မိဘတွေ အော်ချင်တိုင်း အော်လိုက်လို့ ကလေးမှာ ဘာဖြစ်သွားမယ်ထင်လဲ။
တကယ်တော့ အော်လိုက်တယ်ဆိုတာ ကလေးကို ခဏလောက်ပဲ တိတ်အောင် လုပ်နိုင်တာပါ။ အမှားကို အမှန်ပြင်ပြီး ကလေးတွေကို လမ်းမှန်ရောက်စေတာမျိုးမဟုတ်ပါဘူး။
အတိုချုပ်ပြောရမယ်ဆိုရင် ကလေးကို အော်လိုက်လို့ မိဘကို ကြောက်သွားတာပဲရှိတာပါ၊ သူတို့ ဘာမှားခဲ့တာလဲ၊ ဒီအမှားကို ဘယ်လိုပြန်ပြင်ရမလဲဆိုတဲ့ နည်းလမ်းမှန်ကို သဘောပေါက်သွားတာ မဟုတ်ပါဘူး။
ကလေးတစ်ယောက်ကနေ နားလည်သိတတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ မိဘတွေက အများကြီး သင်ပေးဖို့ လိုပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဖြစ်တဲ့ မိဘရဲ့ အပြုအမူတွေ အကုန်လုံးက သားသမီးတွေရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စိတ်ခံစားချက်၊ လူမှုရေး၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်း စတာတွေအပေါ် သက်ရောက်မှုရှိစေပါတယ်။
အဲ့တော့ ဘာလုပ်လုပ် အော်ဟစ်နေတဲ့ မိဘက ထိန်းလာတဲ့ ကလေးတွေကြီးလာရင် အဲ့မိဘတွေလိုပဲ အော်ဟစ်ကြိမ်းမောင်းပြီး လူတိုင်းကို ပြဿနာရှာနေမှာပါ။
အော်ဟစ်သံတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးမှာ စိတ်ဒဏ်ရာတွေကျန်နေပြီး စိတ်ကျရောဂါ၊ စိတ်အတက်အကျမြန်ရောဂါတွေ ဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတာ၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ အထီးကျန်စိတ်တွေ အမြဲဝင်ပြီး မိသားစုနဲ့လည်း စိတ်ချင်းဝေးသွားနိုင်ပါတယ်။
ကလေးကို အော်ဟစ်ဆူပူတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ကြမလဲ။
ကလေးဆိုတာ မသိနားမလည်တာ မှန်ပေမယ့် မိဘတွေ သေသေချာချာ ရှင်းပြပြီး သင်ပေးရင် နားလည်လွယ်၊ တတ်လွယ်တဲ့ အရာပါ။ အဲ့လိုစိတ်ရှည်ရှည်နဲ့ လုပ်ပေးလိုက်လို့ မိဘတွေအတွက်လည်း ဘာမှအကျိုးမယုတ်ပါဘူး။ ဒီတော့ အော်ဟစ်သံတွေ နည်းပြီး အေးချမ်းတဲ့ အိမ်ကမ္ဘာလည်း ဖြစ်စေဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။