backup og meta

ကလေး နှင်းခူ - အကြောင်းရင်း၊ လက္ခဏာ၊ ကုသမှု နှင့် ခရင်မ်များ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး နှင်းခူ -  အကြောင်းရင်း၊  လက္ခဏာ၊ ကုသမှု နှင့် ခရင်မ်များ

    နှင်းခူဟာ ခြောက်သွေ့၊ ယားယံတဲ့ အရေပြား အခြေအနေ တစ်ခု ဖြစ်ပြီး ကလေး ၅ ယောက်မှာ ၁ ယောက် ဖြစ်ပွားတတ်ပါတယ်။ သင့်ကလေးအသက် ၂ နှစ်မပြည့်ခင်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုခံစားရတဲ့ ကလေးအများစုဟာ ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာ ပျောက်သွားတတ်ပါတယ်။ နှင်းခူဟာ ပျောက်ကင်းအောင် ကုသလို့မရနိုင်ပေမယ့် မှန်ကန်တဲ့ ကုသမှုတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။

    ဘယ်အရာတွေက နှင်းခူကို ဖြစ်စေတာလဲ။

    ဘယ်အရာတွေက နှင်းခူကို ဖြစ်စေလဲဆိုတာကို သေချာစွာ သိရှိခြင်းမရှိပေမယ့် မျိုးရိုးဗီဇဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဓါတ်မတည့်မှုတွေ ဖြစ်တဲ့ နှင်းခူ နှင့် ပန်းနာရင်ကျပ် တွေဟာ ပြီးခဲ့နှစ်တွေ အတွင်းမှာ မြင့်တက်လာပေမယ့် အခုတော့ စတင်ပြီး တည်ငြိမ်လာတာ တွေ့ရပါတယ်။

    နှင်းခူဟာ အရေပြားရောဂါထခြင်းကို တွန်းအားပေးပါတယ်။ သင့်ကလေးမှာ ခြောက်သွေ့ယားယံတဲ့ အကွက်တွေ အချိန်အတော်များများမှာ ဖြစ်တတ်ပေမယ့် ရောဂါထတဲ့ အချိန်မှာတော့ ဒီအကွက်တွေဟာ ပိုဆိုးလာပြီး ရောင်လာတတ်ပါတယ်။ ဒါဟာ သင့်ကိုယ်ခံအားစနစ်က သူတို့နဲ့ ဓါတ်မတည့်တဲ့အရာတွေကို လိုတာထက်ပိုပြီး တုန့်ပြန်လို့ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ပိုမို ပြင်းထန်တဲ့ ကုသမှုတွေကို လိုအပ်နိုင်ပါတယ်။ နှင်းခူရောဂါထခြင်းဟာ တစ်ခါတရံမှာ အရေပြား ယားယံစေတဲ့ ဓါတုပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော် ဆပ်ပြာမှုန့်နဲ့ အဝတ်ပျော့ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရေချိုးဆပ်ပြာတွေ အစား အစိုဓါတ်ထိန်းပေးသော အဆီများကို အသုံးပြုနိုင်ပါတယ်။ သင့်ကလေးရဲ့ နှင်းခူသက်သာလားဆိုတာ သိရဖို့ ဆပ်ပြာမှုန့်ကို အစွန်းချွတ်ဆေးများမပါသော အဝတ်လျှော်ဆပ်ပြာကို ပြောင်းသုံးနိုင်ပါတယ်။

    နှင်းခူရောဂါဟာ မကုတ်အောင်ထိန်းဖို့ ခက်ခဲပြီး ရောဂါပိုးဝင်နိုင်တာကြောင့် ကလေးတွေမှာ စိတ်ညစ်ဖွယ်ရောဂါတစ်ခု ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ နှင်းခူဟာ အိပ်မရအောင် အနှောင့်အယှက်ပေးပါတယ်။

    နှင်းခူရောဂါကို ဘယ်လိုကုသမလဲ။

    နှင်းခူရောဂါကုသမှုဟာ ပြင်းထန်မှုပေါ်မတူတည်ပါတယ်။ တကယ်လို့ ကလေးငယ်မှာ နီရဲယားယံနေတဲ့ အကွက်တွေ အနည်းငယ်သာ ရှိခဲ့ရင် အစိုဓါတ်ထိန်းလိုးရှင်း၊ ခရင်မ်၊ အဆီ နဲ့ တခါတရံမှာ စတီးရွိုက်အပျော့စားခရင်မ် တွေကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ ရောဂါထခြင်းကို ကာကွယ်ဖို့ အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ နှင်းခူရှိတဲ့ ကလေးငယ်အကုန်လုံးမှာ နှင်းခူကွက်တွေ ပေါ်မလာရင်တောင် အစိုဓါတ်ထိန်းအဆီ ကို တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိမ်းဖို့ လိုအပ်ပါတယ်။ ဒါဟာ ကလေးအသာ အရမ်းခြောက်ခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ရေဓါတ်ထိန်းသိမ်းတဲ့ဆေး (သို့) အစိုဓါတ်ထိန်ပေးတဲ့ ပစ္စည်းတွေ အမျိုးအစား များစွာ ရှိတာကြောင့် သင့်ကလေးနဲ့ သင့်လျော်တဲ့ အမျိုးအစားကို မတွေ့ခင် အမျိုးအစားပေါင်းစုံကို စမ်းသုံးကြည့်နိုင်ပါတယ်။ သူတို့ကို ခရင်မ်၊ အဆီ၊ လိုးရှင်း နဲ့ ရေချိုးရာမှာ ထပ်ထည့်ပစ္စည်းတွေအဖြစ် ရရှိနိုင်ပါတယ်။ အစိုဓါတ်ထိန်းအဆီတွေကို နေ့စဉ် အသုံးပြုသင့်ပါတယ်။ ရေကိုအခြေခံထားတဲ့ ခရင်မ်တွေကို ရှောင်ရှားသင့်ပါတယ်။ ဒီခရင်မ်တွေမှာ ကလေးငယ်တွေရဲ့ အရေပြားကို ထိခိုက်စေတဲ့ ပါဝင်ပစ္စည်း တွေ ရှိနိုင်ပါတယ်။

    စတီးရွိုက် အသုံးပြုခြင်းဟာ ကလေးငယ်ကို ထိခိုက်နိုင်ပါသလား။

    ဆရာတွေက ကလေးငယ်တွေရဲ့ နှင်းခူရောဂါ ကို စတီးရွိုက်ခရင်မ်တွေ၊ အဆီ နဲ့တစ်ဆင့်ချင်း ကုသဖို့ အကြံပြုထားပါတယ်။ စတီးရွိုက် ခရင်မ်တွေ၊ အဆီတွေဟာ မှန်ကန်စွာ အသုံးပြုရင် စိတ်ချရပါတယ်။ သူတို့ရဲ့ အဓိက ဆိုးကျိုးကတော့ ရေရှည်အသုံးပြုရင် အရေပြား ပါးခြင်းကို ဖြစ်နိုင်ပြီး ဒါဟာ တစ်သက်လုံးကျန်နိုင်တယ်ဆိုတဲ့ သက်သေတော့ မရှိပါဘူး။ စတီးရွိုက်ခရင်မ် ရဲ့ မှန်ကန်တဲ့ ပြင်းအားကို နှင်းခူရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ စတီးရွိုက်ဆေး တွေကို ဆရာဝန်ညွှန်ကြားမှုအောက်မှာ အသုံးပြုသင့်ပြီး ဆရာဝန်က ကလေးအရေပြားကို ဘယ်လိုလိမ်းရမယ်ဆိုတာကိုပြောပြပါလိမ့်မယ်။ စတီးရွိုက်ခရင်မ် တွေကို အသုံးပြုစဉ်မှာ ရောဂါဖြစ်တဲ့နေရာကို တစ်နေ့ နှစ်ကြိမ်အောက်လိမ်းနိုင်ပြီး အစိုဓါတ်ထိန်းအဆီ တွေကို အများအပြားလိမ်းနိုင်ပါတယ်။ သင့်ကလေးလိုအပ်သလောက် အဆီပမာဏ ကို အသုံးပြုနိုင်ပါတယ်။

    အခြား ဘယ်လိုကုသမှုတွေ ရှိသေးသလဲ။

    ကလေးငယ်ရဲ့ နှင်းခူရောဂါဟာ အလွန်ယားယံပြီး အိပ်စက်မှုကို အနှောက်အယှက်ဖြစ်နေရင် antihistamine သောက်ဆေးတွေကို အသုံးပြုနိုင်ပေမယ့် ဒါကို မကြာခဏ အသုံးပြုလေ့မရှိပါဘူး။ ကလေးငယ်တွေအတွက် ရရှိနိုင်တဲ့ သောက်ဆေးတွေဟာ အိပ်ချင်စေတာကြောင့် ညဘက်မှာ အသုံးပြုသင့်ပါတယ်။ သင့်ကလေးငယ်ကို antihistamine မသောက်ခင် ဆရာဝန် အကြံဉာဏ်ကို ယူသင့်ပါတယ်။ တကယ်လို့သင့်ကလေးမှာ ပိုမိုပြင်းထန်တဲ့ နှင်းခူရောဂါ ရှိမယ်ဆိုရင် သူတို့ဟာ ပိုပြင်းတဲ့ စတီးရွိုက်ခရင်မ် သို့ အဆီတွေကို လိုအပ်နိုင်ပါတယ်။ တကယ်လို့ သူတို့ရဲ့ နှင်းခူဟာ ကုသမှုကို မတုန့်ပြန်ဘူးဆိုရင်တော့ အရေပြားအထူးကု ဆရာဝန်ဆီကို ညွှန်းပေးသင့်ပါတယ်။ နှင်းခူ ပြင်းထန်တဲ့အခြေအနေတွေမှာ ပါဝင်တဲ့ ကုသမှုတွေကတော့ အဆီ သို့ စတီးရွိုက်ခရင်မ် အတွင်းမှာ နှစ်ထားတဲ့ ပတ်တီးကို စည်းပြီး ခြောက်သွေ့တဲ့ ပတ်တီးတွေကို အပေါ်က အုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာဆေးတွေ အရေပြားအတွင်းစိမ့်ဝင်သွားအောင် ကူညီပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement