backup og meta

သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

    ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။

    ယနေ့ခေတ်တွင် ကလေးများစားသောအစားအစာများသည် ထူးခြားသောပုံပန်းသွင်ပြင်မရှိသကဲ့သို့ စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ ကျွမ်းကျင်သူများသည် ကလေးများကို အနံ့အရသာအမျိုးမျိုးနှင့် အစားအစာအမျိုးမျိုးကိုစတင်ကျွေးမွေးဖို့ကြိုးစားကြပါသည်။သို့သော်လည်း မိဘများစွာသည် အစပ်ပါသော အစားအစာများသည် ကလေးများအားဗိုက်အောင့်ဗိုက်နာစေလိမ့်မည် အစာခြေခြင်းဆိုင်ရာ ပြဿနာများဖြစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အမှန်တကယ်တော့ကလေး၏ အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်အများအပြား ထည့်သင့်သည်ဟုမဆိုလိုပါဘူး။ ကလေးများ၏အစာခြေစနစ်သည်ထိခိုက်လွယ်သည်။ အစပ်ပါသောအစားအစာများများစွာစားခြင်း (ငြုပ်သီးပါသောအစားအစာများများစွာစားခြင်း)သည် ကလေး၏အစာအိမ်အတွက်ပြဿနာများဖြစ်စေနိုင်ပါသည်။ သင့်ကလေးအတွက် စားနေကျမဟုတ်သော သို့မဟုတ်အစပ်ပါသော အစားအစာများစကျွေးခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်ကို ရိုးရှင်းပြီး အစပ်အနည်းငယ်သာပါသော အစားအစာများ စတင်ကျွေးသင့်ပါသည်။

    ဘယ်လိုဟင်းခတ်အမွှေးအကြိုင်တွေကို ကလေးကိုကျွေးလို့ရပါသနည်း။

  • သစ်ကြပိုးခေါက်-သစ်ကြပိုးခေါက်ကိုရာစုနှစ်ပေါင်းများစွာ ကျန်းမာရေးနှင့်ဆိုင်သောရည်ရွယ်ချက်များအတွက်အသုံးပြုခဲ့ကြပါသည်။ မန်းဂနိစ်၊သံဓါတ်၊အမျှင်နှင့်ကယ်လ်စီယမ်တို့၏အရင်းအမြစ်ဖြစ်သောသစ်ကြပိုးခေါက်သည်ကလေးများ၏အစာခြေစနစ်ကိုကူညီပေးပြီး အီးကိုလိုင်(coli)ကဲ့သို့သောဘက်တီးရီးယားများကိုသေစေနိုင်ပါသည်။ သစ်ကြပိုးခေါက်၏အနံ့သည် ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါသည်။ သင့်ကလေး၏စွပ်ပြုတ်သို့မဟုတ်စားစရာထဲသို့သစ်ကြပိုးခေါက်အနည်းငယ်ထည့်ကျွေးနိုင်ပါသည်။
  • ကြက်သွန်ဖြူ- ကြက်သွန်ဖြူသည်အစွမ်းထက်သောဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ရုံသာမက ကလေး၏အစားအစာစားချင်စဖွယ်ဖြစ်စေရန်ကလေး၏နေ့စဉ်အစားအစာထဲတွင် ကြက်သွန်ဖြူကိုထည့်နိုင်ပါသည်။ ကြက်သွန်ဖြူ၏အရသာသည်အခြားအစပ်များကဲ့သို့အနံ့မပြင်းပါ။ ထို့ကြောင့်သင်သည်သင့်ကလေးအတွက် စွပ်ပြုတ်၊ခေါက်ဆွဲ စသည်တို့ပြုလုပ်မည်ဆိုပါက ကြက်သွန်ဖြူကိုအလွယ်တကူထည့်ကျွေးနိုင်ပါသည်။
  • နနွင်း- နနွင်းသည်အလွန်အရေးပါသောဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည်။
  • ဂျင်း- ဂျင်းသည်အစာအိမ်မကောင်းခြင်းများကိုသက်သာစေသည်ဟုအသိများကြသည်။ ဂျင်းကိုဖျားနာမှုများစွာအတွက်လည်းအသုံးပြုကြသည်။ ဂျင်းသည်ကလေးအားခန္ဓါကိုယ်အတွက်မကောင်းသောဘက်တီးရီးယားမှကာကွယ်ပေးပြီး သင့်ကလေး၏အူများမှလေပွခြင်းများကိုကာကွယ်ပေးသည်။
  • ငြုပ်ကောင်းများ- အာရှနိုင်ငံများတွင်ကလေးများကိုငြုပ်သီးပါသောငြုပ်ကောင်းမှုန့်များကျွေးလေ့ရှိကြသည်။ ငြုပ်ကောင်းအမည်း၊ငြုပ်ကောင်းအဖြူများကိုလည်းကလေးးများတွင်စတင်ကျွေးလေ့ရှိသည်။ အကယ်၍သင့်ကလေးသည်အသက်အရမ်းငယ်နေသေးပါက ငြုပ်ကောင်းအမည်းငြုပ်ကောင်းအဖြူတို့ကို ပမာဏအနည်းငယ်သာထည့်ပြီးစတင်ကျွေးခြင်းဖြင့်အစပ်နှင့် ရင်းနှီးကျွမ်းဝင်ရန်ကြိုးစားသင့်ပါသည်။ ထို့နောက်မှသာလျှင် ဟင်းထဲတွင် ငြုပ်သီးပါသော ငြုပ်ကောင်းကို နည်းနည်းစီထည့်ပြီး ကျွေးသင့်ပါသည်။
  • မှတ်ထားသင့်သည့်အချက်ကတော့ သင့်ကလေးအသက်ခြောက်လကျော်မှသာ အစပ်များကိုစတင်ကျွေးသင့်ပါသည်။ သင်သည်အစပ်တစ်မျိုးစီကို သက်သက်စီကျွေးကြည့်ပါ။ သို့မှသာ ဓါတ်မတည့်ခြင်းများဖြစ်ပေါ်လျှင်မည်သည့်အစပ်ကဓါတ်မတည့်သည်ကိုအလွယ်တကူသိရှိနိုင်မည်ဖြစ်သည်။

    သင့်ကလေး၏အစားအစာများကိုအစပ်ထည့်ခြင်းသည် ကလေးများကြီးလာပါက အစားအစာအသစ်များကို အလွယ်တကူစားတတ်စေရန်ပိုမိုလွယ်ကူစေသည်။ သင့်ကလေးအရွယ်ရောက်ပြီဆိုပါကအစပ်အမျိုးမျိုးကို ထည့်ကျွေးသင့်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement