backup og meta

ကျောင်းသင်ခန်းစာတွေမှာ လိင်အသိပညာကို ထည့်သွင်းသင်ကြားသင့်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းသင်ခန်းစာတွေမှာ လိင်အသိပညာကို ထည့်သွင်းသင်ကြားသင့်နေပြီလား

    ကျောင်းသင်ခန်းစာတွေမှာ လိင်အသိပညာကို ထည့်သွင်းသင်ကြားသင့်နေပြီလား

    စာသင်ကျောင်းတွေမှာ သင်ကြားတဲ့ ကျောင်းသင်ခန်းစာတွေမှာ လိင်ပညာပေး သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားဖို့ ဘာကြောင့် အရေးကြီး သလဲဆိုတာ ပြောပြပေးပါမယ်။

    (၁)      အသက်အရွယ်မပြည့်သေးသူ အမျိုးသမီးငယ်လေးတွေမှာ ကိုယ်ဝန်ရှိလာပြီး ကျောင်းထွက် ရတဲ့ကိစ္စတွေ အဖြစ်များလာပါတယ်။ အသက်မပြည့်သေးတဲ့အတွက် စဉ်းစားဉာဏ် လုံလောက်စွာ မဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့်ပါ။

    ဒါ့အပြင် အရွယ်မတိုင်ခင် လိင်မှုကိစ္စပြုလုပ်ခြင်းကြောင့် ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်သလဲ ဆိုတာ သူတို့ နားမလည်သေးလို့ပါ။ ကိုယ်ဝန်ရှိပြီး ကျောင်းထွက် ရမယ်ဆိုတာကိုလည်း ကြိုတင်မျှော်မှန်းထားပုံမရပါဘူး။ ဒီပြဿနာတွေ လျစ်လျူမရှုထားသင့်ပါဘူး။ ဒါတွေကို လိင်အသိပညာပေးလိုက်ခြင်းနဲ့ ကျော်လွှားနိုင်ပါတယ်။

    (၂)      အသက်မပြည့်သေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးပါဘူး။ ကိုယ်ဝန်ဆောင်ဖို့လည်း အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ အဖြစ်များလှပါတယ်။

    (၃)      သင့်ကလေးဟာ အကျင့်ပျက်စရိုက်တွေ ပြည့်ဝနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှိနေသလား ဆိုတာကို လိင်အသိပညာပေးခြင်းဖြင့် သိနိုင်ပါတယ်။ မိဘတွေဟာ မိမိရဲ့ ကလေး အရွယ်မတိုင်ခင်မှာ လိင် အကြောင်း မသိစေချင်ကြပါဘူး။

    ဒါပေမဲ့ ကျောင်းသင်ခန်းစာတွေကနေ လိင်အသိပညာကို နည်းလမ်း မှန်ကန်စွာ သိရှိရမယ့်အစား မကောင်းတဲ့ပတ်ဝန်းကျင်ကနေ မှားယွင်းစွာ ထိတွေ့သိရှိလိုက်ရတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။ မကောင်းတဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေရဲ့ ဝါးမြိုခြင်းကို ခံရနိုင်ခြေ ရှိပါတယ်။

    (၄)      လိင်ပိုင်းဆိုင်ရာ ပြဿနာတွေအနက် အဆိုးရွားဆုံးဖြစ်တဲ့ အေအိုင်ဒီအက်စ်နဲ့ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်ခြင်းကို ခံရနိုင်ပါတယ်။ ဒီလိုရောဂါဖြစ်ပွားခြင်းကို လိင်အသိပညာပေး ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

    (၅)      ကလေးအများစု သိချင်ကြတဲ့ မေးခွန်းတွေရှိပါတယ်။ လူတွေဟာ ဘာလို့ လိင်ဆက်ဆံကြတာလဲ၊ ဖေဖေ၊ မေမေတွေဟာ ကလေးကို ဘယ်လိုရလာတာလဲ၊ ဘယ်ကထွက်လာတာလဲ၊ ဘာလို့လူတွေ ဗိုက်ကြီး ကြတာလဲ၊ ဘယ်လိုကြောင့်လဲ စတဲ့မေးခွန်းတွေဟာ Google  မှာ ရှာဖွေမှုအများဆုံးမေးခွန်းတွေပါ။ မေးမြန်းထားသူတွေလည်း ငယ်ရွယ်သူတွေပါပဲ။ ကျောင်းတွေမှာ လိင်အသိပညာပေးခြင်းအားဖြင့် လိင်ပညာ နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို သိရှိသွားကြမှာပါ။

    (၆)      ဆယ်ကျော်သက်တွေဟာ အချင်းချင်းအားကျကြပါတယ်။ သူတို့ရဲ့သူငယ်ချင်းတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ လိင်ဆက်ဆံနေတာကို မြင်တဲ့အခါ သူတို့လည်း လိုက်လုပ်ကြပါတယ်။ ခေတ်နောက်မကျချင်တဲ့သဘောပါ။ လိင်ပညာပေးခြင်းဖြင့် သူတို့လေးတွေဟာ အမှားအမှန်အကောင်းအဆိုး ဝေခွဲတတ် လာမှာပါ။

    (၇)      အယူအဆမှားပြီး လမ်းမှားရောက်နေတဲ့ အရွယ်မရောက်သေးသူတစ်ချို့ဟာ ငယ်ရွယ်စဉ် လိင်ဆက်ဆံရခြင်း၊ ပါတနာများများနဲ့ ကာမဆက်ဆံရခြင်းတွေကို နှစ်ခြိုက်စွာ ပြုလုပ်နေကြပါတယ်။  သူတို့ရဲ့ လုပ်ရပ်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြောတတ်ကြတဲ့အခါ အခြား ဆယ်ကျော်သက်လေးတွေဟာ အားကျလာကြပါတယ်။

    ဒီအခါ ရည်းစားမရှိခြင်းကို စိတ်ညစ်လာကြပြီး  မိမိကိုယ်ကို ဆွဲဆောင်မှုမရှိဘူးလို ထင်တတ်ကြပါတယ်။ ဒီလိုနဲ့ ရည်းစားရလာတဲ့အခါ ၎င်းတို့ဟာ  ဆွဲဆောင်မှု အပြည့်ရှိကြောင်းကို လိင်ဆက်ဆံမှု ပြုလုပ်ခြင်းနဲ့ သက်သေပြတတ်ကြပါတယ်။

    (၈)      ဖုန်းတွေထဲမှာ အင်တာနက်ကို အသုံးပြုပြီး ညစ်ညမ်းဗီဒီယိုတွေ ကြည့်နေမှာနဲ့စာရင်တော့ ကျောင်းမှာ နည်းလမ်းမှန်ကန်စွာနဲ့ လိင်ပညာကို သိရှိသင့်ပါတယ်။

    လိင်အသိပညာပေးခြင်းကို ကျောင်းသင်ခန်းစာတွေတွေမှာ သင်ရိုးတစ်ခု အနေနဲ့ သင်ကြားသင့်ပါတယ်။ စာသင် ကျောင်းတွေဟာ အနာဂတ်ရဲ့ လူကြယ်ပွင့် လူငယ်တွေကို မွေးထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော ရင်း မြစ်ပါပဲ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement