backup og meta

ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ

    ကလေးက တစ်ချိန်လုံး အိပ်ပဲအိပ်နေတယ်။ တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဖေဖေတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး အရမ်းအိပ်တာက ပုံမှန်တော့ ဖွံ့ဖြိုးဖို့အားယူတာပါ။ ဒါကြောင့် ဘေဘီလေး အိပ်စက်ရတဲ့ အကြောင်းအရင်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်လား။ ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ။

    ဘေဘီလေးတွေ အရမ်းအိပ်တာ စိုးရိမ်ရလား……..

    မွေးကင်းစ ဘေဘီလေး တစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ အတွက်ပါ။

    ဒါမှလည်း ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုတွေ အကောင်းဆုံး ရရှိမှာဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ထက်မြက်သူလေး အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

    ဘေဘီလေးတွေဟာ တစ်နေ့တာမှာ ၂ နာရီကနေ ၃နာရီလောက်အထိပဲ နို့ချိုကို သောက်သုံးလေ့ရှိပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ နို့ဗူးသောက်တဲ့ဘေဘီလေးတွေကတော့ တစ်နေ့မှာ နို့သောက်ဖို့ ၃ နာရီ ကနေ ၄ နာရီလောက် နိုးနေတတ်ကြပါတယ်။ ဒါပေမယ့် ဒီလောက် အိပ်နေတာတောင် ကလေးက ဝိတ်တက် မလာဘူးနော်၊လို့ မေးစရာရှိပါတယ်။ ကလေးက တစ်နေ့လုံးနီပါး အိပ်ပေမယ့်မွေးပြီးစ ပထမ ၃ ပတ်ကနေ ၄ ပတ်လောက် အထိတော့ ကိုယ်အလေးချိန် တိုးလာဦးမှာ မဟုတ်သေးပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ခုဆိုတာကို မေမေဖေဖေတို့ အနေနဲ့ လက်ခံထားဖို့ လိုပါမယ်။

    ဘေဘီလေးတွေ တစ်ချိန်လုံး အိပ်စက်မှုက ဒါတွေအတွက်ပြင်ဆင်နေရလို့ပါ

    ဘေဘီလေး တစ်ချိန်လုံးအိပ်နေရတာက သူ့ခန္ဓာကိုယ်အတွက် ဒါတွေပြင်ဆင်နေရလို့ပါ။

    ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့

    အိပ်စက်မှုက ဘေဘီလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အချက်တစ်ခုပေါ့။ဘေဘီလေးတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်မှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ဟော်မုန်းတွေထွက်ရှိလာတာပါ။ ဒါကြောင့်ဘေဘီလေးကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ဆိုရင် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မဖြစ်မနေလိုအပ်မှာပါ။

    အာရုံကြောစနစ်တွေကြီးထွားဖွံ့ဖြိုးစေဖို့

    ဘေဘီလေးတွေရဲ့ ဗဟို အာရုံကြောစနစ်ကဘေဘီလေးတို့ရဲ့ ပထမ ၂ နှစ်တာကာလအတွင်းမှာ ဖွံ့ဖြိုးတာပါ။ ဒီကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာက အိပ်စက်မှုပါ။ဘေဘီလေးအိပ်စက်နေချိန်မှာပဲ အာရုံကြောစနစ်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်တာကြောင့်ဘေဘီလေးက တစ်နေ့တာမှာ ၃ ပုံ ၂ ပုံလောက်အထိအိပ်စက်နေတာပါ။

    ဦးနှောက်ဖွံ့ဖြိုးစေဖို့

    ရုပ်ပိုင်းဆိုင်ရာနဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးမှုမှာပြဿနာရှိနေတဲ့ ကလေးတွေရဲ့ အိပ်စက်မှုပုံစံက ပုံမှန်ကလေးတွေနဲ့ မတူကွဲပြားနေတတ်ကြပါတယ်။ဘေဘီလေးကငယ်ရွယ်စဉ်မှာကောင်းမွန်တဲ့ အိပ်စက်မှုပုံစံမရှိဘူးဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုမှာပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီလိုကနေတဆင့် ဦးနှောက်က ပုံမှန်လုပ်ငန်းစဉ်တွေကိုကောင်းစွာမလုပ်ဆောင်နိုင်တဲ့အခါ သင်ယူမှုပိုင်းမှာ ထိခိုက်လာနိုင်ပါတယ်။

    သင်ယူမှုစွမ်းရည်ကောင်းစေဖို့

    ပြည့်ဝတဲ့အိပ်စက်ချိန်ရှိတဲ့ ဘေဘီလေးတွေက သင်ယူမှုကောင်းကြသလို ဘာသာစကားသင်ယူနိုင်စွမ်းကနေစလို့ စာပေနဲ့ အခြားသင်ယူမှုတွေမှာပါ သင်ယူနိုင်စွမ်းပိုကောင်းကြပါတယ်။ ဒါကြောင့်ဘေဘီလေးတွေ အိပ်စက်နေတဲ့အခါ အရမ်းမစိုးရိမ်ကြပါနဲ့။ သင်ယူမှုကောင်းတဲ့ ဘေဘီလေးဖြစ်စေချင်ရင် အိပ်စက်ချိန်ပြည့်ဝအောင် မိဘတွေဘက်က သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။

    ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေဖို့

    ငယ်စဉ်မှာ အနှောင့်အယှက်ကင်းကင်းနဲ့ ပြည့်ပြည့်ဝဝအိပ်စက်ခွင့်ရတဲ့ ကလေးလေးတွေက စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ကြပြီး တက်တက်ကြွကြွရှိကြပါတယ်။ရေရှည်အကျိုးရလဒ်အနေနဲ့ကတော့ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ ကလေးလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာပါပဲ။ ၃ လမတိုင်ခင်အထိမှာ ကလေးလေးတွေက ပြည့်ပြည့်ဝဝ အိပ်စက်ခွင့်ရမှ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်လေးဖြစ်လာမှာပါ။

    အသက်အရွယ်အလိုက် ဘေဘီလေးတွေ လိုအပ်မယ့် အိပ်စက်ချိန်

    မွေးကင်းစကလေးတွေက တစ်နေ့တာမှာ ၂၁နာရီလောက်ထိကို အိပ်စက်တတ်ကြပါတယ်။ ဒါကြောင့် သူတို့လေးတွေကို နို့ချိုတိုက်ကျွေးချင်တဲ့အခါ ညင်ညင်သာသာလေး လှုပ်နှိုးပေးပါ။ ဒါမှ ကလေးရဲ့ အိပ်စက်မှုကို ထိခိုက်တာမျိုးမရှိမှာပါ။ မွေးကင်းစဘေဘီလေးတွေက နေ့ဘက်ကို ၈ နာရီကနေ ၉ နာရီလောက်အထိ အိပ်စက်တတ်ကြပြီး ညဘက်ဆိုရင်တော့ ပုံမှန် ၈ နာရီလောက်အထိ အိပ်စက်တတ်ကြပါတယ်။

    • မွေးကင်းစကနေ အသက် ၃ လအထိ တစ်ရက်တာအတွက် အိပ်ချိန်က ၁၄ နာရီကနေ ၁၇ နာရီအထိ
    • အသက် ၄ လကနေ ၁၁ အထိ တစ်ရက်တာအတွက် အိပ်စက်ချိန်က ၁၂ နာရီကနေ ၁၆ နာရီအထိ
    • အသက် ၁၂ လ ကနေ ၃၅ လအရွယ်အထိ တစ်ရက်တာအတွက် အိပ်စက်ချိန်က ၁၁ နာရီကနေ ၁၄ နာရီအထိ လိုအပ်မှာပါ။

    ဘယ်လိုအချိန်မှာ ဆရာဝန်ပြသဖို့ လိုမလဲ

    အိပ်စက်မှုက ဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုပေမယ့် ပုံမှန်ထက် ပိုမိုအိပ်စက်နေတာကတော့ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက တစ်ချိန်လုံး အိပ်နေမယ်။ ဒါပေမယ့် ကိုယ်အလေးချိန်က တိုးလာတာမျိုးမရှိဘူး။ နေ့ဘက်မှာ အရမ်းအိပ်ပြီး ညဘက်ကျ မအိပ်ဘူး။ တစ်ချိန်လုံး အိပ်စက်နေမှုနဲ့အတူ ကလေးက အဖျားရှိနေမယ်၊ ထိုင်းမှိုင်းလေးကန်နေမယ်၊ စိတ်ဆိုးဒေါသထွက်တာမျိုး ဖြစ်နေမယ်၊ အသားဝါနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါမယ်။

    အသက်အရွယ်အလိုက် ဘေဘီလေးတွေ လိုအပ်မယ့် အိပ်စက်ချိန်

    မွေးကင်းစကလေးတွေက တစ်နေ့တာမှာ ၂၁နာရီလောက်ထိကို အိပ်စက်တတ်ကြပါတယ်။
    • မွေးကင်းစကနေ အသက် ၃ လအထိ တစ်ရက်တာအတွက် အိပ်ချိန်က ၁၄ နာရီကနေ ၁၇ နာရီအထိ
    • အသက် ၄ လကနေ ၁၁ အထိ တစ်ရက်တာအတွက် အိပ်စက်ချိန်က ၁၂ နာရီကနေ ၁၆ နာရီအထိ
    • အသက် ၁၂ လ ကနေ ၃၅ လအရွယ်အထိ တစ်ရက်တာအတွက် အိပ်စက်ချိန်က ၁၁ နာရီကနေ ၁၄ နာရီအထိ လိုအပ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement