ပထမတမျိုးက၇၂နာရီအတွင်း ဖြစ်ပွားထားတဲ့ကိစ္စမျိုးပါ။ ကလေးကိုဆေးရုံခေါ်သွားရမှာ ဖြစ်သလိုရဲစခန်းကိုလည်းအကြောင်းကြားရပါမယ်။ ဆေးရုံရောက်တဲ့အခါသင့်ကလေးမှာလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိမရှိနဲ့အတွင်းပိုင်းဒါဏ်ရာတွေရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။ ဒီနေရာမှာအရေးကြီးတာကဆေးဝါးကုသမှုကိုအချိန်မီခံယူနိုင်ဖို့နဲ့မှန်ကန်လုံလောက်တဲ့သက်သေအထောက်အထားတွေရယူနိုင်ဖို့အတွက်ကလေးကိုရေချိုးမသန့်စင်ပေးမီဆေးရုံကိုခေါ်သွားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
နောက်တမျိုးကလွန်ခဲ့တဲ့၇၂နာရီအကျော်အချိန်တခုခုမှာ ဖြစ်ပွားထားတဲ့ကိစ္စမျိုးတွေပဲ ဖြစ်တယ်။ ဒီလိုအနေအထားမျိုးမှာလည်းရဲကိုအကြောင်းကြားဖို့လိုသလိုကလေးကိုဆေးရုံခေါ်သွားဖို့လည်းလိုအပ်ပါတယ်။
ကလေးကိုဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှာလဲ။
မစမ်းသပ်ခင်မှာဆရာဝန်ဒါမှမဟုတ်လူမှုရေးအကူအညီပေးတဲ့ဝန်ထမ်းတယောက်ကသင့်ကလေးဘာဖြစ်ခဲ့တယ်ဆိုတာကိုနားထောင်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ပေးခြင်းဟာနောက်ပိုင်းဆက်လက်ကုသမှုနဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါဆရာဝန်အနေနဲ့ခဏနေလို့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါဘာတွေဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြပြီးမိဘအုပ်ထိမ်းသူဆီကခွင့်ပြုချက်တောင်းခံမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။