backup og meta

သင့်အိမ်ကို အလွန်သန့်ရှင်းအောင် ကြိုးစားနေပါသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အိမ်ကို အလွန်သန့်ရှင်းအောင် ကြိုးစားနေပါသလား

    ကလေးများသည် သူတို့ပတ်ဝန်းကျင်ရှိပစ္စည်းများအားလုံးကို ကိုင်ပြီး ပါးစပ်ထဲထည့်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ မိဘအများစုသည် ကလေးကထိုသို့ပြုလုပ်တတ်သောကြောင့် ကလေးကျန်းမာစေရန် အိမ်ကိုသန့်ရှင်းအောင် ထားရန်ကြိုးစားတတ်ကြသည်။ သို့သော် အိမ်ကို အလွန်သန့်ရှင်းစေရန် မည်သို့တတ်နိုင်မည်နည်း။ ကလေးကို ကျန်းမာစေရန် ပတ်ဝန်းကျင်ကို မည်မျှသန့်ရှင်းအောင်ထားရန်လိုပါသနည်း။

    သန့်ရှင်းမှုနှင့် ကျန်းမာခြင်း

    သန့်ရှင်းခြင်းသည် ရောဂါပိုးများပျံနှံ့ခြင်းကို တားဆီးပေးရန်အတွက် အရေးကြီးသည်။ သို့သော် လွန်ခဲ့သောနှစ်၂၀ ခန့်က ဓာတ်မတည့်မှုများစတင်ဖြစ်ပေါ်လာပြီး ဘာကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့ မသိခဲ့ပေ။ တုပ်ကွေးအဖြစ်များချိန်တွင် လက်ဆေးခြင်းကို ကျန်းမာရေးဌာနမှ တိုက်တွန်းသည့်အတွက် လက်ဆေးဆပ်ပြာရည်များ အရောင်းတက်ခဲ့ကြသည်။ ဆိုလိုရင်းကတော့ ခေတ်ပေါ်သန့်ရှင်းရေးနည်းများသည် ကျွန်ုပ်တို့ကို ရောဂါပိုးများကို ထိတွေ့ခြင်းကို နည်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါသည်။

    သို့သော် ကူးစက်ရောဂါများသည် အဓိကစိတ်ပူရမည့်အရာများဖြစ်ပြီး ထိုရောဂါများနှင့်ပတ်သက်ပြီး မိခင်များသည်ကလေးများအတွက် အစိုးရိမ်လွန်ကြသည်။ စင်စစ် ကျွန်ုပ်တို့သည် ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါများကိုသဘာဝအတိုင်း တွန်းလှန်နိုင်သော စွမ်းရည်တိုးတက်စေရန် အိမ်တွင်းရှိ ရောဂါပိုး ၉၉.၉ ရာခိုင်နှုန်းကို လိုအပ်သည်။

    သန့်ရှင်းမှုအတွက် ထင်မြင်ယူဆချက်

    ကျွန်ုပ်တို့သည် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်သန့်ရှင်းရေးကို ကောင်းမွန်စွာပြုလုပ်ရန် အရေးကြီးသည်။

    ကလေးများသည် ငယ်စဉ်အချိန်တွင် ရောဂါပိုးများကို ထိတွေ့နိုင်ချေနည်းသောကြောင့် အသက်ကြီးလာသည့်အခါ ဓာတ်မတည့်ခြင်း၊ ရင်ကျပ်ခြင်း၊နှင့် ကိုယ်ခံအားမှအလိုလို တိုက်ခိုက်နေသောရောဂါများကို ပိုဖြစ်တတ်ကြသည်။ ထိုသို့သော တွေးထင်ယူဆခြင်းကို သန့်ရှင်းမှုအတွက် ထင်မြင်ယူဆချက်ဟုခေါ်သည်။ တကယ်တမ်းတွင် အကြီးရှိသောကလေးများ၊ ကွင်းပြင်ထဲတွင် ကြီးပြင်းရသော ကလေးများ၊ နှင့် ကလေးထိန်းကျောင်းသို့ပို့ထားသော ကလေးများတွင် ဓာတ်မတည့်ခြင်းဖြစ်ပေါ်မှုနည်းပုံရသည်။

    ရောဂါပိုးများကို ထိတွေ့ခြင်းသည် ကလေးများကြီးလာသောအခါ သူတို့အတွက် ကောင်းကြောင်း သက်သေပြထားသော လေ့လာချက်များရှိသည်။ သုတေသီများက တိရိစ္ဆာန်မစင်များနှင့် ထိတွေ့မှုရှိသော ကလေးများနှင့် အသက်နှစ်နှစ်အောက်တွင် ဝမ်းလျောရောဂါဖြစ်သော ကလေးများတွင် အသက်ကြီးလာသောအခါ ခန္ဓာကိုယ်တွင် ရောင်ရမ်းမှု ရောဂါများ သိပ်မဖြစ်ပေ။ ရောင်ရမ်းမှုဖြစ်စဉ်သည် ခန္ဓာကိုယ်တွင် နှလုံးရောဂါ၊ ဆီးချို နှင့် အသိဉာဏ်ပျောက်ဆုံးသောရောဂါများကဲ့သို့သော ရေတာရှည်ရောဂါများနှင့် ဆက်စပ်နေသည်။

    ထိုသို့ဖြစ်လျှင်မိဘများသည် ဘာလုပ်ပေးနိုင်ပါသလဲ။

    သင့်ကလေးကို ကျန်းမာအောင်ထားရန် ဘဝတွင် အခြားအရာများကို ဟန်ချက်ညီအောင် ပြုလုပ်ထားရန်လိုသည်။ သန့်ရှင်းမှုအတွက် စံနှုန်းများသည် လျော့မချသင့်ပေ။ သန့်ရှင်းမှုဆိုသည်မှာ ဖုန်လုံး၀ မရှိအောင် သန့်ရှင်းနေသည့် နေရာကိုစိတ်စွဲနေခြင်းမျိုးမဟုတ်ပေ။ သန့်ရှင်းမှုရှိခြင်းသည် ရောဂါပိုးများ မပျံနှံ့စေရန်ကာကွယ်ခြင်းနှင့် ရောဂါပိုးများ မကူးစက်စေရန် ကာကွယ်ခြင်းဖြစ်သည်။

    ရောဂါပိုးများကို ထိတွေ့ခြင်းသည် သင့်ကလေး၏ ကိုယ်ခံအားကို ကောင်းစေသည်။ ကျန်းမာပြီး ကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ရရှိစေရန် အာဟာကို မျှတစေပြီး၊ လေ့ကျင့်ခန်းလုပ်ပေးရန်လည်း လိုအပ်သည်။ ပတ်ဝန်ကျင်မှ သက်ရောက်သည့်အချက်များ၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းနှင့် ဓာတ်မတည့်သည့် ရာဇဝင်ရှိခြင်းများသည်လည်း ကလေး၏ ကိုယ်ခံအားကို သိရန် အရေးကြီးသော အချက်များဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement