့်မယ်။ သင့်အနေနဲ့ သင့်အီးမေးလ်လိပ်စာဖြစ်ကြောင်း အတည်ပြုရပါလိမ့်မယ်။ စာရယူခြင်းလုပ်ငန်းကိုပြီးမြောက်ဖို့အတွက် ကျွန်တော်တို့ပို့လိုက်တဲ့ အီးမေးလ်ထဲက လင့်ခ်ကိုနှိပ်ပေးပါ။
သင်အစပျိုးနိုင်ရန်အတွက် ဒီရင်းမြစ်များကို ကြည့်ရှုပါ
သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ပါ သင့်အီးမေးလ်ထဲသို့ အချက်အလက်များကို ပို့ဆောင်ပေးခြင်းအားဖြင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကို အပတ်စဉ်အချိန်နဲ့အမျှ သိနေနိုင်ပါပြီ
Error message goes here
စာရင်းသွင်းပါ
စာရင်းသွင်းခြင်းအားဖြင့် ကျွန်ုပ်သည် Hello Sayarwon ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီးဖြစ်ပါသည်
Your child: [num] months old We are excited to guide you on your parenting journey. Your first email will arrive shortly. သင့်အနေနဲ့ သင့်အီးမေးလ်လိပ်စာဖြစ်ကြောင်း အတည်ပြုရပါလိမ့်မယ်။ စာရယူခြင်းလုပ်ငန်းကိုပြီးမြောက်ဖို့အတွက် ကျွန်တော်တို့ပို့လိုက်တဲ့ အီးမေးလ်ထဲက လင့်ခ်ကိုနှိပ်ပေးပါ။
သင်အစပျိုးနိုင်ရန်အတွက် ဒီရင်းမြစ်များကို ကြည့်ရှုပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။