backup og meta

ကြောက်လန့်ခြင်းအား ထိန်းချုပ်အနိုင်ယူနိုင်ရန် ကလေးများကို အကူအညီပေးခြင်း


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြောက်လန့်ခြင်းအား ထိန်းချုပ်အနိုင်ယူနိုင်ရန် ကလေးများကို အကူအညီပေးခြင်း

    ကလေးများကို ခွင့်မပြုသည့်နေရာများ ဘာကြောင့်ရှိရသလဲ။

    အရွယ်ရောက်ပြီးသူများနှင့်မတူပဲ ကလေးများသည် အသိပညာနည်းသူများဖြစ်သောကြောင့် သူတို့၏ခံစားမှုနှင့် စိတ်အခြေအနေများအား ကောင်းကောင်းထိန်းချုပ်နိုင်စွမ်း မရှိကြပါ။

    ဘယ်နေရာမဆို ကလေးများသည် မိဘများကို အရှက်ရစေနိုင်သည်ကိုမသိကြပဲ ကန်ကျောက် အော်ဟစ်တတ်ကြပါသည်။ ဖြစ်ရပ်အများစုတွင် သူတို့လိုချင်သည်ကိုမရသည့်အခါ ဒေါသထွက်ကြောင်း ပြသတတ်ကြသော်လည်း တချို့အခြေအနေများတွင်တော့ ၎င်းတို့သည် အကြောက်တရား၊ စိုးရိမ်မှုတို့နှင့် ဆက်စပ်နေပါသည်။

    ကလေးများ၏ အကျိုးအကြောင်းမရှိ ကြောက်တတ်ခြင်းသည် အသက်ကြီးလာသည်နှင့် တဖြည်းဖြည်းပျောက်သွားတတ်ပါသည်။ သို့သော် မိဘများမှ ဘာလုပ်ရမည်ကိုသိထားလျှင် မြန်မြန်ပျောက်သွားအောင် တွန်းအားပေးနိုင်ပါလိမ့်မည်။

    ထိတ်လန့်၍အကြောက်ကြီးနေသောကလေးအား ဘယ်လိုစိတ်ငြိမ်အောင်လုပ်မလဲ။

    အေးဆေးပြီး ပုံမှန်ဖြစ်သောအသံကိုထိန်းပြောပါ။ အရွယ်ရောက်ပြီးသူများ စိတ်ထဲတွင်မှတ်ထားရမည့် ပထမဆုံးသောအရာမှာ ကလေးများမှ မရည်ရွယ်ပဲ ပြုလုပ်မိသည့် မကောင်းသော ခံစားချက်များနောက်လိုက်ပြီး စိတ်လိုက်မာန်ပါမလုပ်ရန်ဖြစ်သည်။

    ပြောသည်မှာ လွယ်သလောက် တကယ်မလုပ်ရန်ခက်၏။ အသံကျယ်ခြင်းသည် စိတ်အခြေအနေကို ပိုဆိုးဝါးစေသောကြောင့် မိဘများသည် အသံကို နှိမ့်ပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေသင့်သည်။

    ရုပ်ပိုင်းဆိုင်ရာဖြင့် ချစ်ခင်မှုကိုပြပါ။ ကလေးလက်များကို ကိုင်ထားခြင်း၊ အချိန်ကြာကြီး ဖက်ထားခြင်း၊ သင်ရှိနေ၍ လုံခြုံနေပြီးဖြစ်ကြောင်း သူတို့ကိုခံစားမိစေခြင်း၊ သူတို့အတွက် အမြဲသင်ရှိနေကြောင်း သိစေခြင်းတို့ကို ပြုလုပ်ပေးပါ။

    သုတေသနများအရ ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုသည် ပျော်ရွှင်မှုကိုတိုးမြှင့်စေသည့်ဟော်မုန်းခေါ် အောက်စီတိုစင်ကို ဦးနှောက်မှထုတ်ပေးသောကြောင့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို အားကောင်းစေပါသည်။ ထို့ကြောင့် ထိုသို့လုပ်ခြင်းဖြင့် ကလေး၏ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုကို လျော့ကျစေပါလိမ့်မည်။

    ကလေးများအား အသက်ကို ဖြည်းဖြည်းနှင့် ပြင်းပြင်းရှူဖို့ ပြောပါ။ ရှည်လျားသော အသက်ရှူပုံစံသည် နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး ကြွက်သားများအား ပြေလျော့စေပါသည်။ ထိုအကျိုးများကြောင့် ကလေး၏ စိတ်ဖိစီးမှုလယ်ဗယ်ကို လျော့ကျစေနိုင်ပါသည်။

    သူတို့အာရုံစိုက်ကြည့်နေသည်ကို လွှဲပေးပါ။ ကလေးများတွင် အာရုံစိုက်ပြီးကြည့်ချိန်သည် တို၏။ မငိုခင် မအော်ခင် တစ်မိနစ်လောက် ကမ္ဘာပျက်မလိုတွေးပြီး နောက်တစ်မိနစ်လောက်နေရင် ထရယ်တတ်တာမျိုး၊ ရေခဲမုန့်အား သူတို့ဘာမှမဖြစ်ခဲ့သလိုပုံနှင့် စားတတ်တာမျိုးပင်။

    အလွယ်တကူကြောက်လန့်တတ်သော ကလေးများ၏ မိဘများအတွက် ကလေးများအာရုံလွှဲနိုင်မည့် သူတို့ကြိုက်သည့်အစာများ သို့မဟုတ် ကလေးများတခါမှမမြင်ဖူးသည့် ထူးထူးဆန်းဆန်း အရုပ်များကို စီမံထားသင့်ပါသည်။

    ကြောက်လန့်နေသည့်နေရာမှ တတ်နိုင်သလောက် မြန်မြန်ထွက်ခဲ့ပါ။ သို့သော် သင့်ကလေးက ဆေးရုံ၊ သွားဆေးခန်း၊ ဆရာဝန်ရုံးခန်းမှာဆိုပါက ချက်ချင်းမထွက်သွားပဲ ထိုနေရာများမှရှိသည့် ပညာရှင်များက ကလေး၏စိုးရိမ်စိတ်အခြေအနေကို စစ်ဆေးနိုင်သော နည်းလမ်းများရှိပါလိမ့်မည်။ အခြေအနေက ထိန်းမရဖြစ်လာသည့်အခါမှသာ အပြင်ကိုထွက်ပါ။

    ကလေးတွင် စိုးရိမ်စိတ်မများစေရန် ဘယ်လိုကာကွယ်ရမလဲ။

    တချို့သော ကြောက်စရာအခြေအနေများကို တွေ့ကြုံရပြီးနောက် ကလေး၏အကြောက်တရားမှ အကြောက်ရောဂါဖြစ်သွားသည့်အထိ အခွင့်အရေးများ ရှိပါသည်။ ထို့ကြောင့် လက်လှမ်းမှီတုန်း ဖြစ်နိုင်ချေကို လျော့ချ ကာကွယ်ရန်မှာ မိဘများအတွက် အကောင်းဆုံးပင်ဖြစ်သည်။

    ကလေးကို စိတ်ပိုင်းဆိုင်ရာအရ ကောင်းစွာပြင်ဆင်ထားပေးပါ။ ဆရာဝန်၊ သွားဆရာဝန်ဆီမသွားမီ၊ ကလေးမရောက်ဖူးသည့် ဘယ်အိမ်မျိုးမဆို အဆောက်အဦးမျိုးမဆို မသွားခင်တွင် ပြင်ဆင်ပေးထားပါ။

    မိဘများသည် ရှေ့ဘယ်သွား ဘာလုပ်မည်ကို ကလေးသိအောင် အရင်းရှင်းပြ ပြောပြထားမှသာ ကလေးက ဘာလုပ်သည်ကို သိမည်ဖြစ်သည်။ လူတစ်ယောက်၏ အကြောက်တရား ပေါ်လာရသော အဖြစ်များသည့် အကြောင်းရင်းသည် အနာဂတ်တွင် ဘာဖြစ်မည်ကို ကြိုမသိရခြင်းကြောင့် ဖြစ်ပါသည်။

    သူတို့၏ပုံမှန်ခံစားသိရှိမှုကိုပြောင်းပေးပါ။ သူတို့အား ရေတွင် နေသော ရေသူမများ၊ နတ်သမီးများအကြောင်း စာအုပ် ရုပ်ရှင်များ ပြပေးပါ။ ထိုသို့ဖြင့် သူတို့ကြောက်တတ်သည့် ရေနှင့် အမှောင်ထုများကို သူတို့မြင်သည့်ပုံစံများ ပြောင်းလဲသွားစေနိုင်ပါသည်။

    သူတို့၏အကောင်းမြင်သည့် စိတ်ထားမှ ဖန်တီးနိုင်စွမ်းကိုလည်း အားပေးရာရောက်သည်။ စိတ်ကူးယဉ်ခြင်းသည် ဘယ်တော့မှ လျစ်လျူမရှု့သင့်သည့် အနုပညာတစ်ရပ်ပင် ဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement