backup og meta

လမ်းလျှောက်စနှင့် မူကြိုရွယ်များတွင် စကားထစ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းလျှောက်စနှင့် မူကြိုရွယ်များတွင် စကားထစ်ခြင်း

    အသက် ၂ – ၅ နှစ်ကြား ကလေးများ၌ စကားထစ်ခြင်း၊ စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ချို့ကို ထပ်ခါထပ်ခါပြောခြင်း၊ သံရှည်ဆွဲနေခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းပြောခြင်း၊ စကားလုံးသံ ဗျည်းသရသံများကိုပင် မထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ စကားထစ်ခြင်းသည် စကားကြောတွင် အဆက်ပြတ်သွားခြင်း dysfluemcy အမျိုးအစားတစ်ခုဖြစ်သည်။

    ဖြစ်ရပ်အများစုတွင် အသက် ၅ နှစ်နောက်ပိုင်း၌ စကားထစ်ခြင်း အလိုလိုပျောက်သွားသလို တစ်ချို့တွင်လည်း ထိုထက်နည်းနည်း ပိုကြာတတ်ပါသည်။ စကားထစ်ခြင်းကို အရှင်းပျောက်ကင်းအောင် လုပ်မရနိုင်သော်လည်း သင့်ကလေးအဆင်ပြေစေဖို့ ပြုလုပ်ပေးနိုင်သည့် ကုသမှုများတော့ ရှိပါသည်။

    ဘာတွေကြောင့် စကားထစ်မှုဖြစ်ရသလဲ။

    စကားထစ်မှုကိုဖြစ်စေသည့် အချက်အလက်များစွာ ရှိပါသည်။

    · မျိုးရိုးဗီဇ – စကားထစ်သူ ၆၀%တွင် မိသားစုဝင်ထဲ၌ စကားထစ်နေသူ ရှိတတ်ပါသည်။

    · ဘာသာစကားဆိုင်ရာ ပြဿနာရှိလျှင် သို့မဟုတ် ကြီးထွားဖွံဖြိုးမှုနှေးလျှင်

    · ဘာသာစကားအား မှတ်သားပေးသည့် ဦးနှောက်လုပ်ငန်းစဉ်များ ကွဲပြားသွားခြင်း

    · လှုပ်ရှားမှု အလွန်များခြင်း

    · စကားပြောမြန်ခြင်း

    စကားထစ်ခြင်း၏ အစောပိုင်းလက္ခဏာများ

    စကားထစ်ခြင်း၏ပထမဆုံးလက္ခါသည် ကလေးမှစကားလုံးများကိုပေါင်းစပ်ပြီး ဝါကျတစ်ခုအဖြစ် ပြောနိုင်လာချိန် ၁၈-၂၄ လသားအရွယ်တွင် ပေါ်လာပါသည်။ မိဘများအတွက်တော့ စကားထစ်ခြင်းက စိတ်တိုချင်စရာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်သော်လည်း ထိုအသက်အရွယ်ကလေးများတွင်တော့ သဘာဝသာဖြစ်ပါသည်။ မိဘများက တတ်နိုင်သလောက် ကလေးများအပေါ် စိတ်ရှည်ရှည်ထားရပါမည်။

    ကလေးများစကားထစ်ခြင်းသည် ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လတော်တော်များထိကြာတတ်ပြီး အမြဲတမ်းထစ်သည်ဆိုသည်လည်း မဟုတ်ပါ။ ၅ နှစ်မတိုင်မီ စကားထစ်သောကလေးများတွင် ဘာသာစကားကုထုံး ဘာမှမခံယူပါပဲနှင့် အလိုလိုပျောက်သွားနိုင်ပါသည်။

    သို့သော် သင့်ကလေးစကားထစ်ခြင်းသည် မှန်မှန်ဖြစ်လာပြီး ပိုပိုဆိုးလာကာ ခန္ဓါကိုယ် မျက်နှာလုပ်ရှားမှုများက ပါလာပြီဆိုပါက ဘာသာစကားကုထုံးကျွမ်းကျင်သူ၏ စစ်ဆေးမှုကို အသက် ၃နှစ်မတိုင်ခင် ခံယူတာ ကောင်းသောအကြံဉာဏ်ဖြစ်ပါသည်။

    ကျောင်းတက်ရမည့်အသက်အရွယ်

    ကလေးများကျောင်းစတက်ရမည့်အရွယ် အများနှင့်ဆက်သွယ်ပြောဆိုသည့်အရည်အချင်းကို သွေးရမည့်အရွယ်များတွင် မကြာခဏဆိုသလို စကားထစ်ခြင်းကြောင့် လယ်ဗယ်နိမ့်သူများ ဖြစ်သွားတတ်ပါသည်။ ကျောင်းနေအရွယ်ကလေးများတွင် စကားထစ်နေပါက ပြဿနာတစ်ခုလိုဖြစ်ပြီး ရှက်ရွံနေတတ်ပါသည်။ အတန်းဖော်များနှင့် သူငယ်ချင်းများက စကားထစ်ပုံကိုသတိထားမိပြီး နှောက်ပြောင်ကြနိုင်ပါသည်။

    ကလေးတွင်ထိုသို့ဖြစ်လာပါက ဆရာမကိုပြောပါ။ ဆရာမမှတစ်ခန်းလုံးကို ဒီကလေးနှင့်ပါတ်သတ်ပြီး ဆွေးနွေးပေးနိုင်ပါလိမ့်မည်။ ဘာသာစကားကုထုံးမစခင်ထိ သင့်ကလေးကို ဆရာမမှ စိတ်ဖိစီးစေမည့်စကားများကိုလည်း လျော့ချပြောဆိုနိုင်မည့်ဖြစ်ပါသည်။

    ကျွမ်းကျင်သူများ၏အကြံဉာဏ်တောင်းခံခြင်း

    သုံးလအတွင် စကားထစ်တာ သက်သာမလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန်မှ ဘာသာစကားကုထုံးကျွမ်းကျင်သူထံပြရန် အကြံဉာဏ်ပြုပါလိမ့်မည်။ မူကြိုအရွယ်ကလေးဆိုပါက ဆရာမများကိုပြောပြထားပြီး ကျောင်းတွင်ကလေးပြောဆိုပုံများကို မှတ်သားပေးရန် အကူအညီတောင်းနိုင်ပါသည်။ ကလေးကျောင်းများမှလည်း စောစောစီးစီးကုသရန် အကြံပေပါလိမ့်မည်။ အကဲဖြတ်ရာတွင် ကုထုံးကျွမ်းကျင်သူမှ သင့်ကိုစိတ်လျော့ထားပြီ စောင့်ကြည့်ရန်၊ ဘာသာစကားကုထုံးအသုံးပြုရန်၊ သို့မဟုတ် ကလေးစကားပြောရာတွင် အဆင်ပြေကြောင်း ခံစားရစေရန် လုပ်နိုင်မည့် အိမ်တွင်းနည်းလမ်းများကို အကြံပြုပါလိမ့်မည်။

    မိဘတွေက ဘာတွေလုပ်ပေးနိုင်မလဲ

    · ကလေးစကားပြောရာတွင် တိတိကျကျ မှန်မှန်ကန်ကန် ဇွတ်ပြောခိုင်းတာမျိုး မလုပ်ပါနှင့်။ စကားပြောရတာ ပျော်စရာ၊ နှစ်သက်စရာကောင်းအောင် ပြုလုပ်ပါ။

    · မိသားစုစုံညီထမင်းစားလျှင် စကားဝိုင်းဖွဲ့ချိန် ဖြစ်ပါစေ။ တီဗီ သို့မဟုတ် ကွန်ပြုတာတို့ကို အာရုံလွှဲမသွားအောင် လုပ်ပါ။

    · ဖြည်းဖြည်းပြော၊ အချိန်ယူပြီးပြော၊ သို့မဟုတ် အသက်ရှုပြီးပြော စသည့် စကားတည့်ပေးခြင်း ဝေဖန်ခြင်မျိုး မလုပ်ရပါ။

    · အဆင်မပြေသည့်အခါ သို့မဟုတ် စကားထစ်လာသည့်အခါ ကလေးကို စကားပြောခိုင်းစရာ စာအကျယ်ကြီးဖတ်ခိုင်းစရာ မလိုပါ။ ထို့အစား ၎င်းအချိန်များတွင် စကားပြောစရာသိပ်မလိုသည့် လှုပ်ရှားမှုများကို ပြုလုပ်ပေးလိုက်ပါ။

    · ကလေးပြောနေသည်ကို ဖြတ်ပြောခြင်း၊ အစကပြန်ပြောစေခြင်းတို့ မလုပ်ပါနှင့်။

    · စကားမပြောခင် အရင်တွေးဖို့ ကလေးကိုမပြောပါနှင့်။

    · အိမ်၌ ကလေးအတွက်အဆင်ပြေမည့် ပတ်ဝန်ကျင်ကို ဖန်တီးပေးပါ။

    · ကလေးရှိနေချိန်တွင် သူ့ကိုခေါ်သည်ဖြစ်စေ တခြားသူများကိုခေါ်သည်ဖြစ်စေ ရှင်းရှင်းလင်းလင်း ခေါ်ပါ။

    · ကလေးနှင့် မျက်လုံးချင်းဆုံပြီး ပြောပါ။ စိတ်တိုသလို အပြုအမူမျိုး အကြည့်ရှောင်လိုက်သည်မျိုး မလုပ်ပါနှင့်။

    · အတွေးများ ဝါကျများကို သူတို့ကိုယ်တိုင် ပြောဆိုအဆုံးသတ်နိုင်ဖို့ ခွင့်ပြုပေးပါ။ ကလေးမေးသည့် မေးခွန်းများ မှတ်ချက်များကို ပြန်မဖြေခင် ခဏရပ်တာမျိုးလုပ်ပါ။

    ကလေးကို ဖြည်းဖြည်းသာသာစကားပြောပါ။ လေ့ကျင့်မှုတော့ လိုပါလိမ့်မည်။ ဖြည်းဖြည်းမှန်မှန်ပြောပေးခြင်းက ကလေး၏သွက်လက်မှုကို တိုးတက်စေပါလိမ့်မည်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement