backup og meta

သင့်မြီးကောင်ပေါက်အရွယ်ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းများ


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မြီးကောင်ပေါက်အရွယ်ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းများ

    သင့်ရဲ့ကလေးတွေကြီးပြင်းလာသည့်အခါသူတို့က “ဆယ်ကျော်သက်” ဟုခေါ်သည့်ကာလကို ကျော်ဖြတ်ရပါလိမ့်မယ်။ အများအားဖြင့်, ဒီကာလမှာ သူတို့ရဲ့ လိင်, စိတ်ပိုင်း သို့မဟုတ်အပြုအမူတွေအများအပြားပြောင်းလဲမှုများရှိနေပါတယ်။ မိဘတစ်ဦးဖြစ်ရင် သင့်ရဲ့ တာဝန်ကတော့ သူတို့ကိုသင့်ရဲ့လမ်းညွှန်မှု အောက်မှာ ကိုယ်ပိုင်ရွေးချယ်မှုလွတ်လပ်ခွင့်ပေးဖို့နဲ့ စည်းကမ်းရှိဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ သင့်ကလေးကို ဆက်ဆံပုံဟာ သူတို့ရဲ့အမူအကျင့်များနှင့်အိမ်တွင်း ပဋိပက္ခတွေကို အကျိုးသက်ရောက်စေပါလိမ့်မယ်။

    ဒီဆောင်းပါးမှာတော့ သင်တို့ကြိုးစားကြည့်နိုင်တဲ့ အကြံပြုချက်များကိုပြသပါလိမ့်မယ်။

    သင့်ကလေးကို လေးစားမှုပြပါ။

    ဤကာလများမှာ ဆယ်ကျော်သက်တွေဟာ သူတို့ကိုယ်သူတို့လက်ခံနိုင်အောင် တစ်နည်းနည်းနဲ့ဖော်ပြပါလိမ့်မယ်။ သူတို့ကမလေးစားသလို လုပ်ပြီး မိဘတွေရဲ အာရုံစိုက်မှုရအောင်လုပ်ပါလိမ့်မယ်။ ဒီအချိန်က သင်စိတ်တည် ငြိမ်ဖို့အရေးကြီးပါတယ်။ သူတို့ကို လေးစားမှုပြပြီး စကားပြောရင်းအချိန်ဖြုန်းကြည့်ပါ။ ဒီအခါ သူတို့ဆက်ဆံခံရတဲ့ နည်းအတိုင်း သင့်ကို တုံ့ပြန်ပါလိမ့်မယ်။ သင့်အနေနဲ့လည်း အခြားသူများကိုလေးစားမှုရှိတာဟာ အရွယ်ရောက်ကြီးပြင်းဖို့အတွက် လေ့ကျင့်ရန်လိုအပ် တဲ့ အပြုအမူဖြစ်ကြောင်း သူတို့သိအောင်ပြောပြပါ။

    သင့်ကလေးနှင့်အတူ ထူးခြားတဲ့ အချိန်တွေကုန်ဆုံးပါ။

    ကြီးထွားလာသည့်အခါကလေးတွေက တစ်ဦးတည်းနေဖို့ လိုချင်ပါလိမ့်မယ်။ သင့် အနေနဲ့လည်း ခွင့်ပြုပေးသင့်ပါတယ်။ သို့သော် သင့်အနေနဲ့ မိသားစုစနေနေ့ညစာစားတာ သို့မဟုတ်မယ့်ဈေးဝယ်ထွက်တာ စတဲ့ တစ်ပါတ်အတွက်အထူးအချိန်တွေ ရှိသင့်ကြောင်းအကြံပြုနိုင်ပါတယ်။ ဒီအချိန်လေးတွေက ကလေးတွေစကား နားထောင်ဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ သင်က သင့်ကလေးလိုတဲ့ဘာမဆိုပြောပြဖို့ မျှဝေဖို့ ခွင့်ပြုပါ။ ဒါဆို သင့်ကလေးတွေအနေနဲ့ သူတို့ကိုယ်ပိုင်အချိန်ရှိတာကို သိသလို သူတို့ကို ဂရုစိုက်တတ်တဲ့ မိသားစုရှိနေတာကို နားလည်ပါလိမ့်မယ်။

    သွယ်ဝိုက်ချဉ်းကပ်ဖို့ ကြိုးစားပါ။

    သင်က သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုများ, သူတို့ရဲ့ကျောင်းသို့မဟုတ်မိတ်ဆွေတွေအကြောင်းကိုမေးခွန်း အများအပြားမေးပြီး ထိန်းချုပ်ဖို့ကြိုးစားတဲ့အခါ, သင့်ကလေးတွေက သူတို့အလေးအနက်စောငိကြည့်ခံနေရတယ်လို့ခံစားမိပါလိမ့်မယ်။ သူတို့မိဘတွေ အရာရာကိုသိတာ မလိုချင်ကြတဲ့အတွက် မုသားစကားပြောဖို့ ဦးတည်သွားစေပါလိမ့်မယ်။ ဒီကိစ္စမှာ မိဘတွေလုပ်သင့်တာက သွယ်ဝိုက်နည်းလမ်းများနဲ့ချဉ်းကပ်တာဖြစ်ပါတယ်။ ‘ ဒီနေ့အဆင်ပြေလား ‘ လိုမေးတာမျိုးဖြစ်ပါတယ်။ သူတို့ပြောပြချင်လျှင်, ပြောပြပါလိမ့်မယ်။ သူတို့မပြောပြချင်လျှင်, သင်ကပိုမေးရန်မလိုအပ်ပါ။ သူတို့ပြောပြဖို့ အဆင်သင့်ဖြစ်နေတဲ့အကြောင်း အခြားနေ့ရက်တွေမှာ သင်တွေ့ပါလိမ့်မယ်။

    ကျိုးကြောင်းဆီလျော်တဲ့ မျှော်လင့်ချက်များသတ်မှတ်ပေးပါ။

    သူတို့ကို ရမှတ်မြင့်မြင့်ရတာတွေ ထိပ်တန်းတက္ကသိုလ်ရတာတွေ စတဲ့ သင့်ရည်မှန်းချက်တွေပေးမဲ့အစား သူတို့ကို ကြင်နာထောက်ထားတတ်အောင်, လေးစားမှုရှိအောင်, ရိုးရိုးသားသားနှင့်စေတနာထားတတ်သူဖြစ်အောင် ပဲအာရုံစိုက်သင့်ပါတယ်။ ဘာလို့ဆို ကလေးတိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေရှိပါတယ်။ သင့်အခြားကလေးတွေနဲ့တန်းတူ ပုံသေကားကျချည်း စီမံနေလို့မရနိုင်ပါဘူး။ ပညာတတ်အောင် လူကောင်းတစ်ယောက်ဖြစ်အောင်လုပ်တာက သင့်တော်တဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

    သူတို့အပြုအမူကောင်းတွေလုပ်တဲ့အခါ ချီးမွမ်းပေးပါ။

    သူတို့အပြုအမူကောင်းတွေလုပ်တဲ့အခါ အားပေးဖို့ မမေ့ပါနဲ့ ။ အချို့မိဘတွေက အနုတ်လက္ခဏာဆောင်တဲ့ အလေ့အထရှိပြီး အခြေခံအယူအဆဖြစ်တဲ့ ချီးမွမ်းခြင်းကို မေ့လျော့တတ်ကြပါတယ်။ ကလေးများဟာ မကြာခဏဆုချခံရသောအခါသူတို့ရဲ့ ကောင်းတဲ့ အပြုအမူတွေကိုပြန်လုပ်ဖို့ ကြိုးစားပါလိမ့်မယ်။

    “ဆယ်ကျော်သက်” အချိန်မှာ ကလေးပြုစုပျိုးထောင်ခြင်းက သင်နှင့်သင့်ကလေးနှစ်ဦးစလုံးအတွက် လွယ်တဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် အထက်ပါ အကြံပေးချက်များနှင့်အတူ, သင့်ကျွမ်းကျင်မှုကို သုံးပြီး ဒီစိန်ခေါ်မှုကို ရင်ဆိုင်နိုင်ပါတယ်။

    Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement