backup og meta

ဆယ်ကျော်သက်များ အိမ်မှထွက်ပြေးခြင်းကို တားဆီးခြင်း


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များ အိမ်မှထွက်ပြေးခြင်းကို တားဆီးခြင်း

    ဆယ်ကျော်သက်အရွယ်သည် လူငယ်များ သူတို့ကိုယ် တိုင်နှင့် သူတို့ဘဝတွင် ပြဿနာများစွာကို ကြုံတွေ့ရသော အသက်အရွယ် ဖြစ်သည်။ အိမ် သို့မဟုတ် ကျောင်းတွင် အခက်အခဲများ တွေ့ကြုံရခြင်းသည် ထွက်ပြေးရန် အကြံကို ဖြစ်စေသည်။

    ဆယ်ကျော်သက်များသည် ဘာကြောင့်ထွက်ပြေးကြသလဲ။

    ဆယ်ကျော်သက်များသည် အကြောင်းရင်းများစွာကြောင့် ထွက်ပြေးကြပါသည်။

    သူတို့ကိုယ်တိုင်ကြောင့်

    • စိတ်ဝင်စားမှု လွန်ကျူးခြင်း ( အွန်လိုင်းအချစ်၊ ဗီဒီယို ဂိမ်းများ၊ ဆေးများ)
    • အမိန့်မနာခံခြင်း
    • မိဘများက အိမ်တွင် ထိန်းသိမ်းထားခြင်း
    • ချစ်သူကောင်လေးမှ ခိုးပြေးခြင်း

    မိသားစုနှင့် နေထိုင်ရာနေရာကြောင့်

  • မိဘများ ရန်ဖြစ်ခြင်း သို့မဟုတ် ကွာရှင်းခြင်း
  • မိသားစုဝင်အချင်းချင်း ကြင်နာမှု မရှိခြင်း
  • မိသားစု အလွဲသုံးစားလုပ်ခြင်း
  • ငွေကြေး ခက်ခဲခြင်း
  • အိမ်နီးနားချင်းများ မကောင်းခြင်း
  • ဆယ်ကျော်သက်လူငယ်များ ထွက်ပြေးနိုင်သော လက္ခဏာ များ

    • စိတ်ခံစားမှု ပုံမှန်မဟုတ်ဘဲ ပြောင်းလဲခြင်း
    • ပုံပန်းသွင်ပြင် သတိထားမိဖွယ် ပြောင်းလဲခြင်း ( ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းခြင်း)
    • မိမိကိုယ်ကို တန်ဖိုးထားမှု မရှိခြင်း
    • စိတ်ဓါတ်ကျခြင်း၊ အထီးကျန်ခြင်း
    • လူအများကို ဆန့်ကျင်သော အပြုအမှုများရှိခြင်း
    • ကျောင်းတွင် အမှတ်များ ရုတ်တရက် ကျခြင်း သို့မဟုတ် ကျောင်းပြေးခြင်း
    • သေကြောင်းကြံလိုသော အတွေးများရှိခြင်း
    • လိမ်ညာပြောခြင်း၊ ပစ္စည်းများ ခိုးခြင်း
    • ဆေးသုံးခြင်း၊ အရက်သောက်ခြင်း
    • အန္တရာယ်ရှိသော လက်နက်များ သိမ်းဆည်းထား ခြင်း

    ဆယ်ကျော်သက်များ အိမ်မှထွက်ပြေးခြင်းကို ဘယ်လို တားဆီးမလဲ။

    မိဘနှင့် ဆက်ဆံရေးကို ဖန်တီးပါ။ ထိုဆက်ဆံရေးကို အဆိုးဘက် သို့မဟုတ် အလွန်တင်းမာအောင် မလုပ်ပါနှင့်။ ငြင်းခုံမှုများဖြစ်ပြီးပါက ပြန်လည် နှစ်သိမ့်ရန် ကြိုးစားပါ။ သင် သည် ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးအား ချွင်းချက်မရှိ ချစ်နေ မည်ကို သင့်ကလေးယုံအောင် ပြပါ။

    သင့်ကလေးသည် သူတို့ပြဿနာများကို သင့်အား မျှဝေ ပြောပြပါက သေချာနားထောင်ပေးပါ။ သူတို့၏ အတွေး၊ ခံစား မှု၊ စိတ်လှုပ်ရှားမှုတို့ကို နားထောင်ပေးပါ။ သင်၏ စာနာခြင်းကို ပြသပါ။

    သင့် ဆယ်ကျော်သက်ကလေး၏ သူငယ်ချင်းအဖြစ် ရှိပေးပါ။ သူတို့ တစ်နေ့တာအကြောင်း မေးမြန်းပါ။ အတွင်း ကျသော အကြောင်းအရာများကို ဆွေးနွေးပါ။ လျို့ဝှက်ချက် များကို မျှဝေပါ။ ဤနည်းဖြင့် သင်သည် သူတို့တွင် တစ်ခုခု မှားနေပါက သိနိုင်သည်။ အန္တရာယ်ကို ဖော်ထုတ်ပြီး ဖယ်ရှား ပေးပါ။

    သင့် ဆယ်ကျော်သက်ကလေး၏ လမ်းပြကြယ်အဖြစ် ရှိပေးပါ။ ဘဝအတွက်လိုအပ်သော ကျွမ်းကျင်မှုများ ( ပြဿ နာဖြေရှင်းခြင်း သို့မဟုတ် တာဝန်သိတတ်ခြင်း) ကို သင်ကြား ပေးပါ။ အရေးအကြီးဆုံးအချက်မှာ သူတို့သည် ပြဿနာကို ရင်ဆိုင်သင့်သည်။ ထွက်ပြေးခြင်းသည် ဘယ်အရာကိုမှ မဖြေ ရှင်းနိုင်ပါ။

    သူတို့၏ လွတ်လပ်မှုကို ထိန်းချုပ်မထားပါနှင့်။ သင့် ဆယ်ကျော်သက်ကလေး၏ လွတ်လပ်စွာ နေခိုင်းပါ။ သူတို့ကို ကိုယ်ပိုင်အချိန်ပေးပြီး ကမ္ဘာကြီးကို လေ့လာခွင့်ပေးပါ။

    အသေးစား စီမံခန့်ခွဲမှုများသည် သင့်ကလေးကို အားစိုက်ထုတ်ခြင်းနှင့် ဖိအားများ ဖြစ်စေသည်။

    သင့်ကလေးအား ထွက်မပြေးရဲအောင် လုပ်ပါ။ ဤ အသက်အရွယ်တွင် တားမြစ်သော စကားလုံးများသည် အခြေအနေများကို ရှုပ်ထွေးစေနိုင်သည်။

    ထွက်ပြေးပြီးနောက် ဘယ်လိုတုံ့ပြန်မလဲ။

    သင် အားထုတ်သော်လည်း သင့် ဆယ်ကျော်သက် ကလေးသည် ထွက်ပြေးသွားနိုင်ပါသည်။ သို့သော်လည်း သင့် ကလေး နောက်ဆုံးပြန်လာသောအခါ ထွက်ပြေးခြင်းသည် ဘာမှမဟုတ်ပါ။ ထိုအချိန်တွင် သင့်တုံ့ပြန်မှုသည် အရေးပါ ပါသည်။

    သူတို့ကို မဆူပါနှင့်၊ မရိုက်ပါနှင့်။ ထိုသို့လုပ်ခြင်းသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ခံစားမှုဆိုင်ရာကိုပါ နာကျင်စေလိမ့်မည်။

    သင် သူတို့ကို တကယ် ဘယ်လောက်စိတ်ပူသလဲကို နားလည်အောင်ပြောပါ။

    ဘာဖြစ်သလဲနှင့် ဘာကြောင့်ထွက်ပြေးရန် ဆုံးဖြတ်သလဲ ကို သူတို့ပြောပြအောင် အားပေးပါ။ အရင်းခံ အကြောင်းရင်း ကို ဖော်ထုတ်ရန် အရေးကြီးပါသည်။ စိတ်ရှည်ပြီး တည်ငြိမ် သောအသံဖြင့် ဖျောင်းဖျပါ၊ ရင့်ကျက်အောင် ပြောပါ။

    သူတို့ ထွက်ပြေးသည့်အကြောင်းကို မပြောပြလိုပါက အတွင်းမမေးပါနှင့်။ ဤအခြေအနေတွင် သင်နှင့် သင့် ဆယ်ကျော်သက်ကလေး နှစ်ယောက်လုံး ယုံကြည်ပြီး လေးစားသော လူတစ်ယောက်ကို အကူအညီတောင်းပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement