backup og meta

သင့်ကလေးရဲ့လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း၇ မျိုး။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးရဲ့လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း၇ မျိုး။

    လည်ချောင်းနာခြင်းကို ချက်ခြင်းကြီးသက်သာစေမယ့်နည်းလမ်းတော့ တကယ်မရှိပါဘူး ဒါပေမယ့် သင့်ကလေးတွေ လည်ချောင်းနာခြင်းရှိခဲ့ပါက သင့်ကလေးနေလု့ိသက်သာစေဖို့အတွက် သင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ တစ်ခါတစ်လေ ရိုးရှင်းတဲ့နည်းတွေက အကောင်းဆုံးပါပဲ။

    သူတို့ ကို အနားယူခိုင်းဖို့နဲ့ ရေသောက်ဖို့ သေချာဂရုစိုက်ပေးပါ။ ကလေးတွေက အရည်အများကြီး ရမယ်ဆိုရင် ချွဲတွေကို ပျော်သွားစေပြီး မြန်မြန် အပြင်ထွက်စေပါတယ်။ အရည်သောက်ပေးခြင်းကလည်း လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ သောက်နိုင်တဲ့အရည်တွေကတော့

    ၁။ ရေ

    ကလေးတွေကိုရေအလုံအလောက်သောက်ခိုင်းဖို့ဟာ မရှိမဖြစ်လုပ်ရမယ့်အလုပ်ပါ ပြီးတော့ သူတို့နေလို့မကောင်းချိန်မှာ ရေဓါတ်ပြည့်ဝနေဖို့ကလည်း

    အလွန်ကိုအရေးကြီးပါတယ်။ ရေသောက်ခြင်းနဲ့ လည်ချောင်းနာခြင်းကို ဖြစ်စေမယ့်ပိုးတွေကို တိုက်ထုတ်နိုင်ပြီး ဖြစ်လာမယ့် ဓါတ်မတည့်မှုတွေကို အဝေး

    ကိုရှင်းလင်းထုတ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ ရေဘယ်လောက်သောက်ဖို့လိုအပ်သလဲဆို တာ လူကြီးတွေလိုပဲ အပြောင်းအလဲရှိပါတယ်။ လူတစ်ယောက်ရဲ့လှုပ်ရှားမှု အပူချိန်နဲ့ရာသီဥတုအနေအထားပေါ်မူတည်ပါတယ်။ နောက်ပြီး အရေရွမ်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားခြင်းအပေ်ါလည်းမူတည်ပါတယ်။

    တကယ်လို့ ဆီးက များသောအားဖြင့်

    အရောင်ကြည်တယ်ဒါမှမဟုတ် အဝါရောင်ခပ်ဖျော့ဖျော့ရှိတယ်ဆိုပါက သင့်ကလေးဟာရေဓါတ် အလုံအလောက်ရနေတယ်ဆိုတာသိနိုင်ပါတယ်။

    ၂။ ပျားရည်

    ပျားရည်က လည်ပင်းကိုချ ိုတဲ့အရာသာနဲ့ အလွှာတစ်ထပ်လို ရှိနေပေးလို့ အများကြီးသက်သာနိုင်ပါတယ်။ သင့်ကလေးကို သဘာဝပျားရည်ကို ဇွန်းတစ်ဇွန်းစာလောက်မြိုချစေခြင်း ဒါမှမဟုတ် ရေခပ်နွေးနွေး ဖန်ခွက်တစ်ခွက်စာထဲ ပျားရည်ကိုထည့်ကာသေချာအောင်မွှေပြီး သောက်စေခြင်း

    လုပ်နိုင်ပါတယ်။

    အသက် နှစ်နှစ်အောက်ငယ်တဲ့ကလေးတွေကိုတော့ ပျားရည် နဲ့ပျားရည်ပါတာလုံးဝမတိုက် ရဘူးဆိုတာသေချာမှတ်ထားပေးပါ။

    ဘာဖြစ်လို့လဲဆိုတော့ ပျားရည်ဟာ ငယ်သေးတဲ့ကလေးတွေအတွက်အစာအဆိပ်သင့်ခြင်းတစ်မျ ိုးကို ဖြစ်စေလို့ပါပဲ။

    ၃။ အာလုတ်ကျင်းခြင်း။

    နှာခေါင်းထဲကို အစက်ချခြင်းက အနှောင့်အယှက်ဖြစ်ရုံသာမက ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

    ချောင်းဆိုးပျောက်မယ့် ဆေးအစက်ချခြင်းအစား ရေနွေးနွေးထဲမှာ ဆားကို လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံစီ

    လောက်ထည့်ပြီး သင့်ကလေးကို အာလုတ်ကျင်းခိုင်းပါ။

    ဒီနည်းလမ်းက လုံးဝအရှင်းကြီး မပျောက်သွားနိုင်စေပေမယ့် နာကျင်တာကို ခဏတစ်ဖြ ုတ်တော့ သက်သာနိုင်ပြီး လိုအပ်

    သလို မကြာခဏ ပြန်လုပ်ပေးလို့ရပါတယ်။

    ၄။ ကြက်သွန်ဖြ ူ

    ကြက်သွန်ဖြ ူဆိုတာ မယုံနိုင်လောက်စရာကောင်းတဲ့ ဘတ်တီးရီးယား ပိုးသေးဆေးတစ်ခုပါပဲ။ လည်ချောင်းနာခြင်း

    ကို လှုံဆော်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကိုသေစေပြီး အနာကျက်မြန်စေပါတယ်။ ကြက်သွန်ဖြ ူအတက်လေးတွေကို သေချာကြိတ်ချေပြီး ရေဆူဆူထဲမှာ ပွက်အောင်လုပ်ပါ။ ရေ

    ကအေးသွားပြီဆိုရင် ကလေးကိုတိုက်ပါ ဒါမှမဟုတ် အသီးအရွက်ဖျော်ရည်တစ်ခုခုနဲ့ရောတိုက်ပါ။

    ၆။ ဂျင်း

    ဂျင်းဆိုတာကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းသုံးခဲ့တဲ့ အရိုးရှင်းဆုံး ကုထုံးတစ်ခုပါပဲ။

    နည်းနည်းကြီးတဲ့ကလေးတွေကိုတော့ ဂျင်းတက် အပိုင်းခပ်သေးသေးကို ဝါးခိုင်းပြီးအရည်ကို မြိ ုချခိုင်းတာတွေ လုပ်လို့ရပါတယ်။

    ကလေးငယ်လေးတွေမှာကျတော့ ဂျင်းကို ရေခပ်နွေးနွေးရယ် ပျားရည်ရယ်နဲ့ဖျော်ပြီး တိုက်လို့ရပါတယ်။

    ၇။ ပက်ပါမင့် ဒါမှမဟုတ် ပက်ပါမင့် လက်ဖက်ရည်

    တစ်ခြားနည်းလမ်းကတော့ ပက်ပါမင့် လက်ဖက်ရည်ပါပဲ။

    ပက်ပါမင့်ဟာလည်ချောင်းထဲမှာ ချောမွေ့အောင်လုပ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ သူ့ထဲမှာပါတဲ့ မန်သောက ချွဲတွေကိုပျော်စေပြီး ဟပ်ထုတ်နိုင်အောင်လုပ်ပေးပြီး လက်ဖက်ရည်ရဲ့ ပူနွေးမှုကတော့ လည်ပင်းယားယံတာကို အံသြလောက်အောင် ပျောက်စေပါတယ်။

    Hello Health Group ကနေ ကျန်းမာရေး အကြံပြ ုချက်များ၊ ရောဂါရှာဖွေစမ်းသပ်ခြင်းများနှင့် ကုသမှုများမပြ ုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Sandy Kyaw မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement