backup og meta

ဦးခေါင်းသေး သေး ကလေးလေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးခေါင်းသေး သေး ကလေးလေး

    မွေးကတည်းက ခေါင်းသေးသေးနဲ့ ကလေးတွေကို မြင်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ့်ကလေးခေါင်းက ရွယ်တူ ကလေးတွေရဲ့ ခေါင်းနဲ့ ယှဉ်ရင် သေးတယ်လို့ ထင်ပါသလား။ ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်အနေနဲ့ ဦးခေါင်းသေး တတ်ပါတယ်။ ဒီလိုကလေးတွေက တခြားကလေးတွေလို ပုံမှန်ဖွံ့ဖြိုးမှုရှိမှာမဟုတ်ပါဘူး။ ဒီကလေးတွေအကြောင်း လေ့လာကြည့်ရအောင်။

    ကလေးလေးတွေ ဘာလို့ ဦးခေါင်းသေး တာလဲ။

    ကလေးတွေမှာ အသက်အလိုက် ရှိရမယ့် ဦးခေါင်းအတိုင်းအတာဆိုတာ ရှိပါတယ်။ Head circumference လို့ခေါ်ပါတယ်။ ဦးခေါင်းပတ်ချာလည်ကို တိုင်းတာပါ။  အမေ့ဗိုက်ထဲမှာတုန်းက ကလေးလေးရဲ့ ဦးနှောက်ကြီးထွားလာတာနဲ့အမျှ ဦးခေါင်းလည်း ကြီးလာပါတယ်။ ဦးခေါင်းသေးတယ်ဆိုတာက အမေ့ဗိုက်ထဲမှာ ဦးနှောက်ကောင်းကောင်း မဖွံ့ဖြိုးလို့ ဒါမှမဟုတ် မွေးပြီးတဲ့အချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှု မရှိတော့လို့ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ တခြား ဘာချို့ယွင်းချက်မရှိဘဲ ဦးခေါင်းသေးတာသက်သက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားချို့ယွင်းချက်တွေနဲ့ ပေါင်းပြီး တွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။

    ဦးခေါင်းသေး တဲ့ ကလေးတွေ ဘာဖြစ်လာနိုင်လဲ။

    တချို့ကလေးတွေကျ ဦးခေါင်းသေးပေမယ့် ကျန်းကျန်းမာမာနဲ့ ပုံမှန်ဉာဏ်ရည်အတိုင်း ကြီးပြင်းလာပါတယ်။ ဒါပေမယ့် ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဘယ်လောက်ပြင်းထန်လဲပေါ်မူတည်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့

    ဘာလို့ ဦးခေါင်းသေးတဲ့ ပြဿနာဖြစ်တာလဲ။

    ဦးခေါင်းသေးတဲ့ ပြဿနာက ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်လို့ပါ။ မွေးရာပါလည်း ဖြစ်နိုင်သလို မွေးကင်းစမှာ ဖြစ်တဲ့ အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးလည်း လိုက်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေကတော့

    • ဦးခေါင်းရိုး စောဆက်တာ (craniosynostosis) – ဦးနှောက်ကြီးထွားနေတဲ့အချိန်မှာ ကလေးရဲ့ ဦးခေါင်းမှာရှိတဲ့ အရိုးတွေက ဆက်သွားတာပါ။ ဒါကြောင့် ဦးနှောက်ဆက်ကြီးလို့မရတော့တာပေါ့။ ဒါက ဦးနှောက်မှာ တခြားပြဿနာသာ မရှိရင် ခွဲစိတ်ပြုပြင်လိုက်တဲ့အခါ ဦးနှောက်က ပုံမှန်အတိုင်း ဆက်လက်ကြီးထွားနိုင်ပါတယ်။
    • ခရိုမိုဇုန်း ပြဿနာ – ဒေါင်းရောဂါလိုမျိုး တခြားခရိုမိုဇုန်းရောဂါတွေကလည်း ဦးခေါင်းသေးတာကို ဖြစ်စေပါတယ်။
    • ဦးနှောက်မှာ အောက်ဆီဂျင်မလုံလောက်တာ – ကိုယ်ဝန်ရှိစဉ်မှာဖြစ်ဖြစ်၊ မွေးနေတုန်းမှာ ဖြစ်ဖြစ် တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့ရင် ဦးနှောက်ကို အောက်ဆီဂျင်ကောင်းကောင်းရောက်မှာ မဟုတ်ပါဘူး။
    • ကိုယ်ဝန်ရှိနေချိန် မိခင်ဆီ ရောဂါပိုးဝင်ခြင်း – ကြောင်ချေးကကူးတဲ့ toxoplasmosisတို့၊ ဂျာမန်ဝက်သက်တို့၊ ရေကျောက်တို့၊ ခြင်ကိုက်ရာက ကူးတဲ့ ဇီကာဗိုင်းရပ်စ်တို့ စတာတွေကို သတိထားပါ။
    • ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဆေးတွေ၊ ဓာတုပစ္စည်းတွေ၊ အရက်တွေ သောက်မိတာ။
    • အာဟာရချို့တဲ့တာ – ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရ လုံလုံလောက်လောက်မရဘူးဆိုရင်လည်း ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
    • အမေမှာ phenylketouriaလို့ ခေါ်တဲ့ ရောဂါတစ်မျိုးရှိနေတာ စတာတွေပဲ ဖြစ်ပါတယ်။

    ကုသလို့ရလား။

    ခုနကပြောခဲ့တဲ့ ဦးခေါင်းရိုး စောဆက်တာကြောင့်ဆိုရင်တော့ ခွဲစိတ်ကုသလို့ရပေမယ့် တခြားအကြောင်းကြောင့်ဆိုရင်တော့ တိကျတဲ့ ကုသမှုနည်းလမ်း မရှိပါဘူး။ သေးနေတဲ့ ကလေးဦးနှောက်ကို ကြီးအောင် လုပ်လို့မှမရတာဘဲ။ တခြားနည်းလမ်းတွေကတော့ နောက်ဆက်တွဲတွေကို ကုသတာပါ။ ဖွံ့ဖြိုးမှုနောက်ကျရင် တတ်နိုင်သလောက် ကူညီပေးလို့ရမယ်။ အတက်ရောဂါတွေ၊ အတက်ကြွလွန်တာတွေ ဖြစ်လာရင် ဆေးနဲ့ ထိန်းပေးလို့ရမယ်။ ဒီလောက်ပါပဲ။

    ကာကွယ်နည်း

    ကာကွယ်နည်းတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါပိုး မကူးအောင်နေမယ်။ အာဟာရပြည့်အောင်စားမယ်။ ကိုယ်ဝန်ကို ထိခိုက်နိုင်တာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒါပေမယ့် မျိုးရိုးကြောင့်ဖြစ်တာ၊ ခရိုမိုဇုန်းကြောင့် ဖြစ်တာဆိုရင်တော့ သင်လည်း ဘာမှမတတ်နိုင်ပါဘူး။

    ဦးခေါင်းသေးတာက ရှားပါးတဲ့ အခြေအနေပါ။ လေ့လာချက်တွေအရ အမေရိကန်နိုင်ငံမှာ ကလေး ၈၀၀ကနေ ၅၀၀၀လောက်မွေးမှ တစ်ယောက်ပါတတ်တာပါ။ ဒါပေမယ့် ဖြစ်လာခဲ့ရင် ကလေးအတွက် ဘဝတစ်လျှောက်ခက်ခဲနိုင်ပါတယ်။ စောစောသိနိုင်တာကတော့ အမေ့ဗိုက်ထဲမှာဆိုရင် Ultrasoundရိုက်ရင်း သိနိုင်မယ်။ မွေးလာရင်တော့ ကလေးရဲ့ ဦးခေါင်းပတ်ချာလည် အတိုင်းအတာကို တိုင်းခြင်းနဲ့ သိနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement