backup og meta

သင့်ကလေးအတွက် ဘေးအကင်းဆုံး အိပ်စက်မှုပုံစံ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးအတွက် ဘေးအကင်းဆုံး အိပ်စက်မှုပုံစံ

    ကလေးငယ်များအတွက် ပျမ်းမျှ အိပ်ချိန်သည် တစ်နေ့လျှင် နာရီ ၂၀ ခန့်ဖြစ်ပြီး လူကြီးများထက် နှစ်ဆခွဲပိုများသည်။ အိပ်စက်ခြင်းသည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်ကလေးကို အိပ်ချိန်အလုံအလောက်ပေးရန် အရေးကြီးသည်။ သို့သော် အိပ်သည့်အခါဖြစ်သောပုံစံ အနေအထားသည်လည်း အရေးကြီးသည်။ အောက်ပါတို့သည် သင့်ကလေး အိပ်နေစဉ်တွင် ဘေးကင်းစေရန် အခြေခံ ညွှန်ကြားချက်များဖြစ်ပါသည်။

    သင့်ကလေးအတွက် ဘေးကင်းသော အိပ်သည့်ပုံစံသည် မည်ကဲ့သို့နည်း။

    အမေရိကန် ကလေးငယ်များဆိုင်ရာ ပညာရေးအဖွဲ့အရ ကလေးများအတွက် ဘေးကင်းသော အိပ်သည့်ပုံစံသည် အထူးသဖြင့် ပထမ၆လတွင် ပက်လက်

    အိပ်သည့်ပုံစံ ဖြစ်သည်။ ကလေး၏ ဦးနှောက်သည်ထိုအချိန်တွင် ဖွံ့ဖြိုးဆဲဖြစ်သောကြောင့် တစ်စုံတစ်ရာ အန္တရာယ် ဖြစ်လာသောအခါ သူတို့ကို နှိုးနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ကလေးအသက်ရှုခက်ခဲနေသည့် အခါမျိုးတွင် အဖြစ်များသည်။ ကြာရှည်စွာအောက်ဆီဂျင် ပြတ်လပ်ခြင်းသည် အဖြစ်များဆုံးသော ကလေးများကို သေဆုံးစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်းကို ရုတ်တရက် ကလေးငယ်သေဆုံးခြင်းဟု ခေါ်သည်။ ပက်လက် အိပ်ခြင်းသည် ကလေးကို အိပ်နေစဉ် အောက်ဆီဂျင် အလုံအလောက်ရစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေသည်။ သုတေသနများအရ ကလေးကိုပက်လက် အိပ်စေခြင်းသည် ရုတ်တရက်သေဆုံးခြင်း ဖြစ်နိုင်ချေကိုလျော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်။

    လူအများသည်ကလေးကို ပက်လက်အိပ်ခိုင်းလျှင်အသက်ရှူကြပ်ခြင်း ဖြစ်ပေါ်စေမည်ဟု ထင်ကြသည်။ သို့သော် ထိုထင်မြင်ချက်အတွက် အထောက်အထားမရှိပေ။

    ကလေးများအတွက် အဆိုးဆုံး အိပ်စက်မှု ပုံစံ

    ကလေးများအတွက် အန္တရာယ်ရှိစေသော အိပ်သည့်ပုံစံမှာ မှောက်လျက်အိပ်စေခြင်းဖြစ်သည်။ ထိုအနေအထားသည် ကလေးကို ရှုထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိတွေ့ချိန်ကြာစေပြီး အဆိပ်သင့်စေသောကြောင့် ကလေး၏ အတွင်းအင်္ဂါများကို ထိခိုက်စေနိုင်သည်။ မျက်နှာကို မှောက်ပြီးအိပ်ခြင်းကြောင့် အပူချိန်တက်ခြင်းသည် သေဆုံးခြင်းများစွာ၏ အကြောင်းရင်းလည်းဖြစ်သည်။ အချို့အခြေအနေများတွင်ကလေးကို မှောက်လျက်ထားရန်လိုအပ်နိုင်သည်။ ဆရာဝန်မှကုသမှုအတွက်လိုအပ်၍ ညွှန်ကြားမှသာထိုသို့လုပ်ဆောင်ပါ။

    ဘေးတိုက်အိပ်ခြင်းသည် ပက်လက်အိပ်ခြင်း ကဲ့သို့ပင် ရွေးချယ်စရာ ပုံစံတစ်မျိုးပင်ဖြစ်သည်။ မိဘများသည် ကလေးကို ပက်လက်အိပ်လျှင် ခေါင်းပုံစံပျက်မည်ကို စိုးရိမ်သောကြောင့် ထိုနည်းကို ရွေးချယ်ကြသည်။ သို့သော် သုတေသနများက ဘေးတိုက်အိပ်ခြင်းသည်လည်း ဘေးကင်းမှုအတွက် အနည်းငယ် စိုးရိမ်ရနိုင်ကြောင်း ဖော်ပြထားသည်။ ကလေး၏ ခေါင်းပုံစံသည် ထိုင်သည့်အချိန်၊ လေးဘက်တွားသည့် အချိန်ရောက်လျှင် အလွယ်တကူပြုပြင်နိုင်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement