backup og meta

ဆယ်ကျော်သက် စိတ်မကျန်းမာခြင်း။ အဖြစ်အပျက်များကို နားလည် သဘောပေါက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 21/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူသားများ ကြီးပြင်းလာသည်နှင့်အမျှ စိတ်ဖိစီးမှုများ နှင့် ပို၍ ရင်ဆိုင်လာရသည်။ ထို့ကြောင့် သင်၏ ဆယ်ကျော် သက်ကလေးသည် ကျောင်း၊ ဘဝ သို့မဟုတ် ဆက်ဆံရေးရှိ ဖိအားများကြောင့် ဒေါသထွက်ခြင်း၊ မောပန်းခြင်း ဖြစ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော်လည်း စိတ်ဖိစီးမှုသည် ပုံမှန်နည်းဖြင့် အလွန်ဖြစ်ပေါ်လာသောအခါ စိတ်မကျန်းမာ ခြင်း ဖြစ်နိုင်ချေ ရှိလာသည်။

    စိတ်မကျန်းမာခြင်း၏ အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက်

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ စိတ်ကျန်းမာရေး ဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို သဘော ပေါက်ပြီး ဘဝ၏ ပုံမှန်ဖိအားကို ရင်ဆိုင်နိုင်သော၊ လူထု အတွက် အကျိုးရှိသော ကူညီမှုလုပ်နိုင်သော စွမ်းရည် ကို ခေါ်ပါသည်။ စိတ်မကျန်းမာခြင်းဆိုသည်မှာ တွေးခေါ်ခြင်း၊ စိတ်ခံစားမှု သို့မဟုတ် အပြုအမူပုံစံများ ပြောင်းလဲသွားသော ကျန်းမာရေးအခြေအနေများကို ခေါ်ပါသည်။ စိတ်ရောဂါ များသည် အပေါင်းအသင်းများ၊ အလုပ်နှင့် မိသားစု ကိစ္စများ လုပ်ကိုင်ရာတွင် ဖြစ်ပေါ်သော စိတ်ပူပင်သောကများ၊ ပြဿနာများနှင့် ဆက်နွယ်ပါသည်။

    ကလေးများတွင် စိတ်မကျန်းမာခြင်း ဖြစ်ပေါ်နှုန်း အချက် အလက်များ

    ယခုနောက်ပိုင်းတွင် စိတ်မကျန်းမာခြင်းသည် အဖြစ် များလာပါသည်။ ၂၀၁၃ ရှိအချက်အလက်များအရ အသက် ၅-၁၆ နှစ် ကလေးငယ်များသည် စိတ်ကျန်းမာရေးရောဂါ ခံစားနေရသည်။ ၎င်းသည် စာသင်တန်း တစ်တန်းတွင် သုံးယောက်နှင့် ညီမျှသည်။ မိမိကိုယ်ကို အန္တရာယ်ပြုမှု ကြောင့် ဆေးရုံတက်ရသော လူငယ်များ အရေအတွက်မှာ လည်း စိုးရိမ်ဖွယ်မြင့်တက်နေသည်။ ၁၀နှစ်တာ ကာလတွင် ၆၈ ရာခိုင်နှုန်း မြင့်တက်လာသည်။ ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်သော စိတ်ဓါတ်ကျမှု ခံစားနေရသော ကလေးငယ် နှင့် လူငယ်ပေါင်း ၈၀၀၀၀ နီးပါးရှိသည်။

    စိတ်ရောဂါ အမျိုးအစားများ

    အဖြစ်များသော စိတ်မကျန်းမာခြင်းများမှာ-

  • စိတ်ဖိစီးမှုရောဂါ။ စိတ်ထိခိုက်ဖွယ် အဖြစ်အပျက် ပြီးနောက် စိတ်ဖိစီးသောရောဂါ (PTSD) သို့မဟုတ် စွဲလန်းခြင်းကြောင့် စိတ်ရှုပ်ထွေးခြင်း (OCD)
  • စိတ်နေစိတ်ထားရောဂါ။ စိတ်ဓါတ်ကျခြင်းနှင့် စိတ်နှစ်ခွရောဂါ
  • ပြင်းထန်သော စိတ်ဝေဒနာရောဂါ။ စိတ်ကစဉ့် ကလျားရောဂါ
  • အစာစားခြင်းရောဂါ။ အစာအလွန်အမင်းစားပြီး ကြေက်ရွံ့အားငယ်သော စိတ်ဝေဒနာ၊ ခံတွင်းပျက် သော စိတ်ရောဂါ။
  • ဖွံ့ဖြိုးမှုနှင့်ဆိုင်သောရောဂါ။ အာရုံစိုက်မှု မရသော အလွန်တက်ကြွနေသော ရောဂါ (ADHD)
  • အပြုအမူဆိုင်ရာ ရောဂါ။ ဆန့်ကျင်ဘက်ကို ကလန် ကဆန်ပြုသော ရောဂါ (ODD)
  • ဉာဏ်ရည် ချို့တဲ့ခြင်း။ autism spectrum disorders (ASD)
  • ရောဂါလက္ခဏာများ

    စိတ်ရောဂါ လက္ခဏာများသည် ချက်ချင်းပေါ်လာနိုင် သလို အချိန်နှင့်အမျှ တဖြည်းဖြည်းပေါ်လာခြင်းလည်း ရှိသည်ကို သတိပြုပါ။ စိတ်မကျန်းမာခြင်း၏ လက္ခဏာများကို အောက်တွင် ဖော်ပြထားသည်။

  • ပေါင်းသင်းဆက်ဆံမှု နည်းလာခြင်း။ ဥပမာ- အား ကစား မလုပ်တော့ခြင်း၊ အဆင့်များ ကျလာခြင်း၊ မိသားစုကိစ္စများ လုပ်ဆောင်ရန် ခက်ခဲခြင်း
  • အခြားသူများကို စိတ်ဝင်စားမှုမရှိခြင်း
  • အာရုံစိုက်ရန်၊ မှတ်သားရန်၊ အကျိုးသင့် အကြောင်းသင့် စဉ်းစားရန်၊ အရာများကိုရှင်းပြရန် ခက်ခဲခြင်း
  • မိမိကိုယ်တိုင် သို့မဟုတ် ပတ်ဝန်းကျင်နှင့် အဆက် အသွယ်ပျက်ခြင်း
  • မိမိကိုယ်ကို တန်ဖိုးမထားခြင်း
  • ကြောက်ရွံ့ခြင်း၊ သံသယရှိခြင်း၊ စိတ်ဖိစီးခြင်း
  • ပင်ကိုစရိုက်နှင့်မတူသော ထူးဆန်းသော အပြုအမူ
  • လျင်မြန်သော အိပ်စက်မှုပုံစံ၊ အစာစားချင်စိတ် ပြောင်းလဲခြင်း သို့မဟုတ် တစ်ကိုယ်ရည် သန့်ရှင်းမှု ဆုတ်လျော့လာခြင်း
  • စိတ်အခြေအနေ ဆက်တိုက် ပြောင်းလဲခြင်း
  • ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ် မရှိခြင်း
  • ကုသမှု

    ကလေးအထူးကုဆရာဝန်၊ စိတ်ရောဂါပညာရှင် သို့မဟုတ် စိတ်ရောဂါ အထူးကုဆရာဝန်မှ ရောဂါအဖြေရှာမှု ပြုလုပ်ပြီးပါက တိကျသော ကုသမှု ပေးပါလိမ့်မည်။ ဆေး သောက်ခြင်းနှင့် ကုထုံးတို့ ပါဝင်သော ကုသမှုနည်းလမ်း များစွာ ရှိပါသည်။ စိတ်ရောဂါကု ဆေးများသည် စိတ်အခြေ အနေ၊ အပြုအမှုနှင့်ဆိုင်သော ဦးနှောက်ရှိ ဓါတုပစ္စည်းများ ကို ထိခိုက်စေသည်။ အသက် ၆နှစ်အောက် ကလေးများ သည် ဘေးထွက်ဆိုးကျိုးအချို့ကို ရလွယ်သောကြောင့် သူတို့ကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်သည်။ စကား ပြောခြင်း ကုထုံး သို့မဟုတ် အပြုအမူကုထုံး စသည်ဖြင့် ခေါ်သော စိတ်ပညာနှင့် လူမှုရေးကုထုံးများသည် စိတ်ရောဂါ ရှိသော ကလေးများကို သူတို့အပြုအမူများ ပြင်ဆင် ထိန်းသိမ်း နိုင်ရန် ကူညီပေးပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 21/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement