backup og meta

အပျိုဖော်၊လူပျိုဖော်ဝင်ချိန် ခန္ဓါကိုယ်က ဘယ်လိုပြောင်းလဲလာမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပျိုဖော်၊လူပျိုဖော်ဝင်ချိန် ခန္ဓါကိုယ်က ဘယ်လိုပြောင်းလဲလာမလဲ

    အပျိုဖော်/လူပျိုဖော်ဝင်လာပြီဆိုရင် ယောက်ျားလေး တွေရော မိန်းကလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ကိုယ့်ခန္ဓါကိုယ်မှာဖွံ့ဖြိုးလာတာတွေက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အများစုက သိပ်မသိကြပါဘူး။

    အောက်ပါဆောင်းပါးက မိန်းကလေးနဲ့ယောက်ျားလေးခန္ဓါကိုယ်မှာ ပျိုဖော်ဝင်ချိန်ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆွေးနွေးဖော်ပြမှာဖြစ်ပါတယ်။

    ပျိုဖော်ဝင်ခြင်းအစ

    အသက် ၈ နှစ်နဲ့ ၁၃နှစ်ကြားအရွယ်မှာ ပျိုဖော်ဝင်ခြင်းစတင်ပါတယ်။ ပျိုဖော်ဝင်ပြောင်းလဲ လာတဲ့ကာလက နှစ်အနည်းငယ်ကြာနိုင်တဲ့အပြင် ကိုယ်အလေးချိန်များတဲ့ မိန်းကလေးတွေမှာ ပျိုဖော်ဝင်စောနိုင်ပြီး အရမ်းပိန်တဲ့ ဒါမှမဟုတ် အားကစားလုပ်တဲ့မိန်းကလေးတွေမှာ နောက်ကျတတ် ပါတယ်။

    သင်က အသက် ၁၂နှစ်ပြည့်ပြီးသူဖြစ်ပြီး ရင်သားဖွံ့ဖြိုးမှုလက္ခဏာရှိမလာရင်၊ ဒါမှမဟုတ် သင့်အသက် ၁၅နှစ်ပြည့်ပြီး ရာသီသွေးမပေါ်ဖူးသေးရင် ဆေးရုံသွားပြီး ရောဂါရှာဖွေ၊ဆေးစစ်ကာ အကြံဉာဏ် ရယူဖို့လိုပါတယ်။

    မိန်းကလေးတွေမှာဖြစ်လာတဲ့အပြောင်းအလဲများ

  • ခန္ဓါကိုယ်ဖွံ့ထွားလာပြီး တင်ပါးဆုံရိုးတွေ ပြန့်ကားလာပါလိမ့်မယ်။
  • မိန်းကလေးတွေက ကိုယ်အလေးချိန်တက်လာမှာဖြစ် ပြီး အထူးသဖြင့် တင်ပါးတဝိုက်မှာ ဖွံ့ဖြိုးလာပါမယ်။ ဒီအချက်မှာ ကိုယ်အလေးချိန်တိုးလာတာ မကောင်းဘူး လို့ မယူဆသင့်ပါဘူး။ တကယ်တော့ လုံးဝ ကိုယ်အလေးချိန်တက်မလာဘူးဆိုမှ မကျန်းမာဘူးလို့ ယူဆရတာဖြစ်ပါတယ်။ သင့်အနေနဲ့ ခန္ဓါကိုယ်ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးနိုင်ဖို့ အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့ပဲ လိုပါတယ်။
  • ရင်သားတွေကြီးလာပါလိမ့်မယ်။ အစပိုင်းမှာတော့ နို့သီးခေါင်းဧရိယာအောက်နားမှာအနည်းငယ်ဖောင်းလာပြီး နောက်မှ ရင်သားတစ်ခုလုံး ကြီးထွားလာမှာဖြစ်ပါ တယ်။
  • ရာသီသွေးစလာပါမယ်။
  • ကြွက်သားတွေဖွံ့ဖြိုးလာပါမယ်။ ဒါပေမယ့် ယောကျာ်းလေးတွေမှာလောက်တော့ မသိသာပါဘူး။
  • မိန်းမကိုယ် ကနေ အဖြူရောင်ကျိချွဲချွဲတွေဆင်းလာတာ သတိထားမိလာနိုင်ပါတယ်။ ရာသီမလာခင် ဒါမှမဟုတ် ရာသီလာနေစဉ်အတွင်း ဒီလိုဖြစ်လာနိုင်ပေမယ့် မိန်းမကိုယ်က အလိုအလျောက်သန့်စင်ပေး တဲ့နည်းဖြစ်တာကြောင့် စိုးရိမ်စရာမရှိပါဘူး။
  • သင့်ခန္ဓါကိုယ်က မတူကွဲပြားတဲ့ ဟော်မုန်းအမျိုးအစားများစွာထုတ် ပေးမှာဖြစ်တာကြောင့် သင့်စိတ်ကို မကြာခဏ အပြောင်းအလဲမြန်စေပါလိမ့်မယ်(စိတ်အတက်အကျ မြန်ပါတယ်)။
  • ယောကျာ်းလေးတွေမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲများ

  • ကိုယ်အလေးချိန်နည်းနည်းတက်လာမယ်
  • ပခုံးတွေကျယ်လာမယ်
  • ကြွက်သားတွေဖွံ့ဖြိုးလာ၊ ပိုကြီးထွားလာ၊ သန်မာလာ မယ်။
  • လည်စေ့က ပိုထင်ရှားလာတာကိုလည်းသတိထားမိ ပါလိမ့်မယ်။ အသံအိုးကလည်း ပိုကြီးလာပြီး အသံက ပြောင်းလဲလာနိုင်ပါတယ်။ အသံအိုးဖွံ့ဖြိုးလာချိန်အတွင်း အသံခပ်သြသြဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါဖွံ့ဖြိုးမှုကာလ ကျော်လွန်သွားတာနဲ့ သင့်အသံကပုံမှန်ဖြစ်သွားမှာ ဖြစ်တဲ့အပြင် အနည်းငယ်တောင် သြသွားနိုင်ပါတယ်။
  • လိင်တံတောင့်တင်းခြင်းစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ အနည်းငယ်ရှက်ရွံ့ဖွယ်ကောင်းနိုင်ပေမယ့် သဘာဝတရားပါပဲ။
  • လိင်အင်္ဂါက ပိုရှည်လာ၊ကြီးလာမယ်
  • ဝှေးစေ့တွေက ပိုကြီးလာမယ်
  • ရင်သားတွေလည်း အနည်းငယ်ပိုကြီးလာသလို ထင်ရမယ်။ ဒါကလည်းသဘာဝကြောင့်ပါပဲ။ ဒါပေမယ့် ရပ်တန့်သွားပါလိမ့်မယ်။ တကယ်လို့ သင့်ရင်သားက မိန်းကလေးတွေလောက်နီးနီးဖွံ့ဖြိုးလာတာဆိုရင်တော့ ရောဂါရှာဖွေဆေးစစ်မှုခံယူပြီး ကျွမ်းကျင်ဆရာဝန်ထံမှ အကြံဉာဏ်တောင်းပါ။
  • ပျိုဖော်ဝင်ချိန်ဟာ တကယ်တော့ ကြုံရမယ့် စိန်ခေါ်မှု တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း ဖြစ်လာတဲ့ကိစ္စဖြစ်လို့ ရှက်နေစရာလည်း မလိုပါဘူး။

    Translated by Yun Sandi

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement