backup og meta

ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

    သင့်ကလေး အသက်တစ်နှစ်လောက်ရှိတဲ့ အချိန်မှာပဲ ကာကွယ်ဆေး အနည်းဆုံး ၁၆မျိုးလောက် ထိုးရမှာပါ။ ဆေးတခါတခါထိုးရင် အကြာကြီးမနာဖူးဆိုပေမယ့် ကိုယ့်ကလေးကြောက်လို့ ငိုနေတာကိုတော့ ဘယ်သူမှ အေးအေးဆေးဆေး ကြည့်မနေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

    ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

    သင့်ကလေးကို ဆေးထိုးတဲ့အခါ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ရှိစေဖို့အတွက် အသုံးပြုသင့်တဲ့ နည်းစနစ်လေးတွေကို အောက်မှာဖော်ပြထားပါတယ်။

    အာရုံလွှဲပါ။

    ပါးစပ်က အသံပေါင်းစုံ လုပ်ပြတာ၊ ကလေးကို ချီပြီး ဟိုသည်လွှဲတာ၊ အနှီးနဲ့ ထုပ်ထားတာ ဒါမှမဟုတ် နို့စို့ခိုင်းတာတွေဟာ ဂျီတိုက်နေတဲ့ ကလေးကို အာရုံပြောင်းနိုင်ပါတယ်။ အင်မတန် အသုံးကျပြီး ကာကွယ်ဆေး ထိုးရာမှာလည်း အာရုံလွှဲဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

    ကလေးကို ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ထားပြီး ချီထားပါ။ ကလေးဆရာဝန် ဒါမှမဟုတ် သူနာပြုက ဆေးထိုးပေးပြီးတဲ့အခါ ကလေးကို အနှီးနဲ့ အမြန်ပတ်လိုက်ပါ။ ပြီးရင် ကလေးကို ဟိုသည်လွှဲပြီး ပါးစပ်ကလည်း အသံစုံ လုပ်ပြရမှာ ဖြစ်တဲ့အပြင် ပါးစပ်ထဲလည်း ချိုလိမ်ထည့်ပေးနိုင်ပါတယ်။

    ထုံဆေးပေးခြင်း

    အသက် ၃နှစ်အထက် ကလေးတွေမှာ ကာကွယ်ဆေး မထိုးခင် ထုံဆေးဖြန်းပေးတာ ဒါမှမဟုတ် ခရင်မ်လေး လိမ်းပေးတာမျိုး လုပ်ပေးမယ်ဆိုရင် သူတို့လေးတွေရဲ့ ခြေလက်တွေကို ထုံသွားစေတဲ့အတွက် ဆေးထိုးတဲ့အခါ အရမ်းကြီးမနာတော့ပါဘူး။

    နို့တိုက်ခြင်း

    ဂျီကျနေတဲ့၊ နာကျင်နေတဲ့ကလေးကို မိခင်နို့ တိုက်ကျွေးခြင်းအားဖြင့် အငိုတိတ်သွားစေ၊ တည်ငြိမ်သွားစေနိုင်ပါတယ်။ ဒါဟာ ထုံဆေးထက်တောင် အကျိုးရှိပါမယ်။

    ဒါကြောင့် ဆေးမထိုးခင် ဒါမှမဟုတ် ဆေးထိုးထိုးပြီးချင်းမှာ အာရုံလွှဲတဲ့အနေနဲ့ ကလေးကို မိခင်နို့ တိုက်ကြည့်ပါ။

    ဆေးနှစ်လုံးကို တပြိုင်နက်ထိုးခြင်း

    ကလေး အများစုအနေနဲ့ အသက် ၂လ၊ ၄လ၊ ၆လတွေမှာ တခါထိုးရင် ဆေးသုံးလေးလုံးလောက် ထိုးရလေ့ရှိပါတယ်။ ရုတ်တရက် စဉ်းစားရင် ဆေးနှစ်လုံးကို တပြိုင်နက် ထိုးတာဟာ ပိုနာစေသယောင် ထင်ရပါတယ်(လက်မောင်းတဖက်စီ ဒါမှမဟုတ် ပေါင်တဖက်စီမှာပေါ့)။

    ဒါပေမယ့် တကယ်တမ်းကျတော့ ဒီလို ဆေးနှစ်လုံးကို တပြိုင်နက်ထိုးတာဟာ အနာသက်သာစေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဆေးနှစ်လုံးကို အတူတကွ ထိုးလိုက်ခြင်းဟာ ဦးနှောက်ကို ရှုပ်ထွေးစေတဲ့အတွက် ဖြစ်ပါတယ်။

    သကြား တဇွန်းလောက် ကျွေးကြည့်ပါ။

    အသက် ၆လအောက် ကလေးတွေကို ဆေးမထိုးခင် သကြားရည် အနည်းငယ် တိုက်ခြင်းအားဖြင့် နာကျင်မှုတွေကို သက်သာလျော့ပါးစေတယ်လို့ ဆိုပါတယ်။ သကြားရည်ဟာ ကလေးငယ်ရဲ့ အနာခံနိုင်စွမ်းကို မြင့်မားစေပြီး opiates လို့ခေါ်တဲ့ ထုံစေ၊ အနာသက်သာစေတဲ့ ဓာတ်တမျိုးကို ခန္ဓာကိုယ်ကနေ သဘာဝအလျောက် ထွက်လာစေပါတယ်။

    ၆လအောက် ကလေးကို ရေမတိုက်ပေမယ့် အနည်းငယ်သော ပမာဏလောက်ကတော့ ပြဿနာနည်းပါတယ်။ဒါကြောင့် ဆရာဝန်ခွင့်ပြုတယ်ဆိုရင် သကြားဇွန်းဝက်နဲ့ ရေနှစ်ဇွန်းကို ရောစပ်ပြီး ဆေးမထိုးခင် နှစ်မိနစ်လောက်အလိုမှာ ကလေးကို တိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သကြားရည်ထဲမှာ စိမ်ထားတဲ့ နို့သီးခေါင်းကို ကလေးအား ပေးစို့နိုင်ပါတယ်။

    ကလေးကို ကာကွယ်ဆေး ထိုးတဲ့အချိန်မှာ မိဘကလည်း စိတ်တည်ငြိမ်ဖို့ လိုပါတယ်။ မိဘက စိုးရိမ်ပူပန်စိတ် များနေရင် ကလေးကိုပါ ပိုပြီးကြောက်လန့်နာကျင်စေပါလိမ့်မယ်။

    ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ အသုံးချကြည့်လိုက်နော် မေမေတို့ရေ ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement