backup og meta

မိဘတွေက မိန်းကလေးတစ်ဦးကို အပျိုရည်နှင့် ပတ်သက်ပြီး ကြမ်းတမ်းစွာ ပြောဆိုမိသောအခါ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတွေက မိန်းကလေးတစ်ဦးကို အပျိုရည်နှင့် ပတ်သက်ပြီး ကြမ်းတမ်းစွာ ပြောဆိုမိသောအခါ

    တချို့တွေက အပျိုရည်နဲ့ပတ်သက်ပြီး ပြောဆိုခြင်းကို သာမန် ဆူပူပြောဆိုခြင်းတစ်မျိုးလိုပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် အမှန်တော့ ဒါထက်ပိုပါတယ်။ မိန်းကလေးတစ်ဦး ဒါမှမဟုတ် အမျိုးသမီးတစ်ဦးကို သူမရဲ့လျှပ်ပေါ်လော်လီစွာ ပြောဆိုပြုမူနေထိုင်ခြင်းအပေါ် အပြစ်ရှိသလိုခံစားလာရအောင် သူမအပျိုရည်နဲ့ပတ်သက်ပြီး စော်ကားပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

    အမျိုးသမီးတွေဟာ အမြဲဗိုင်းကောင်းကျောက်ဖိနေရမယ်ဆိုတာ လူမှုအဖွဲ့အစည်းထဲမှာ ပုံသေသတ်မှတ်ထားတဲ့အရာတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ဦး လွတ်လပ်ပွင့်လင်းစွာ နေထိုင်ပြလိုက်ခြင်းဟာ အပျိုရည်မထိန်းသိမ်းသူ၊ အပျိုမစစ်သူလို့ အခေါ်ခံရမလို ဖြစ်လာပါတယ်။

    ဘာကြောင့် ဒီလိုနေလာကြသလဲ

    အံ့သြစရာကောင်းလောက်အောင်ပဲ မိန်းမငယ်လေးတွေကို ထိုကဲ့သို့ပြုမူနေထိုင်လာစေတာဟာ လူကြီးတွေဖြစ်နေတာပါ။ စိတ်ပညာရှင်တချို့ဟာ ထိုကိစ္စအပေါ် စမ်းသပ်မှုများပြုလုပ်ကြည့်ခဲ့ပါတယ်။ အသက် ခြောက်နှစ်ကနေ ကိုးနှစ်အရွယ် မိန်းမငယ်လေး အယောက် ၆၀ ကိုစုပြီး သူတို့ကို အဝတ်အစားနှစ်မျိုးထဲက ရွေးချယ်ခိုင်းပါတယ်။ တစ်မျိုးကတော့ မြှူဆွယ်ဆွဲဆောင်မှု အားကောင်းသော အဝတ်အစားပုံစံဖြစ်ပြီး နောက်တစ်မျိုးကတော့ လုံခြုံသော အဝတ်အစားပုံစံဖြစ်ပါတယ်။

    အများစုသော မိန်းမငယ်လေးတွေက မြှူဆွယ်မှုအားကောင်းသော အဝတ်အစားပုံစံကို ရွေးခဲ့ကြပါတယ်။ အကြောင်းအရင်းကတော့ လေ့လာသူတွေက မိန်းမငယ်လေးတွေဟာ မြှူဆွယ်မှုအားကောင်းရင် ပေါ်ပြူလာဖြစ်မယ်၊ ကျော်ကြားမယ်လို့ ထင်နေကြတာဖြစ်ကောင်းဖြစ်မယ်လို့ တွေးကြပါတယ်။ ဒီအချက်ကို ယနေ့ခေတ်ကာလမှာ အင်တာနက်တွေမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ အနုပညာရှင်တွေ ထင်ရှားသူတွေအားလုံး ဝတ်စားဆင်ယင်မှုဟာ မြှူဆွယ်မှု၊ ဆွဲဆောင်မှုအားကောင်းကြတယ်မို့လား။

    သင်ဟာ သင့်ကလေးကို ထိုဆက်သွယ်မှုကွန်ရက်တွေကနေ ဝေးအောင်ထိန်းထားနိုင်တယ်ဆိုရင်တောင်မှ သူတို့ကဒီလိုပဲတွေးနေကြဦးမှာပါပဲ။ Geena Davis ကောလိပ်ရဲ့ လေ့လာမှုတွေအရ ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီးသရုပ်ဆောင်သုံးယောက်မှာ တစ်ယောက်က မြှူဆွယ်ဆွဲဆောင်မှု အားကောင်းသောဒီဇိုင်းများ၊ အဝတ်အစားများဝတ်စားနေကြပြီး အမျိုးသားသရုပ်ဆောင်တွေကတော့ ဆယ်ယောက်မှာတစ်ယောက်သာဖြစ်ပါတယ်။

    ဘယ်အချိန်မှာ မိဘတွေ အမှတ်မထင် အပျိုရည်နဲ့ပတ်သက်ပြီး ကြမ်းတမ်းစွာဆူပူမိတတ်သလဲ။

    ဆယ်ကျော်သက်မိန်းကလေးတွေဟာ သူတို့နှစ်သက်တဲ့ အနုပညာရှင်တွေအတိုင်း လိုက်အတုခိုးလေ့ရှိပါတယ်။ ဒီအချက်ကို မိဘတွေကစိတ်ပူပြီး ကလေးတွေကို ရုန့်ရင်းကြမ်းတမ်းစွာပြောမိကြတယ်။ ထိုသို့ပြောခြင်းဟာ မိမိသမီးငယ်တို့ကို လိင်ပိုင်းဆိုင်ရာ အစော်ကားမခံရစေလိုသောကြောင့်ဖြစ်မှန်း အားလုံးကသိကြပါမှာပါ။

    မိဘတွေဟာ သူတို့သမီးတွေကို ကိုယ့်ကိုယ်ကိုယ်လုံခြုံမှုရှိရှိနေတတ်ရန်၊ နားလည်သဘောပေါက်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်များရှိလာစေရန် မျှော်လင့်ကြတာပါ။ ဒါပေမယ့် ဘယ်လိုပဲဆိုပါစေ၊ ရုန့်ရင်းကြမ်းတမ်းသောစကားများနဲ့ မိမိသမီးဖြစ်စေ၊ သူတစ်ပါးသမီးကိုဖြစ်စေ သူ့အပျိုရည်နဲ့ပတ်သက်သောပြီး ပြောဆိုခြင်းများက ဘယ်လိုမှမကောင်းပါဘူး။

    ဘယ်လိုရှောင်ရှားမလဲ

    ကလေးတွေနဲ့ သေချာစကားပြောကြည့်ပါ

    သားဖြစ်စေ၊ သမီးဖြစ်စေ သင့်ကလေးတွေနဲ့ စကားပြောပါ။ လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သတ်ပြီး သူတို့နဲ့ဆွေးနွေးတိုင်ပင်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေဟာ လိင်ပိုင်းဆိုင်ရာကိစ္စတွေဆိုတာ ရှက်ဖွယ်မုန်းတီးဖွယ်ကောင်းတဲ့ ညစ်ပတ်ဆိုးရွားသော ကိစ္စတစ်ခုမဟုတ်ဘဲ လူတို့ရဲ့သဘာဝအခြေခံကိစ္စတွေ၊ လိုအပ်မှုတွေဖြစ်တယ်ဆိုတာ သိသွားပါလိမ့်မယ်။

    မိန်းမငယ်တစ်ယောက်ကိုဖြစ်စေ မိန်းမတစ်ယောက်ကိုဖြစ်စေ ဘယ်သူ့ကိုမှ မိန်းမပျက်လို့မသုံးပါနဲ့

    တခြားအမျိုးသမီးတစ်ယောက်ရဲ့ ဝတ်စားမှုပုံစံ၊ နေထိုင်မှုပုံစံကိုကြည့်ပြီး မကောင်းတဲ့ဝေဖန်မှုတွေ ပြောဆိုပြခြင်းဟာ သင့်ကလေးရှေ့မှာ ပုံစံကောင်းတစ်ခုမပြနိုင်ပါဘူး။ မိဘတွေအနေနဲ့ သင်တို့ဟာ ကလေးတွေရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေရမှာပါ။

    ကလေးတွေကို ထက်မြက်ရဲရင့်ပြီး အောင်မြင်နေတဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေအကြောင်းပြောပြပါ။ ဒီနည်းအားဖြင့် ကလေးတွေဟာ မိန်းမတွေအတွက် မြှူဆွယ်ဆွဲဆောင်ဖို့ အလုပ်ပဲရှိတာမဟုတ်ဘူး၊ ဒါ့အပြင် အများကြီးဖြစ်နိုင်သေးတယ်ဆိုတာ သိလာပါလိမ့်မယ်။

    ကလေးတွေကိုလည်း မိန်းမပျက် ကဲ့သို့သော အသုံးအနှုန်းများ ဘယ်တော့မှမသုံးပါစေနဲ့

    တကယ်လို့ မိန်းကလေးတစ်ယောက်ကို ထိုကဲ့သို့သုံးနှုန်ပြောဆိုနေတာတွေ့ပါက ဒီတိုင်းလွှတ်မပေးလိုက်ပါနဲ့။ ဘာကြောင့်ဒီလိုပြောတတ်လာတာလဲ ဆိုတာကိုရှာပြီး ချက်ခြင်းပြင်ဆင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement