backup og meta

ကျောင်းနေရွယ်ကလေးများကို ထိန်းကျောင်းရာတွင် မိဘများဖြစ်တတ်သည့် အမှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းနေရွယ်ကလေးများကို ထိန်းကျောင်းရာတွင် မိဘများဖြစ်တတ်သည့် အမှားများ

    သင့်တွင် မူလတန်းအရွယ်ကလေးများရှိပါက သူတို့ကို ကျန်းမာသော လူနေမှုပုံစံနှင့် ကောင်းမွန်သော ဘဝပုံရိပ်များရရှိအောင်ပြုစုပျိုးထောင်ပေးရမည်မှ သင့်တာဝန်ပင်ဖြစ်သည်။ ကလေးများသည် သင့်စိတ်တိုင်းကျညွှန်ကြားချက်များကို တသဝေမတိမ်း လိုက်နာမည်မဟုတ်ပါ

    သင့်နည်းပေးလမ်းပြမှုများသည် သင့်ကလေးကို ထိန်းကျောင်းရာတွင် မှားယွင်းနေသလား သင်စဉ်းစားမိပါသလား၊

    ထိုသို့မှားယွင်းနေပါက ယင်းတို့အစား ပိုပြီး ပညာသားပါသော နည်းများဖြင့် ကိုင်တွယ်နိုင်ကြောင်း အောက်ပါအတိုင်းရေးသားအကြံပေးလိုက်ရပါသည်။

    သင့်ကလေးသည် အဝလွန်နေသော်လည်း လက်မခံခြင်း

    ကျောင်းနေရွယ်ကလေးများ နှင့် အရွယ်ရောက်စ မြီးကောင်ပေါက်များသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများစွာကို ကြုံတွေ့ရပါသည်။ ထို့ကြောင့် ထိုကာလတွင် ကိုယ်လက်လှုပ်ရှားမှုများလုပ်ခြင်း၊ ကျန်းမာစေသော အစာများစားခြင်းတို့ပြုလုပ်ရန် လိုပါသည်။

    ထိုအချိန်သည် ကောင်းသော အကျင့်များစတင်အောင် မွေးပေးနိုင်သလို အကျင့်ဆိုးများလည်း အမြစ်တွယ်ရလွယ်ကူသော အချိန်ပင်ဖြစ်ပါသည်။

    သွေးတိုးခြင်း၊ သွေးတွင်းသကြားဓါတ်များခြင်းနှင့် သွေးတွင်းအဆီဓါတ်များခြင်းတို့သည် လူကြီးများတွင် ဖြစ်သောရောဂါဟု လူအများစုက မှတ်ယူထားခြင်းသည် မှားယွင်းသော အယူအဆပင်ဖြစ်သည်။ ကလေးဘဝတွင်ကိုယ် အလေးချိန်လွန်ကဲမှုဖြစ်ခြင်းကြောင့် ထိုရောဂါများဖြစ်လာနိုင်ချေများပါသည်။

    သင့်ကလေးသည် အဝလွန်နေပါက သင့်ကလေးကို သူ့ကိုယ်ခန္ဓါအရွယ်အစားနှင့် ပက်သက်ပြီး အရှက်ရအောင် ပြောဆိုခြင်းရှောင်ကျဉ်ပါ။

    ထို့ပြင် ကလေး၏ မိသားစုဝင်များ၊ မိဘများက အဝလွန်နေလျှင်၊ ကျန်းမာရေးနှင့် မသင့်တော်သော အစားအသောက်များစားခြင်း၊ တက်ကြွစွာ လုပ်ကိုင်ခြင်းမရှိလျှင် သင့်ကလေးသည်လည်း ထိုသို့သော အမူအကျင့်များကို အတုယူမည်ဖြစ်သည်။

    သင့်ကလေးကို ပြောသောစကားများ သည် လက်လွတ်စပယ်ဖြစ်သွားခြင်း

    သင့်ကလေးကို နားပူနားဆာ ဆူပူခြင်း နှင့် ဝေဖန်အပြစ်ပြောဆိုးခြင်း များလုပ်မည့်အစား သူတို့ပြုလုပ်သော အရာများကို ချီးကျူးစကားပြောပေးပါ။ ဥပမာ- သူဝါသနာပါသော အားကစားနှင့် ပက်သက်ပြီး ချီးမွမ်းလိုက်ခြင်းက သင့်ကလေးကို စိတ်ပိုင်းဆိုင်ရာအရ အင်မတန် အထောက်အကူဖြစ်ပါလိမ့်မည်။

    သင်သည် အပြောနှင့်အလုပ်မညီခြင်း

    သင့်ကလေးသည် သင့်စကားကိုနားမထောင်ခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းသည် သင်သည် အပြောတခြား အလုပ်တခြားလုပ်နေခြင်းဖြစ်သည်။ သင့်ကလေး အတွက် သင်သည် စံပြကောင်းတဦးအနေနှင့် ဖြစ်နေပါမှ သင်ဖြစ်စေချင်သည့်အတိုင်းသင့်ကလေးကို ပုံသွင်းရလွယ်ကူပေမည်။ ထိုသို့ဆိုရာ သင့်နေ့စဉ် နေထိုင်မှုပုံစံများသည် သင့်ကလေးအပေါ်သက်ရောက်မှုရှိသည်။

    ဥပမာ- သင်သည် ဆေးလိပ်၊ မူးယစ်ဆေး ၊ အရက်စသည်တို့်ကို သုံးသလား၊ သင်သည် စိတ်ဖိစီးမှုများနှင့် ပြသနာများကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်အပေါ်ဘယ်လို ဆက်ဆံသလဲ စသည်တို့သည် ကလေးများအတွက် အတုမြင် အတတ်သင်စရာများ ဖြစ်လာနိုင်ပါသည်။

    ကလေးများအားပြောသင့်သည်များကို ကြိုမပြောဖြစ်ခြင်း

    အပျိုဖော် လူပျိုဖော်ဝင်ခြင်းသည် အစောဆုံး အသက် ၉ နှစ်မှ စဖြစ်နိုင်သောကြောင့် ထိုအချိန်တွင်ဖြစ်လာမည့် ပြောင်းလဲမှုများကို ကလေးများအားကြိုပြီး ပြောပြထားသင့်ပါသည်။

    ဥပမာ- မိန်းကလေးများသည် ရာသီသွေးပေါ်ခြင်း၊ ချိုင်းမွှေးများထွက်လာခြင်း နှင့် ရင်သားများစူဖြိုးလာခြင်း တို့ဖြစ်လာကြောင်းနှင့် ယောကျာ်းလေးများသည် ဆီးခုံမွှေးများထွက်လာခြင်း နှင့် အသံများပြောင်းလာခြင်းတို့ရှိလာမည်ဖြစ်ကြောင်းမိဘများသည် ကြိုပြောပြထားသင့်သည်။

    သို့သော်မိဘများသည် ကလေးများအတွက် ထိုအရာများကို ကျောင်းတါင်ရှိသော လိင်မှုပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းများက ပြောပြလိမ့်မည်ဟု ထင်မှတ်ပြီး ကလေးများကို မပြောပြဘဲရှိတတ်သည်။

    သင့်ကလေးကို တစ်နှစ်တစ်ခါ ဆေးခန်းပြရန် ပျက်ကွက်ခြင်း

    သင့်ကလေးကို ကလေးဆရာဝန်ထံသွားပြခြင်းသည် သင့်ကလေး၏ နှစ်စဉ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကို သိရှိနိုင်သောကြောင့် ထိုအရာကို မပျက်ကွက်ရန် အရေးကြီးပါသည်။

    သင့်ကလေး အနိုင်ကျင့်ခံရနေခြင်းကို သတိမထားမိခြင်း

    အနိုင်ကျင့်ခြင်းသည် အထက်တန်း ကျောင်းသားများကြားတွင် အဖြစ်များပါသည်။

    သင့်ကလေးသည် စိတ်ဖိစီးမှုနှင့် အနိုင်ကျင့်ခံရမှုများကြောင့် ကိုယ်လက်နာကျင် ကိုက်ခဲခြင်းများဖြစ်နေသည်ကို သင်သတိပြုသင့်သည်။

    သင့်ကလေးသည် အနိုင်ကျင့်ခံနေရကြောင်းသံသယဖြစ်စေနိုင်သည့် နောက်တချက်မှာ သင့်ကလေးသည် ကျောင်းကို စိတ်အားတက်ကြွစွာသွားနေရာမှ ရုတ်တရက်ကျောင်းသွားချင်စိတ်မရှိတော့ခြင်းဖြစ်သည်။

    ထိုသို့ သင့်ကလေးအနိုင်ကျင့်ခံနေရကြောင်း သံသယရှိပါက သင်သည် ကျောင်းတွင်တာဝန်ရှိသော ပုဂ္ဂိုလ်များနှင့် သွားရောက်တွေ့ဆုံသင့်သည်။ ထို့နောက် ဖြစ်ကြောင်းကုန်စင်ကို နားလည်သဘောပေါက်ရန် ကလေး၏ ဆရာမနှင့် ဆွေးနွေးမှုများ ပြုလုပ်သင့်သည်။

    အနိုင်ကျင့်ခြင်းကို အင်တာနက်၊ စာပို့ခြင်း၊ လူမှုကွန်ရက် စာမျက်နှာများတဆင့်လည်း ပြုလုပ်နိုင်ခြင်းကြောင့် သင့်ကလေးသုံးနေသော ကွန်ပျူတာကို မိသားစုအားလုံးရှိသော အခန်းထတြွင် ထားခြင်းဖြင့် သင့်ကလေးကို Facebook, Twtter အစရှိသည့် သူသုံးနေသော လူမှုကွန်ယက်စာမျက်နှာများမှ တဆင့် အနိုင်ကျင့်မှုများရှိပါက သင်ချက်ချင်းသိနိုင်မည်ဖြစ်ပါသည်။

    သင့်ကလေးသုံးနေသော ပရိုဂရမ်များတွင် လျှို့ဝှက် ကုတ်များထဲ့သွင်းထားခြင်းမျိုးထက် သင်နှင့် သင့်ကလေးသည် လူမှုကွနါယက်စာမျက်နှာများနှင့် ပက်သက်ပြီး ပွင့်လင်းစွာတိုင်ပင် ပြောဆိုခြင်းမျိုးရှိသင့်ပါသည်။

    သင့်ကလေးများကို အချိန်ဇယားများထဲတွင် ပိတ်လှောင်ထားခြင်း

    သင့်ကလေးကို သူ့အချိန်နှင့်သူလုပ်တတ်အောင် သင်ပေးခြင်းသည် ကောင်းမွန်သော်လည်း အချိန်ဇယားများထဲတွင် ပိတ်လှောင်ထားခြင်းက သင့်ကလေး၏ အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ကျဆင်းစေပါသည်။

    ထို့ကြောင့် သင့်ကလေး၏ အချိန်များကို သင့်တင့်မျှတစွာ စီစဉ်ပေးပြီး ကျောင်းပြင်ပ အားကစားများအတွက်လည်း အချိန်ပေးသင့်ပါသည်။ ကလေများသည် တယောက်နှင့် တယောက်အားသန်ရာ မတူညီကြသောကြောင့် သူတို့စိတ်ဝင်စားသောအရာများကို နားထောင်ပြီး တတ်နိုင်သမျှ အချိန်ပေးလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement