backup og meta

လိင်တူစုံမက်ခြင်းအကြောင်း သင့်ကလေးအား သင်ကြားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တူစုံမက်ခြင်းအကြောင်း သင့်ကလေးအား သင်ကြားပါ

    ယနေ့ခေတ်တွင် လိင်တူစုံမက်ခြင်းကို ပုံမှန်မဟုတ် သော ကိစ္စတစ်ခုအဖြစ် သတ်မှတ်ခြင်း နည်းလာပြီ ဖြစ်သည်။ ယနေ့ လူမှုဘဝတွင် လိင်တူစုံမက်ခြင်းကို ပုံမှန် နေထိုင်မှု တစ်ခုဖြစ်အောင် ကြိုးစားနေကြသည်။ ထို့ကြောင့် မီဒီယာ များတွင် လိင်တူစုံမက်ခြင်းကို ဖော်ပြနေပြီး သင့်ကလေးမှ ၎င်းကို သတိပြုသွားနိုင်သည်။

    သင့်ကလေးသည် ထိုကိစ္စ အကြောင်းကို စူးစမ်းသိချင်ပါက သင် ဘယ်လိုအဖြေမျိုး ပေးမည်နည်း။

    အမှန်အတိုင်း အတည်ပြုပြောဆိုပါ။

    ပထမဦးစွာ သင်သည် လိင်ကွဲစုံမက်ခြင်းသည် ဘယ်လို ဆိုတာကို ရှင်းပြသင့်သည်။ ထို့နောက် လိင်တူအတွဲများတွင် ဘယ်လိုကွဲခြားသလဲကို ထောက်ပြပါ။ လိင်တူစုံမက်ခြင်း သည် မနှစ်မြို့စရာ ကိစ္စတစ်ခု မဟုတ်တော့ကြောင်းကို သေချာ ပြောပြပါ။ လိင်တူလက်ထပ်ခြင်းကို ပေါ်တူဂီ၊ တောင် အာဖရိက၊ စပိန်၊ ဆွီဒင်၊ အမေရိကန် ပြည်ထောင်စု၊ အင်္ဂလန် ပြည် စသော နိုင်ငံများစွာတွင် လက်ခံနေပြီ ဖြစ်သည်။

    သင့် ကလေးသည် လိင်တူစုံမက်ခြင်းအကြောင်း မှားယွင်းသော ထင်မြင်ချက် ရမသွားသင့်ပါ။ လိင်တူစုံမက်ခြင်းသည် လိင် မဟုတ်ပါ။ ရွေးချယ်မှုတစ်ခု၊ နေထိုင်မှုပုံစံတစ်ခုဖြစ်သည် ဟူသော အချက်ကို ပြောပြပါ။ ၎င်းသည် အခြားသူများသို့ ကူးစက်နိုင်သော ရောဂါတစ်ခု မဟုတ်ပါ။ လိင်တူစုံမက်သော သူများနှင့် ပတ်ဝန်းကျင်တစ်ခုတည်းတွင် နေထိုင်ခြင်းသည် လိင်တူစုံမက်ခြင်းကို မဖြစ်စေပါ။ မိန်းမလျာ သို့မဟုတ် ယောက်ျားလျာ ဖြစ်ခြင်း မှာ သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်ဟု သင့်ကလေးအား သင်ကြားပါ။

    ဘက်မလိုက်ပါနှင့်။

    ဤကိစ္စနှင့် ပက်သတ်သော သင်၏ကိုယ်ပိုင်အမြင်ကို ထည့်သွင်းခြင်းဖြင့် သင့်ကလေး၏ နားလည်မှုကို ပုံမဖျက်ပါ နှင့်။ ကလေးသည် စာရွက်ဖြူတစ်ရွက်ကဲ့သို့ဖြစ်သည်။ ရလဒ် အနေဖြင့် သင့်ကလေးသည် မိဘများကြောင့် အလွယ်တကူ ထိခိုက်နိုင်သည်။ သင်သည် လိင်တူစုံမက်ခြင်းအပေါ် မနှစ်မြို့ခြင်း ပြပါက သင့်ကလေးသည် သင့်ခြေလှမ်းအတိုင်း လိုက်နိုင်သည်။

    ရလဒ်အနေဖြင့် သင့်ကလေးကို လိင်တူ သော လူနှစ်ယောက်သည် ချစ်ကြိုက်နိုင်သည်ဟု အသိပေး လိုက်ခြင်း ဖြစ်သည်။ သင်၏ အဓိကတာဝန်သည် သင့် ကလေးကို လူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာရန် သင်ကြားခြင်းဖြစ်သည်။ မိဘ၏ ယုံကြည်ချက်၊ အထင်အမြင် ကို အခြေခံပြီး ကြီးပြင်းလာသော လူတစ်ယောက်အဖြစ် မဟုတ်ပါ။

    လေးစားတတ်ရန် သင်ကြားပါ။

    အချို့သော လိင်ကွဲစုံမက်သူများ၊ ဘာသာရေးသမားများ သည် လိင်တူစုံမက်ခြင်းကို လက်ခံရန် ခက်ခဲနေသေးသော် လည်း ကျွန်တော်တို့တွင် သူတို့၏ အခွင့်အရေးကို ငြင်းဆန် ခွင့်မရှိပါ။ လူတိုင်းသည် ညီမျှစွာ မွေးဖွားလာသည်။ သင့် ကလေးသည် လိင်တူစုံမက်ခြင်းအပေါ် လေးစားတတ်လာ ပါက သူသည် အခြားသူများ၏ ဆုံးဖြတ်ချက်ကို လေးစား တတ်လာပြီး ကွဲပြားခြားနားလာသော ကမ္ဘာကြီးတွင် အလိုက် သင့်နေထိုင်နိုင်လာလိမ့်မည်။ ၎င်းကို ဘာသာတရားကိုင်းရှိုင်း သော မိသားစုများတွင်လည်း ကျင့်သုံးနိုင်သည်။

    အသက်အရွယ်နှင့် သင့်လျော်ပါစေ။

    LGBT ကိစ္စများကို ငယ်ရွယ်သောကလေးများအား သင်ကြားပေးခြင်းသည် ပိုကြီးသောကလေးများအား သင်ပေး ခြင်းနှင့် မတူညီပါ။ ကလေးများသည် ကြီးပြင်းလာသည်နှင့် အမျှ LGBT လူများနှင့် ပိုပြီးထိတွေ့လာရသည်။ လိင်တူ စုံမက်ခြင်းအကြောင်းများသည် ယခုအခါ ရုပ်ရှင်များ၊ သီချင်းနှင့် ကျောင်းများတွင်ပင် သိသာထင်ရှားလာသည်။ ထို့ကြောင့် အသက်ပိုကြီးသော ကလေးများသည် LGBT လူစု ကို ထောက်ခံသူများဖြစ်လာစေရန် သို့မဟုတ် လိင်တူစုံမက် သူများကို အနိုင်ကျင့်သော အခြေအနေများကို ရှောင်ကြဉ်ရန် ပိုမိုသော အချက်အလက်များသိရန် လိုအပ်သည်။

    သင့်ကလေး၏ ခံယူမှုကို နားလည်ပေးပါ။

    သင့်ကလေး၏ ထင်မြင်ချက်များကို နားမထောင်ခင် ခေတ္တ နားပေးပါ။ သင်သည် LGBT လူစုကို ထောက်ခံသူ တစ်ဦးဖြစ်ပါက သင့်ကလေးသည် သင်နှင့်အတူ ကိုယ်ချင်း စာနိုင်သည်။ ၎င်းသည် ကောင်းသော လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် သင့်ကလေးသည် လိင်တူစုံမက်ခြင်းကို လက်မခံပါက သင်သည် သူတို့၏ ထင်မြင်ချက်ကို လေးစား ရမည်။ သို့သော်လည်း သင့်ကလေးသည် လိင်တူ စုံမက်သူများကို အန္တရာယ်ပြုခြင်း မလုပ်ရန် သင်တားဆီး ရမည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement