backup og meta

ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်းက သင့်ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်းက သင့်ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

    တီဗွီ ကို ဘယ်သူမှ ကြည့်မနေရင်တောင်မှ ဒီအတိုင်းဖွင့်ထားခဲ့တာမျိုး အလွန်ကို အဖြစ်များပါတယ်။ ဒါပေမယ့် လေ့လာမှု အသစ်တစ်ခုအရ တကယ်လို့ သင့်အိမ်မှာ ငယ်ရွယ်တဲ့ ကလေးငယ်ရှိမယ်ဆိုရင် တီဗွီမကြည့်ဘဲဖွင့်ထားခြင်း ဟာ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။

    ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်း ဟာ ကလေးတွေမှာ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    လေ့လာမှုတစ်ခုက ကောက်ခံတဲ့ အချက်အလက်တွေအရ တီဗွီမကြည့်ဘဲဖွင့်ထားခြင်းဟာ ငယ်ရွယ်တဲ့ကလေးတွေမှာ သင်ယူခြင်း၊ စာဖတ်ခြင်းတွေအတွက် လေးနက်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နယူးမက္ကဆီကို တက္ကသိုလ် ကလေးဌာန ပရော်ဖက်ဆာ Victor Strasburger က ကလေးငယ်တွေဟာ အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။

    ကျွမ်းကျင်သူတွေက အသက် ၈ လကနေ ၈ နှစ်အတွင်း ကလေးငယ်တွေရှိတဲ့ အိမ်ပေါင်း ၁၄၅၁ အိမ်က ဒီအတိုင်း ဖွင့်ထားသော တီဗွီတွေကို ကြည့်သောကလေး တွေကို စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုအရ အခြားကလေးတွေနဲ့ ယှဉ်ရင် ငယ်ရွယ်တဲ့ကလေးတွေနဲ့ အာဖရိကန်-အမေရိကန်နွယ်ဖွား ကလေးတွေဟာ ပိုကြည့်တယ်ဆိုတာ သိသာစွာ တွေ့မြင်ရပါတယ်။

    ကြည့်သူမရှိဘဲ ဖွင့်ထားသော တီဗွီ ဆိုတာ ဘာကိုပြောတာလဲ။

    Pennsylvania တက္ကသိုလ်မှ Matthew Lapierre က ကြည့်သူမဲ့တီဗွီ ဆိုတာဟာ ကလေးက ကြည့်မနေပေမယ့် ကလေးရဲ့ အနီးမှာ ပွင့်နေတဲ့ တီဗွီ ကို ဆိုလိုတာဖြစ်တယ်လို့ ဆိုပါတယ်။ ဥပမာ ကလေးတစ်ယောက် ကစားနေစဉ်၊ စားနေစဉ်မှာ အနားမှာ ဘယ်သူမှမကြည့်ဘဲ ဒီအတိုင်း ဖွင့်ထားသော တီဗွီ ကို ကြည့်သူမဲ့တီဗွီ လို့ ခေါ်နိုင်ပါတယ်။ အခြေအနေတွေ ကွဲပြားမှု ရှိပေမယ့် ဒီလိုဖွင့်ထားသော တီဗွီ ကြောင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ နှောင့်နှေးစေခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။

    သိပ္ပံပညာရှင်တွေက ကလေးတွေရဲ့ အခန်းအတွင်းမှာ တီဗွီ မရှိဘူးဆိုရင် သူတို့ဟာ ဒီပြဿနာ နဲ့ ထိတွေ့မှု နည်းနိုင်တယ်လို့ ဆိုပါတယ်။

    လေ့လာမှုတစ်ခုအရ အသက်ကြီးတဲ့ ကလေးငယ်တွေဟာ သင့်လျော်တဲ့ တီဗွီအစီအစဉ်တွေကို တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီသာ ကြည့်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အသက် ၂ နှစ်အောက် ကလေးငယ်တွေဟာ တီဗွီ ကြည့်ချိန်ကို ကန့်သတ်သင့်တယ်လို့ ဆိုပါတယ်။ အရေးအကြီးဆုံးကတော့ ဘယ်သူမှ မကြည့်နေချိန်မှာ တီဗွီ ကို ပိတ်ထားသင့်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

    တီဗွီ ကို ပိတ်ပြီး ကလေးတွေကို စိတ်ဝင်စားပါ။

    အိမ်အများစုမှာ တီဗွီ ကို နာရီပေါင်းများစွာ ဖွင့်ထားတတ်ပါတယ်။ လူတွေဟာ သူတို့အဖေါ်ရစေဖို့အတွက် မကြည့်ဘဲနှင့် ဒီအတိုင်းဖွင့်ထားတတ်ကြပါတယ်။ ဒါပေမယ့် အသက် ၂ နှစ်အောက် ကလေးငယ်တွေအတွက်ကတော့ ဒီအခြေအနေ ဟာ တကယ့် ပြဿနာ တစ်ခုပဲဖြစ်ပါတယ်။ ဆိုးကျိုးတွေကတော့ ကလေးရဲ့ အသက်အရွယ်ပေါ်မူတည်နိုင်ပါတယ်။

    အသက် ၂ နှစ်ထက် ကြီးတဲ့ကလေးငယ်တွေအတွက် ဒီအတိုင်းဖွင့်ထားတဲ့ တီဗွီတွေကနေတစ်ဆင့် သူတို့မိဘတွေ မသိမမြင်စေချင်တဲ့အရာတွေကို တွေ့မြင်နိုင်ပါတယ်။ အသက် ၂ နှစ်အောက်ကလေးငယ်တွေအတွက်ကတော့ သူတို့ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ရှောင်ကြဉ်ဖို့ တီဗွီ ဖွင့်ပြီး ကလေးငယ်တွေကို ဆူညံသံတွေ ကြားနေစေမယ့်အစား တီဗွီ ကို ပိတ်ပြီး ကလေးငယ်ကို စာဖတ်ပြခြင်းမျိုး ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement