backup og meta

ကလေးများ TV ကြည့်ခြင်း ၊ ဖုန်း သို့ ကွန်ပြူတာသုံးခြင်းများကို ဖိအားမပေးပဲ လျှော့ကျစေခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ TV ကြည့်ခြင်း ၊ ဖုန်း သို့ ကွန်ပြူတာသုံးခြင်းများကို ဖိအားမပေးပဲ လျှော့ကျစေခြင်း

    ယနေ့ခေတ်ကလေးများသည် ကျွန်တော်တို့တုန်းကလို ကျောင်း ၊ သူငယ်ချင်းများ နှင့် ပြဿနာများရင်ဆိုင်နေရသော်လည်း သူတို့တွင် ပြဿနာတစ်ခုပါထပ်တိုးလာပါတယ် ။ အဲ့ဒါကတော့သူတို့ဟာ ဖုန်းတွေ၊ကွန်ပြူတာတွေ၊ ဗီဒီယိုဂိမ်းတွေနားကနေ တစ်ဖဝါးမှမခွာနိုင်ဖြစ်နေခြင်းပဲဖြစ်ပါတယ် ။ ဒါတွေဟာ ကလေးရဲ့စာကြည့်ချိန်နဲ့ ပြင်ပလောကကြီးမှာပျော်မွေ့ဖို့အချိန်တွေကို လျော့စေပါတယ် ။

    မိဘများဟာ မိမိတို့ရဲ့ကလေးများ တီဗီကြည့်ခြင်း ၊ ဖုန်းသုံးခြင်း၊ ဂိမ်းဆော့ခြင်း တို့မှလျော့နည်းစေရန် အောက်ပါ ဖိအားပေးခြင်းမရှိတဲ့နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ် ။

    သင့်ရဲ့ တီဗီကြည့်တဲ့ဖုန်းသုံးတဲ့အလေ့အကျင့်တွေကိုလျှော့ချပါ ။

    သင့်ရဲ့ကလေးတွေဟာ သင်လုပ်နေတာတွေကို အမြဲတမ်းသတိထားကြည့်မနေပေမယ့် သင်ဟာတာ့သူတို့ရဲ့စံပြပုဂ္ဂုလ်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင် ကားမောင်းရင်းစာပို့နေတာတို့ ၊ တီဗီကြည့်တာတို့ ၊ ထမင်းစားစဉ် ဖုန်းတစ်လုံးနဲ့စားနေတာတွေကို မပြုပြင်ပဲ ကလေးကို တီဗီကြည့်တာတွေ၊ ဂိမ်းဆော့တာတွေလျှော့ခိုင်းဖို့မဖြစ်နိုင်ပါဘူး ။

    ဖုန်းသုံးတာ ၊ ဂိမ်းဆော့တာရပ်သင့်သောအချိန်တွင် သတိပေးခြင်း ။

    အီလတ်ထရောနစ်ပစ္စည်းများအသုံးမပြုပဲနေခြင်းဟာ မဖြစ်နိုင်သော်လည်း သင့်ရဲ့ကလေ အချိန်ဘယ်လောက်သုံးနေတယ်ဆိုတာကို မိမိတို့စောင့်ကြည့်နေတယ်ဆိုတာကိုတော့ သူတို့သိဖို့အရေးကြီးပါတယ် ။ အခြေအနေအရ ကျွန်ုပ်တို့ဟာညင်ညင်သာသာအသိပေးပြီးရပ်ခိုင်းဖို့လိုပါတယ်။ ဥပမာ – “သားရေ ၊ သမီးရေ.. အချိန်တော်တော်ကြာကြာဖုန်းသုံးပြီးသွားပြီဆိုတော့ ခုအဲ့ဒါကိုရပ်ပြီး အခြားတစ်ခုပြောင်းလုပ်ရအောင် ” စသဖြင့် အသိပေးသင့်ပါတယ် ။

    သင့်ရဲ့ကလေးတွေကိုလေ့ကျင့်ခန်းလုပ်ဖို့အားပေးပါ။

    ကလေးတော်တော်များများဟာ ဆယ်ကျော်သက်အရွယ်မှာ အားကစားတွေမလုပ်ကြပါဘူး ။ ဒါကြောင့် ကျွန်ုပ်တို့ဟာ သူတို့စိတ်ဝင်စားတဲ့အားကစားများကိုခွင့်ပြုမည်ဆိုလျှင် ထိုအားကစားတွင်ထူးချွန်အောင်လုပ်ဖို့အားပေးသင့်ပါတယ် ။ သူတို့ရွေးချယ်တဲ့အားကစားများဆီလိုက်လံပို့ဆောင်ပေးခြင်းဖြင့် ကျွန်ုပ်တို့ရဲ့အားပေးမှုကို ပြသသင့်ပါတယ် ။ အားကစားများအတူတူလုပ်ရန် အချိန်ဇယားများကိုပါ ကျွန်ုပ်တို့စီစဉ်ပေးနိုင်ပါတယ် ။

    ဖုန်း ၊ ကွန်ပြူတာသုံးရန် စည်းကမ်းများပြုလုပ်ပါ ။

    ဆုပေး ဒဏ်ပေးစနစ်ပါတဲ့ စည်းမျဉ်များကို သင့်ကလေးနဲ့အတူစာရင်းပြုလုပ်ရပါမယ် ။ စည်းမျဉ်အချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်…

    – အိမ်မှာဖြစ်စေ ၊ စားသောက်ဆိုင်တွင်ဖြစ်စေထမင်းစားနေစဉ် စာပို့ခြင်း ၊ စာရိုက်ခြင်း မလုပ်ရ ။

    – ထမင်းစားနေစဉ် ဖုန်းမသုံးရ ။

    – ပုံမှန်လုပ်ရမည့်အလုပ်များ ၊ အိမ်စာများပြီးမှသာ ဖုန်းသို့ တက်ဘလတ်ကိုသုံးရမည် ။

    – ညပိုင်းသတ်မှတ်ထားသောအချိန်တွင် ဗီဒီယိုဂိမ်းဆော့ခြင်းမလုပ်ရ ။

    – ကွန်ပြူတာကို အများသုံးနိုင်တဲ့နေရာတွင်သာထားရမည် ။

    – အိပ်ခန်းတွင် TV မထားရ ။

    ထိုအကြောင်းကိုဆွေးနွေးပြောဆိုပါ ။

    ရိုးရှင်းတဲ့စည်းကမ်းများထုတ်ခြင်းဟာ စည်းကမ်းလိုက်နာချင်ယောင်ဆောင်တဲ့ ဆယ်ကျော်သက်အရွယ်အကြီးပိုင်းများနဲ့ဆိုအဆင်မပြေနိုင်ပါဘူး ။ ဒါကြောင့် သူတို့ကို ဖုန်းများများသုံးလေ ၊ ဂိမ်းတွေများများလေ ၊ သူတို့ရဲ့အာကစားတွေနဲ့ပတ်ဝန်းကျင်လုပ်ငန်းဆောင်တာများတွင်မပါဝင်နိင်လေဖြစ်တဲအပြင် ကိုယ်အလေးချိန်ပါတိုးလာနိုင်ကြောင်း ရှင်းပြသင့်ပါတယ် ။

    သူတို့ကို ဖုန်းသုံးခြင်း ၊ ဂိမ်းဆော့ခြင်းရဲ့ဆိုးကျိုးတွေအကြောင်းရေးထားတဲ့စာအုပ်တွေ၊ဆောင်းပါးတွေကိုပေးဖတ်စေခြင်းဖြင့် သင့်ရဲ့စည်းကမ်းတွေဟာတရားမျှတတယ်ဆိုတာ သူတို့နားလည်လာပါလိမ့်မယ် ။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement