backup og meta

ဆယ်ကျော်သက်တစ်ယောက်အတွက် အာဟာရလိုအပ်ချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တစ်ယောက်အတွက် အာဟာရလိုအပ်ချက်များ

    ကြီးကောင်ဝင်လာသော အချိန်တွင် ခန္ဓာကိုယ်၏ အရွယ်ရောက်ခြင်း၊ ကြီးထွားခြင်းတို့အတွက် ရုပ်ပိုင်းဆိုင်ရာ အဓိကပြောင်းလဲမှုများ ဖြစ်ပေါ်ပါသည်။ ထိုကဲ့သို့ကြီးထွားနေသော ဆယ်ကျော်သက်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး မျှတသောအစာစားခြင်းသည် အလွန်အရေးကြီးပါသည်။ ဆယ်ကျော်သက်အရွယ်များသည် မိမိစားသောက်ရမည့် အစားအသောက်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သော အရွယ်ရောက်ပြီဖြစ်သည့်အတွက် မှန်ကန်စွာကြီးထွားနိုင်ဖို့ အစားအသောက်ဆိုင်ရာ လိုအပ်ချက်များကို လေ့လာပြီး လိုက်လံလုပ်ဆောင်သင့်ပါတယ်။

    အဓိကအရေးပါသော အာဟာရများကို အလေးပေးပါ။

    အခြားအသက်အရွယ်များကဲ့သို့ပင် အာဟာရလိုအပ်ချက်များသည် များပြားသော်လည်း ကြီးကောင်ဝင်လာသော ဆယ်ကျော်သက် အရွယ်အတွက် ပိုလိုအပ်သောအာဟာရများမှာ

  • သံဓာတ်
  • သံဓာတ်သည် ခန္ဓာကိုယ်၏ ကြီးထွားလုပ်ဆောင်မှုများအတွက် အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်သည်။ သံဓာတ်သည် သွေးနီဥဆဲလ်များနှင့် ၎င်းတို့၏ ပရိုတင်းမော်လီကျူးများ (ဟေမိုဂလိုဘင်) ဖြစ်ပေါ်ခြင်းကို ကူညီပေးသည်။ သံဓာတ်သည် အဆုတ်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းကိုလည်း ကူညီပေးသည့်အပြင် ပရိုတင်းများ၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းကိုလည်း ကူညီပေးသည်။ သို့ဖြစ်၍ သံဓာတ်သည် ခန္ဓာကိုယ်တွင်ရှိသော ကိုယ်တွင်းအင်္ဂါနှင့် ကြွက်သားများမှန်ကန်စွာ အလုပ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။

    သံဓာတ်ကို အနီရောင်ရှိသော အသားများ၊ ငါး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ပဲများနှင့် အသီးများတွင် တွေ့နိုင်သည်။ သံဓာတ်စုပ်ယူမှု ပိုမိုကောင်းမွန်ရန်အတွက် ဗီတာမင်စီပါဝင်သော အစားအစာများကို စားသုံးသင့်သည်။ သံဓာတ်ကြွယ်ဝသော အစားအစားများ စားနေစဉ်တွင် ကယ်လ်စီယမ် သောက်သုံးခြင်းကို ရှောင်ရှားပါ။ သတ်သက်လွတ်စားသော ဆယ်ကျော်သက်များနှင့် မိန်းကလေးများသည် သံဓာတ်ချို့တဲ့မှု ဖြစ်ပွားနိုင်ခြေ သိသိသာသာများသည်။ အဘယ်ကြောင့်ဆိုသော် အပင်များ၊ အရွက်များမှ ရရှိသော သံဓာတ်သည် အသားများမှ ရရှိသော သံဓာတ်လောက် ခန္ဓာကိုယ်တွင်းစုပ်ယူမှု မကောင်းသောကြောင့်ဖြစ်ပြီး ရာသီလာနေစဉ်အတောအတွင်း သွေးဆုံးရှုံးမှုမှတဆင့် သံဓာတ်များဆုံးရှုံးမှု ရှိသောကြောင့်ဖြစ်သည်။

    သံဓာတ်ချို့တဲ့လျှင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မကျန်းမာမှုများ ဖြစ်ပွားစေနိုင်သည်။ သို့ဖြစ်၍ အစားအစာများတွင် သံဓာတ်နည်းပါးစွာပါဝင်သော ဆယ်ကျော်သက်များအနေဖြင့် သံဓာတ်အားဖြည့်ဆေးများသောက်ရန် အကြံပြုထားပါသည်။ ဆယ်ကျော်သက်ယောကျာ်းလေးများအတွက် နေ့စဉ်ရရှိရမည့် သံဓာတ်ပမာဏသည် ၁၀.၃ မီလီဂရမ်ဖြစ်ပြီး ဆယ်ကျော်သက်မိန်းကလေးများအတွက် နေ့စဉ်ရရှိရမည့် သံဓာတ်ပမာဏသည် ၁၄.၃ မီလီဂရမ် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ရာသီလာပြီးအချိန်တွင်လည်း ရာသီလာစဉ်ကဆုံးရှုံးခဲ့သော သံဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရန် မိန်းကလေးများအနေဖြင့် သံဓာတ်ပါသောအစားအစာများ စားသုံးခြင်း၊ သံဓာတ်ပါသော အားဆေးများသောက်သုံးခြင်းပြုလုပ်သင့်ပါသည်။

    • ကယ်လ်စီယမ်

    ကယ်လ်စီယမ်သည် အရိုးနှင့် သွားဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာကြံ့ခိုင်မှုအတွက် အဓိကအခန်းကဏ္ဍှမှ ပါဝင်ပါသည်။ သို့ဖြစ်၍ ဆယ်ကျော်သက်များ သင့်တော်မှန်ကန်သော ဖွံ့ဖြိုးကြီးထွားမှုရရှိစေရန်အတွက် မရှိမဖြစ်အာဟာရတစ်ခုပင် ဖြစ်သည်။ သင့်ခန္ဓာကိုယ်သည် အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်စေရန် ကယ်လ်စီယမ်ကိုများစွာ အသုံးပြုသည်။ ထို့အပြင် ကယ်လ်စီယမ်သည် သွေးခဲခြင်း၊ကြွက်သားကျုံ့ခြင်း၊ ဆဲလ်များအချက်ပြခြင်းကဲ့သို့သော အခြေခံခန္ဓာကိုယ်လုပ်ဆောင်ချက်များစွာအတွက်လည်း ကူညီပေးသည်။

    လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်း ကယ်လ်စီယမ်ပမာဏသည် နှလုံးပုံမှန်ခုန်ရန်နှင့် အာရုံကြောများ ပုံမှန်အလုပ်လုပ်ဆောင်ဖို့အတွက် လိုအပ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်ကုန်ဆုံးသွားပါက အရိုးပွခြင်းနှင့် အဝလွန်ခြင်းများ ဖြစ်ပွားစေနိုင်သည်။ အကယ်၍ ကြီးကောင်ဝင်နေသူတစ်ယောက်သည် လုံလောက်သော ကယ်လ်စီယမ်ပမာဏကို မစားသုံးပါက အရပ်ရှည်နှုန်းလျော့ကျသွားမည်ဖြစ်ပြီး အနာဂတ်တွင် အရိုးကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်ပွားစေနိုင်သည်။

    နွားနို့၊ ဒိန်ချဉ်၊ ချိစ် ကဲ့သို့သော နို့ထွက်ပစ္စည်းများသည် ကယ်လ်စီယမ်များစွာပါဝင်သည်။ အကယ်၍ သင်၏ ဆယ်ကျော်သက်ကလေးငသည် နွားနို့တွင်ပါဝင်သော ပရိုတင်းကို ဓာတ်မတည့်သူဖြစ်လျှင်သော်လည်းကောင်း၊ သင်၏ ကလေးသည် အသီးအရွက်သာစားသူဖြစ်လျှင်သော်လည်းကောင်း၊ ကယ်လ်စီယမ်ရရှိနိင်မည့် အခြားအစားအစာများ ကျွေးသင့်ပါသည်။ ဥပမာ – အယ်မွန်ကဲ့သို့သော အခွံမာအသီးများ၊ ကယ်လ်စီယမ်ပါဝင်သော ပဲနို့ သို့မဟုတ် ပဲမျိုးစုံကို ကျွေးသင့်ပါသည်။ ငါးအရိုးများတွင် ကယ်လစီယမ် လုံလောက်စွာပါဝင်သောကြောင့် စည်သွပ်ဘူးငါးများ (ငါးသေတ္တာများ) သည် ကယ်လ်စီယမ် လိုအပ်နေသူများအတွက် ကျွေးသင့်သော အစားအစာပင်ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ အသက်၁၁မှ ၁၈နှစ်အကြား အရွယ်ကလေးများသည် တစ်နေ့လျှင် ကယ်လ်စီယမ် ၈၀၀-၁၀၀၀မီလီဂရမ် အထိ လိုအပ်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement