backup og meta

ကလေးအတွက် အစားအစာ ပြင်ဆင်တဲ့အခါ ထည့်စဉ်းစားဖို့လိုတဲ့အချက် (၉) ချက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအတွက် အစားအစာ ပြင်ဆင်တဲ့အခါ ထည့်စဉ်းစားဖို့လိုတဲ့အချက် (၉) ချက်

    ကလေးကို ဟိုဟာမတည့်ဘူး မစားနဲ့နော်၊ ဒါမစားနဲ့၊ မေမေဘာပြောထားလဲ၊ချောင်းဆိုးလိမ့်မယ်၊ နေမကောင်းဖြစ်လိမ့်မယ်ဆိုပြီး မိဘတွေရဲ့ပြောသံ မကြာခဏကြားရပါတယ်။ ကလေးဆိုတာ တားလေ ပိုလုပ်ချင်လေ သဘာဝကို ပိုင်ဆိုင်သူတွေမို့ ဒီလိုမျိုးဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်ထင်ပါသလဲ။ သူများစားတာ လိုက်စားချင်မယ်၊ ကျန်းမာရေးအတွက်ကောင်းတာမကောင်းတာသူမသိဘဲ ကြိုက်တဲ့အစားအသောက်ကို ကြိုက်သလို ခိုးစားမယ်၊ (မိဘမသိအောင်) မိသားစုဆွေမျိုးတွေကိုဝယ်ကျွေးခိုင်းမယ် စတာတွေဖြစ်လာနိုင်ပါတယ်။

    တကယ်တော့ ကလေးကိုကျွေးမယ့် အစားအသောက်ကိုမိဘက ပုံသေသတ်မှတ်ပြီး အတင်းကျွေးတာထက် အာဟာရပြည့်ကျန်းမာတဲ့အစားအစာတွေပြင်ဆင်ပေးထားတဲ့အထဲကမှ ကလေးကိုရွေးချယ်ခွင့်ပေးတာပိုကောင်းပါတယ်။ ကလေးတွေရဲ့သဘာဝကိုက လူကြီးတွေလို ကိုယ်တိုင်ရွေးချယ်ခွင့်ရတာ၊ အရာရာကိုယ်တိုင်လုပ်ခွင့်ရတာ၊ ချုပ်ကိုင်မှုကလွတ်ကင်းတယ်လို့ခံစားရတာကို အရမ်းတောင့်တကြပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီပြီး ဖွံ့ဖြိုးကြီးထွားမှုကိုအထောက်အကူပြုမယ့်အစားသောက်တွေဖြစ်အောင် ပြင်ဆင်ပေးပြီးပေးရွေးလိုက်ပါ။ ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာဖို့ ဘယ်အရာကိုမှအတင်းအကြပ်မလုပ်ဘဲ ကလေးကိုယ်တိုင်ကျေနပ်လက်ခံလာအောင် ပရိယာယ်သုံးပြီးစိတ်ရှည်ရှည်နဲ့ဆွဲဆောင်ရတာ မိဘတွေရဲ့ပညာပါပဲ။

    ဒီအချက်တွေကို မဖြစ်မနေ ထည့်စဉ်းစားပါ

    (၁) ဒါအကုန်စားရမယ် ဆိုတာမျိုး မပြောပါနဲ့

    ကလေးက ဗိုက်ပြည့်နေပြီဆိုရင် အတင်းဆက်မစားခိုင်းပါနဲ့။ မိဘတော်တော်များများက ဒီလောက်တော့ကုန်ရမယ်၊ဒီလောက်တော့ကုန်အောင်စားပါ နဲ့ ပုံစံချထားတဲ့အတိုင်း ကုန်အောင်ကျွေးတတ်ကြပါတယ်။ ဒါကုန်ရင် အပြင်သွားကြမယ်၊ ကစားကွင်းလိုက်ပို့မယ် စသည်ဖြင့် မက်လုံးလည်းပေးကြတယ်။ တကယ်တော့ ကလေးကဗိုက်ပြည့်နေလျက်နဲ့ ကြိတ်မှိတ်ပြီး ထပ်စားလိုက်ရတယ်ဆိုရင် အစာခြေစနစ်ကို ဒုက္ခပေးနိုင်သလို မအီမသာနဲ့နေလို့လည်းမကောင်းတော့ပါဘူး။

    (၂) အသစ်အဆန်းလေးတွေ အမြဲကျွေးပါ

    ကလေးအတွက် အစားအစာတွေသီးသန့်လုပ်ကျွေးကြတာမှန်ပေမယ့် သူမစားဖူးသေးတဲ့ အစားအစာ၊ အရသာ အသစ်အဆန်းတွေကို နည်းနည်းချင်း စမ်းကျွေးကြည့်ဖို့ကြိုးစားပါ။ ဒါလေးကြိုက်တယ်ဆို မှတ်ထားပြီး နောက်တစ်ကြိမ်ကျွေးလို့ရတယ်လေ။ သူကြိုက်တယ်ဆိုဒါချည်းပဲ အမြဲကျွေးတာတော့မလုပ်နဲ့ပေါ့။ အသစ်အဆန်းလေးတွေကျွေးတဲ့အခါ စစချင်းမှာငြင်းဆန်နေရင် သူလက်ခံလာတဲ့အထိ အကြိမ်ကြိမ်ကြိုးစားကြည့်ပါ။ အတင်းအကျပ်မလုပ်မိဖို့တော့ လိုပါတယ်။

    (၃) ကလေးအတွက် အစားအသောက် စီစဉ်တဲ့စာရင်းကို မကြာခဏပြောင်းလဲပြင်ဆင်ပါ

    ကလေးတွေက ဒီဟင်း၊ဒီဟင်းတွေနဲ့ပဲ အမြဲစားချင်မယ်လို့ထင်ပါသလား။ သရေစာမုန့်လည်း ဒီလိုပဲ။နေ့လယ်ကျွေးနေကျ သရေစာမုန့်က ဒီနေ့ ပူတင်းဆိုရင်နောက်နေ့မှာ သစ်သီးလေး၊နောက်နေ့မှာ အသားပေါင်း၊နောက်တစ်ခါ ကြက်ဥနဲ့လုပ်တဲ့မုန့်တစ်ခုခု စသည်ဖြင့် ကိုယ်တိုင်လုပ်ကျွေးတာကောင်းပါတယ်။ အရာရာစူးစမ်းချင်တဲ့ကလေးတွေက အပြောင်းအလဲလေးတွေစားချင်မှာသေချာပါတယ်။ စားစရာကိုပုံဖော်တဲ့အခါ သူတို့နှစ်သက်လောက်တဲ့ ဒီဇိုင်းအပြင်အဆင်ဖြစ်ဖို့လည်းလိုတာပေါ့နော်။

    (၄) အချိုလေးလည်းထည့်ကျွေးပါ

    ကလေးတွေ အချိုစားတာများမှာကို စိုးရိမ်ကြပေမယ့် လုံးဝကြီးအချိုမကျွေးဘဲထားဖို့မလိုပါဘူး။ အချိုဓာတ်ကိုလည်း ခန္ဓာကိုယ်အတွက်လိုအပ်တာမို့ အချိုပွဲ သို့မဟုတ် သရေစာ အဖြစ်နဲ့ အချိုကဲတဲ့စားစရာလေးတွေ ဖန်တီးပေးနိုင်ပါတယ်။ ကလေးကတော့ ကြိုက်မှာပေါ့လေ။ ကိုယ်က လုံးဝပိတ်ပင်တာမဟုတ်ဘဲ ထိုက်သင့်သလောက်ကိုကျွေးတဲ့အခါ အချိုများတာတွေစားဖို့ ကလေးက မရမက အတင်းပူဆာမှာမဟုတ်ပါဘူး။

    (၅) ချစ်ခင်မှုကို အစားအသောက်နဲ့ မနှိုင်းယှဉ်ပါနဲ့

    ဆိုလိုတာက “မေမေ့ကိုချစ်ရင် ဒါလေးစားလိုက်ပါ၊ မစားရင် နောက်မချစ်တော့ဘူး”ဆိုတာမျိုး၊ ကလေးနဲ့ကိုယ့်ရဲ့ကြားကချစ်ခင်မှုကို အသုံးချပြီး အစားအသောက်ကျွေးတာမျိုး၊ သူမစားချင်တာကို အတင်းကျွေးပြီးမှ လိမ်မာလိုက်တာ၊ချစ်လိုက်တာဆိုပြီး ဆုပေးသလိုလုပ်တာမျိုး မဖြစ်သင့်ပါဘူး။ အစားအသောက်ကို ဆုပေးဒဏ်ပေးစနစ်နဲ့ မကျွေးသင့်ပါဘူး။ ကလေးမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့အပြင် နောက်ပိုင်းမှာ မှန်ကန်တဲ့အစားအသောက်ရွေးချယ်ပုံကို အလေ့အကျင့်ရစေမှာမဟုတ်ပါဘူး။

    (၆) ကျန်းမာရေးနဲ့မညီတာ ကိုယ်လည်းမစားပါနဲ့

    ကလေးအတွက်မသင့်တော်ဘူးလို့ သတ်မှတ်တဲ့စားစရာတွေကိုရှေ့ကနေ ကိုယ်ကမစားသင့်ပါဘူး။ ကလေးဆိုတာ လူကြီးစားတာ စားချင်မှာပဲ။ ဥပမာ ဆီမသန့်တဲ့အကြော်တွေဝယ်စားတာ၊ ရယ်ဒီမိတ်အကင်တွေဝယ်စားတာ လိုမျိုး ကျန်းမာရေးနဲ့မညီတာတွေကို မိဘကပါရှောင်ပြလိုက်ပါ။နောက်ဆုံးရလဒ်က တစ်မိသားစုလုံးတောင် ပိုကျန်းမာလာပါလိမ့်ဦးမယ်။

    (၇) တီဗီရှေ့မှာ အစားအသောက်ကျွေးတဲ့အလေ့အကျင့် မလုပ်ပေးပါနဲ့

    တီဗီရှေ့မှာ ကလေးထမင်းခွံ့တာက ပိုထိန်းရလွယ်တယ်လို့ထင်ကြပါတယ်။ ကလေးကတီဗီကိုအာရုံစိုက်နေချိန် ပါးစပ်ထဲခွံ့လိုက်ရင် ဘာမှန်းမသိ စားလိုက်ကြတာပဲကိုး။ ပြဿနာက ကလေးက အစားကိုအာရုံမရဘဲသေချာမဝါးတဲ့အတွက် အစာမကြေဖြစ်နိုင်ပါတယ်။နောက်တစ်ချက်က တီဗီရှေ့မှာ အစားစားတဲ့အလေ့အကျင့်ရသွားခဲ့ရင်နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါ တီဗီကြည့်ရင်း အာရုံမရဘဲ တစွတ်စွတ်စားတဲ့အကျင့်နဲ့ အဝလွန်တဲ့အန္တရာယ်ရှိနိုင်ပါတယ်။

    (၈) ဓာတ်မတည့်မှုတွေ ရှိနိုင်တာကို သတိထားပါ

    ကိုယ့်ကလေးက ဘာနဲ့ဓာတ်မတည့်ဖြစ်တတ်လဲ အမြဲစောင့်ကြည့်သတိထားပါ။ အဖြစ်များဆုံးအစားအသောက်ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေက နွားနို့၊ ကြက်ဥ၊ဘဲဥ၊မြေပဲနဲ့တခြားအစေ့အဆန်တွေ၊ ငါး၊ ပင်လယ်စာ တို့ပါဝင်ပါတယ်။ ကလေးနဲ့မတည့်တာကို သိထားပြီးရင် သူဘာစားစား ဓာတ်မတည့်တာမပါအောင် ဂရုစိုက်ပါ။

    (၉) ကလေးကိုကျွေးမယ့်အာဟာရတွေထဲ ဒါတွေပါအောင် ဂရုစိုက်ပါ

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement