backup og meta

ကလေးများ ဝမ်းချုပ်ခြင်း၊ ဝမ်းထွက်ကျခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ ဝမ်းချုပ်ခြင်း၊ ဝမ်းထွက်ကျခြင်း

    ကလေးများရဲ့ အူလမ်းကြောင်း လှုပ်ရှားမှု မကောင်းတဲ့ အခါ ဝမ်းသွားဖို့ ခက်ခဲလာပါတယ်။ ၃ရက်ထက် ကျော်လာရင်တော့ ဝမ်းချုပ်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒီအခြေအနေဟာ ကလေးများ အမျှင်ဓါတ်ကို လုံလောက်စွာ မစားခြင်း၊ ရေသောက်နည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အများသုံးသန့်စင်ခန်းတွေကို အသုံးပြုရမှာ ဝန်လေးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်လာရင် ဝမ်းသွားဖို့ အားစိုက်တဲ့အခါ နာကျင်မှု ဖြစ်လာစေပါတယ်။ ဒါကြောင့်လည်း ကလေးများဟာ အောင့်ထားတတ်ကြပါတယ်။

    ဒါဆိုရင် ဝမ်းချုပ်ခြင်း ၊ဝမ်းမထိန်းနိုင်ခြင်း၊ ဝမ်းထွက်ကျခြင်း ဆိုတာကရော? ဒီ၃မျိုးဟာ ဘာတွေများ ကွာခြားပါသလဲ။

    ဝမ်းမထိန်းနိုင်ခြင်း

    ဝမ်းမထိန်းနိုင်ခြင်းဆိုတာကတော့ ဝမ်းသွားဖို့ မထိန်းချုပ်နိုင်ခြင်း၊ နောက်ဖေးသွားဖို့ ပမာဏ များလာတာကြောင့် မထိန်းနိုင်ခြင်းလို့လည်း ခေါ်ဝေါ်ပြီး ကလေးများရဲ့ အောက်ခံဘောင်းဘီထဲကို ပါချမိခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ မထိန်းချုပ်နိုင်ပါဘူး။ များသောအားဖြင့် ဝမ်းချုပ်တဲ့အခါ စအိုမှာ စမြင်းခံနေတတ်ပါတယ်။ အဲဒီအခါ နောက်ထပ် ရောက်လာတဲ့ အစာဟောင်းများက တွန်းကန်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မထိန်းနိုင်ဘဲ ဘောင်းဘီထဲ ထွက်ကျတတ်ပါတယ်။

    ဝမ်းအလိုလိုသွားခြင်း

    ဝမ်းချုပ်တာကြာရင် ဝမ်းများပြည့်လျှံလာတတ်ပါတယ်။ အဲဒီအချိန်မှာ အခဲဖြစ်ဖြစ် အရည်ဖြစ်ဖြစ် စမင်းနဲ့ရောပြီး ထွက်ကျလာတတ်ပါတယ်။ အူလမ်းကြောင်းဟာ အရမ်းတင်းနေရင် ကလေးများဟာ ဝမ်းသွားချင်စိတ်ကို မသိနိုင်ပါဘူး။ စအိုဝကြွက်သားဟာလည်း အရမ်း အားနည်းသွားပါတယ်။ တခါတလေမှာ အစာဟောင်းတွေ စုတာများနေရင် ဆီးအိမ်ကို ဖိမိတာကြောင့် အိပ်ယာထဲ ဆီးသွားမိခြင်းမျိုး ဖြစ်နိုင်ပါတယ်။

    ဝမ်းချုပ်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းဟာ ကလေးတွေကြားမှာ အဖြစ်များသလား

    ကျောင်းနေအရွယ် ကလေးတွေရဲ့ ၁၆-၃၇%ခန့်ဟာ ဝမ်းချုပ်ခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ ဝမ်းချုပ်ခြင်းနဲ့အတူ ဝမ်းမထိန်းနိုင်ခြင်းဟာလည်း မူကြိုအရွယ် ကလေးများရဲ့ ၄%၊ ကျောင်းနေအရွယ် ကလေးများရဲ့ ၁-၂% ခန့်မှာ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် ဝမ်းမထိန်းနိုင်ခြင်းဟာ ကျောင်းနေအရွယ် ယောက်ျားလေးတွေမှာ ဖြစ်တတ်ပါတယ်။

    ဘယ်အချိန်မှာ ဆေးခန်းပြသမလဲ

    သင့်ကလေးဟာ အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ပြသနာရှိနေတယ်လို့ ပြောလာရင် ဆေးရုံဆေးခန်း ချက်ချင်း ပြသသင့်ပါတယ်။ ရောဂါစောစော ရှာတွေ့လေ၊ ကုသရ ပိုကောင်းလေပါပဲ။ အထူးသဖြင့် အောက်ပါ အခြေအနေတွေမှာ ဆရာဝန်ပြသသင့်ပါတယ်။

    – တပတ်ထက်ပိုပြီး ဝမ်းချုပ်နေတဲ့အခါ

    – ဝမ်းထဲမှာ သွေးစသွေးနလေးတွေ ပါဝင်ပြီး စအိုမှာ အနည်းငယ် ကွဲနေတဲ့အခါ

    – လိပ်ခေါင်းဖြစ်တဲ့အခါ

    – ဝမ်းသွားဖို့ အလွန်ညှစ်နေရသောအခါ

    – အူလမ်းကြောင်း လှုပ်ရှားရာမှာ နာကျင်တဲ့အခါ

    – ဝမ်းချုပ်ပြီး ပျို့အန်တဲ့အခါ

    – ဝမ်းဗိုက်ဖောင်းလာတဲ့အခါ

    – ကိုယ်အလေးချိန်နဲ့ ဖွံ့ဖြိုးကြီးထွားမှုကို စိတ်ပူရသောအခါ စတဲ့အချိန်တွေပဲ ဖြစ်ပါတယ်။

    ဝမ်းမထိန်းနိုင်ခြင်းကို ဘယ်လိုရောဂါရှာဖွေမလဲ

    ပထမဦးစွာ ဆရာဝန်ဟာ သင့်ကလေးနဲ့ ဆွေးနွေးပါလိမ့်မယ်။ ပြီးရင် စအိုထဲမှာ စမြင်းတွေရှိမရှိ လက်ချောင်းထည့် စမ်းသပ်ပါလိမ့်မယ်။ ဝမ်းဗိုက်ဓါတ်မှန် ဒါမှမဟုတ် စအိုမှ ဆေးသွင်းပြီး ဓါတ်မှန်ရိုက်ခြင်း စတာတွေ လိုအပ်နိုင်ပါတယ်။

    ဘယ်လိုကုသမလဲ

    – ဝမ်းနုတ်ဆေး၊ စအိုဆေးတောင့်၊ စအိုမှ ဆေးရည်ထည့်ပေးခြင်းကို ဆရာဝန်ရဲ့ အညွှန်းမပါဘဲ မပေးပါနဲ့။

    – ပထမဦးစွာ စအိုမှာ ပိတ်ဆို့နေတာတွေကို ရှင်းလင်းဖယ်ရှားရပါမယ်။

    – ကလေးကို အမျှင်ဓါတ်များတဲ့ စားစရာတွေ ကျွေးပါ။ အရည်များများ တိုက်ပါ။

    – လေ့ကျင့်ခန်း မကြာခဏ လုပ်ခိုင်းပါ။

    – အမူအကျင့်ပိုင်းနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးပါ။  ပုံမှန် ဝမ်းသွားဖို့ အားထုတ်ခြင်းအတွက် အကျင့်ကောင်းတခုလို့ သတ်မှတ်ပေးပြီး ချီးမွမ်းပါ၊ ဆုချပါ။

    – ဝမ်းများ ထပ်မံ ပိတ်ဆို့ပြီး ထွက်ကျခြင်း မဖြစ်အောင် ဆရာဝန်နဲ့ ပု့မှန်ပြသပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement