backup og meta

အင်တာနက်ဂိမ်းများသည် ကလေး၏ သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်သည်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်တာနက်ဂိမ်းများသည် ကလေး၏ သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်သည်

    မိဘများသည် ယခုခေတ်တွင် ကလေးများဘဝတွင် တစ်စိတ်တစ်ပိုင်းနေရာယူလာသော ဗီဒီယိုဂိမ်းများမှ ရနိုင်သော အကျိုးကျေးဇူးအစား ဖြစ်နိုင်သော အန္တရာယ်ကိုသာ တွေးကြသည်။ ထို အင်တာနက်ဂိမ်းများသည် ကလေး၏ သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်သည် များလည်း ရှိပါသည်။

    ၎င်းတို့သည် မိဘများမှ အားလပ်ချိန်တွင် သင့်တော်သော ကစားနည်းများကိုရွေးချယ်နိုင်ရန် ကူညီသကဲ့သို့ ဆရာများကိုလည်း စာသင်ခန်းတွင် စာသင်သည့်အခါ အထောက်အကူဖြစ်စေသော နည်းလမ်းများကို ရှာဖွေတွေ့ရှိစေသည်။ ဂိမ်းကို ဖန်တီးသော ပညာရှင်များသည် ပညာရေးတွင် ပိုပြီး အထောက်အကူပြုနိုင်သော ဂိမ်းကစားနည်းများကို ဖန်တီးနိုင်ရန် တိုက်တွန်းပေးသင့်ပါသည်။

    အင်တာနက်ဂိမ်းများသည် ကလေး၏ သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်သည်

    အင်တာနက်ဂိမ်းများသည် ကလေး၏ သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်သည် …. ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့

    • ဗီဒီယို ဂိမ်းများသည် ပြဿနာကိုဖြေရှင်းနိုင်သောစွမ်းရည်နှင့် တီထွင်ဆန်းသစ်နိုင်မှုကို တိုးတက်စေသည်။

    ထိုဂိမ်းများသည် ကလေး၏ ဦးနှောက် ဖွံ့ဖြိုးမှုကို အားပေးသည်။ ကစားသမားများ၏ တီထွင်နိုင်စွမ်းနှင့် ကိုယ့်ကိုယ့်ကို ဖော်ပြမှုကို ကောင်းစေသည့်အပြင် ကစားနည်း၏ စည်းမျဉ်းစည်းကမ်းများ၊ ဖွဲ့စည်းပုံများကို သိရှိလိုက်နာရခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဝင်စားမှုကိုလည်း တိုးတက်စေသည်။

  • ဗီဒီယိုဂိမ်းများကြောင့် သမိုင်းနှင့် ယဉ်ကျေးမှုကို စိတ်ဝင်စားမှု ပိုကောင်းစေသည်။
  • အချို့သော ဂိမ်းများသည် ကလေးများကို အကြောင်းအရာတစ်ခုကို ထပ်မံလိုက်လံရှာဖွေဖတ်ရှုရန် တွန်းအားပေးသည်။ ထိုဂိမ်းမျိုးတွင် ဒဏ္ဍာရီလာ ခေတ်များ၊ လူမှုပတ်ဝန်းကျင်ဖွံဖြိုးလာခြင်း၊ ဘုရင်မင်းဆက်များအကြောင်း တို့ပါဝင်သောကြောင့် ကလေးများ၏ သမိုင်း၊ နယ်မြေအပိုင်းအခြားများ၊ ရှေးဟောင်းယဉ်ကျေးမှုများ နှင့် နိုင်ငံအချင်းချင်း ဆက်ဆံရေးများကို စိတ်ဝင်စားမှု တိုးတက်စေသည်။

    • ဗီဒီယိုဂိမ်းများသည် ကလေးများကို မိတ်ဆွေ အပေါင်းအသင်းတိုးစေသည်။

    ကလေးအများစုသည် ဂိမ်းများကိုကစားခြင်းသည် သူတို့၏ လူမှုဆက်ဆံရေးအဖြစ် မှတ်ယူကြသည်။ ဂိမ်းကစားလျှင် သူငယ်ချင်းများကို ထပ်မံရရှိပြီး သူတို့နှင့် အတူတူ အချိန်အချို့ကို ဖြတ်သန်းကြရသည်။

    • ဗွီဒီယိုဂိမ်းများသည် လေ့ကျင့်ခန်းလှုပ်ရှားမှုကို အားပေးလှုံ့ဆော်သည်။

    ဂိမ်းကစားသူများသည် အားကစားနည်း ဂိမ်းများကို ကစားရင်းဖြင့် ထိုကစားနည်းကို အပြင်တွင် လေ့ကျင့်ဖြစ်ကြသည်။ အချို့သည် ကစားနည်းအသစ်များကို ဂိမ်းကစားပြီးနောက် အပြင်တွင် စမ်းသပ်ကစားကြသည်။ အပြင်တွင် တကယ်ရှိသော ဗီဒီယိုဂိမ်းမျိုးကို ကစားခြင်းဖြင့် လက်တွေ့ဘဝတွင် အားကစားလုပ်သော အချိန်ပိုပေးဖြစ်ကြသည်။

    • ဗီဒီယို ဂိမ်းများသည် ကလေးများကို ယှဉ်ပြိုင်ခြင်း၏ အနှစ်သာရကို အချင်းချင်း မျှဝေစေသည်။

    ကလေးများ အချင်းချင်း အခြေအနေနှင့် အရာဝင်မှုကို ယှဉ်ပြိုင်တတ်သည်မှာ ပုံမှန်သဘာဝပင် ဖြစ်သည်။ ဗီဒီယိုဂိမ်များသည် သူတို့အတွက် ထိုသို့ယှဉ်ပြိုင်မှုမျိုးပြုလုပ်ရန် အကောင်းဆုံးနေရာဖြစ်သည်။ အားကစားတွင် မထူးချွန်သော ကလေးကို ထူးချွန်စွာ ကစားနိုင်သည့် အခွင့်အရေးမျိုးကို ထိုဂိမ်းများကပေးသည်။

    • ဗီဒီယိုဂိမ်များသည် ကလေးများကို ဦးဆောင်နိုင်စွမ်းကို ပေးနိုင်သည်။

    ကလေးတစ်ယောက်သည် အုပ်စုလိုက် ဂိမ်းကစားသည့်အခါ သူတို့ အလှည့်များပြောင်းလဲကစားပြီး ဂိမ်းတွင် လိုအပ်သောအရည်အချင်းရှိသူ၏ ဦးဆောင်မှုနောက်ကိုလိုက်လုပ်ကြသည်။ အသက်အရွယ်မတူသော အဖွဲ့ဝင်များကို ဦးဆောင်ရနိုင်သည်။ အဖွဲ့ကို အနိုင်ရအောင် ဦးဆောင်နိုင်လျှင် အသက်ဘယ်လောက်ဆိုသည်မှာ အရေးမပါပေ။

    • ဗီဒီယိုဂိမ်းများသည် သူတစ်ပါးကို သင်ကြားရန် အခွင့်အရေးကိုလည်းပေးသည်။

    အချို့ကလေးများသည် ဂိမ်း၏ အခက်ဆုံးအပိုင်းကို ဘယ်လိုတိုက်ခိုက်ရမည်ကို သိသောကြောင့် အခြားကလေးများကို သင်ကြားပေးခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေးနှင့် လူမှုရေးကိုတိုးတက်စေသည်။

    • ဗီဒီယိုဂိမ်းများသည် မိဘနှင့် ကလေးများကို ပူးပေါင်းဆောင်ရွက်မှုကောင်းစေသည်။

    ယခုခေတ်တွင် အချို့သော ဗီဒီယို ဂိမ်းများသည် စတင်ကစားသော သူများအတွက်လည်း အလွယ်တကူကစားနိုင်စေရန် ပြုလုပ်ပေးထားသည်။ ဂိမ်းကစားခြင်းသည် အချင်းချင်း အတူတကွ အချိန်ကိုကုန်ဆုံးနိုင်စေသည်။ ထို့အပြင် အတူဆော့ကစားခြင်းဖြင့် စကားများများ ပြောဖြစ်ပြီး သင့်ကလေးကို ပြသနာများနှင့် အောင်မြင်မှုများကို သင့်ကို ဝေမျှတတ်စေရန် အားပေးသည်။

    သို့သော်  သင့်ကလေး အင်တာနက်ဂိမ်းများကြောင့် အန္တရာယ်မဖြစ်စေရန် ဂိမ်းဆော့သည့်အချိန်ကို ကန့်သတ်ရန်လိုသလို ကြမ်းတမ်းသည့် သွေးထွက်သံယိုဂိမ်းများ မဆော့ရန် စောင့်ကြည့်ဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement