backup og meta

သင့်ကလေးကို စာဖတ်ဝါသနာပါအောင် အားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို စာဖတ်ဝါသနာပါအောင် အားပေးပါ

    သင့်ကလေးကို ငယ်ရွယ်သော အချိန်မှစပြီး စာဖတ်ခြင်း အကျင့်ဖြစ်အောင် သွန်သင်ပေးခြင်းသည် သူတို့၏ နားလည် သဘောပေါက်မှုနှင့် အသိညဏ်ဖွံ့ဖြိုးမှုကို တိုးတက် စေသည်။ သင့်ကလေးသည် ဝတ္ထုစာအုပ်၊ မဂ္ဂဇင်း၊ ဆောင်း ပါး သို့မဟုတ် မွေးနေ့ကတ်တစ်ခုကို ဖတ်ရန်နှစ်သက်ပါက သူတို့သည် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်အရာများကို အမြဲ သင်ယူနိုင်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ထိုအကျင့် ကောင်းများကို အားပေးရမည်။ စာဖတ်ခြင်းကို ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းအောင် ကြိုးစားပေးသင့်သည်။

    စာဖတ်ခြင်းကို ပျော်ရွှင်ဖွယ်ကောင်းသောအလုပ် ဖြစ်အောင် ပြုလုပ်ပါ။

    မိဘများသည် သားသမီးများနှင့် စာအတူလိုက်ဖတ်ပေး ပါက စာဖတ်ခြင်းသည် ကလေးများအတွက် ပိုပြီး စိတ်ဝင်စား ဖွယ်ကောင်းနိုင်သည်။ အတူတူစာဖတ်ခြင်းသည် မိသားစု သံယောဇဉ်ကို ခိုင်မာစေရုံသာမက သင့်ကလေး၏ စာအုပ်များ အပေါ် ချစ်ခင်စိတ်ကိုလည်း ဖန်တီးပေးသည်။ သင့်ကလေးသည် ငယ်သေးပါက သင်သည် သူတို့ အိပ်ယာမဝင်ခင် စာဖတ် ပြပေးနိုင်သည်။ သူတို့ စာအုပ်များ အကြောင်း စဉ်းစားလိုက်တိုင်း စာဖတ်ခြင်းအကျင့်ကို ပျော်ရွှင်ဖွယ်အချိန်များနှင့်အတူ ပေါင်းဖက်ရရှိနိုင်သည်။

    စာဖတ်ခြင်းကို ပျော်ရွှင်သင့်သည်၊ မပျင်းသင့်ပါ။

    အရွယ်ရောက်ပြီးသူများအတွက် ထုတ်ထားသော ပျင်း စရာစာအုပ်များ နှင့် သင်၏ တစ်ပြေးညီအသံဖြင့် သင့်ကလေး၏ စာဖတ်ခြင်းအကျင့်ကို မဖျက်ဆီးပစ်ပါနှင့်။ သူတို့ဆီမှ စိတ်ဝင်စားမှု ရအောင် စာဖတ်ခြင်းအပေါ် ကောင်းသော ထင်မြင်ချက်များကို ပြုလုပ်ပေးပါ။ သင့်ကလေး အား စာဖတ်ပြစဉ် သင်သည် ပို၍ ပျော်စရာကောင်းပြီး စိတ် လှုပ်ရှားဖွယ်ဖြစ်အောင် အသံတုများ၊ လက်ဟန်ခြေဟန် နှင့် လှုပ်ရှားမှုများ ဖန်တီးနိုင်သည်။

    တဖြည်းဖြည်းဖြင့် သင့် ကလေးသည် စာဖတ်ရန် ပျော်ရွှင်လာလိမ့်မည်။ စာဖတ်ခြင်း ပြီးဆုံးသွားပါက သင့်ကလေးအား အကြိုက်ဆုံး ဇာတ် ကောင် သို့မဟုတ် ပုံပြင်၏ အကြိုက်ဆုံးအပိုင်းတို့အကြောင်း ပြောပြခိုင်းပါ။

    ထို့အပြင် သင့်ကလေးကို စာပြီးရင်စာ ဖတ်မပြပါနှင့်။ သင်နှင့် သင့်ကလေးသည် ပုံပြင်တစ်လျှောက် တစ်ယောက် တစ်လှည့် ဖတ်ပြခြင်း လုပ်နိုင်သည်။ သူတို့ စကားလုံးတစ်ခု ကို အသံထွက်ရန် ခက်သည့်အခါမှသာ ကူညီပေးပါ။ သင့်ကလေး နားထောင်ပြီး လိုက်ပြောနိုင်ရန် စကားလုံးကို ဖြည်းဖြည်းနှင့် မှန်မှန် ဖတ်ပြပါ။

    စာအုပ်များကို ကောက်ကိုင်ပြီးဖတ်ပါ။

    သင်သည် စာဖတ်သူတစ်ယောက်မဟုတ်ဘဲ သင့် ကလေးအား စာဖတ်သူတစ်ယောက်အဖြစ် ပျိုးထောင်ပေး ခြင်းသည် အနည်းငယ် အူကြောင်ကြောင် နိုင်ပါသည်။ ထို့ ကြောင့် သင်သည် အချိန်ပို၍ စာဖတ်သင့်ပြီး သင့်ကလေး အား ထိုအချိန်များကို မြင်စေပါ။

    သင့်ကလေးအား ဘာဖတ်မည်ကို ရွေးချယ်ခိုင်းပါ။

    သင့်ကလေးအား ပို၍ စာဖတ်ခြင်းကို အားပေးရန် စာကြည့်တိုက် သို့မဟုတ် စာအုပ်ဆိုင်တွင် စာအုပ်များကို သူတို့ဘာသာ ရွေးခိုင်းပါ။ ကလေးငယ်များသည် သူတို့ ကြိုက်သောအရာများကို ပို၍ အသုံးပြုတတ်သည်။ ထို့အပြင် သင့်ကလေး မေးနိုင်သော မေးခွန်းများ အားလုံးကို ဖြေပေး ပါ။ သင်သည် အရာအားလုံး သိရန် မလိုပါ။ ထို့အစား သင်သည် သူတို့အား ဗဟုသုတ အသစ်များကို စာဖတ်ခြင်း ဖြင့် စိတ်ပါဝင်စားစွာ ရှာဖွေနိုင်ရန် ကူညီပေးပါ။

    စာဖတ်ခြင်းကို သင်တတ်နိုင်သလောက် ဖန်တီးပါ။

    စာဖတ်ခြင်း၏ အဓိပ္ပါယ်သည် စာအုပ်တစ်အုပ်တည်း ကိုမဆိုလိုပါ။ သင့်ကလေးအား စာအုပ် မျိုးစုံဖြင့် မိတ်ဆက် ပေးပြီး အချိန်တိုင်းဖတ်ရန် တွန်းအားပေးပါ။ ဥပမာ သင်သည် သင့်ကလေးအား စားသောက်ဆိုင်ရှိ စားသောက်ဖွယ်ရာ စာရင်း၊ မုန့်ဘူး၊ ဈေးဝယ်စင်တာမှ လက်ကမ်းစာစောင်များကို ဖတ်ခိုင်းပါ။ ၎င်းတို့အားလုံးတွင် အသုံးဝင်သော စကားစုများ၊ လေ့လာရန် စာလုံးများ ပါဝင်ပါသည်။

    ဤအကြံပြုချက်များသည် ငယ်ရွယ်သော စာဖတ်သူတစ် ယောက်အဖြစ် ပြုစုပျိုးထောင်ရန် လိုအပ်သော အရာများ ဖြစ်သည်။ အပြုသဘောဆောင်ပြီး ပျော်ရွှင်ဖွယ်ဖြစ်အောင် ဆောင်ရွက်ပါက သင့်တွင် စာအုပ်ကောင်းတစ်အုပ်ကို ချစ် မြတ်နိုးသော ကလေးတစ်ယောက် ရှိလာမည်မှာ သေချာပါ သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement