backup og meta

ကလေးများတွင် ဆံပင်ကျွတ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် ဆံပင်ကျွတ်ခြင်း

    အရွယ်ရောက်သူများတွင်သာမကပဲ ကလေးများတွင်လည်း နေ့စဉ် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများတွင် ဆံပင်ကျွတ်ခြင်းသည် ကလေးဆရာဝန်ထံ လာပြသမျှ လူနာစုစုပေါင်း၏ ၃ရာခိုင်နှုန်းခန့်သာ ရှိပြီး အောက်ပါ အခြေအနေများ ကြောင့်ဖြစ်ရပါသည်။

    ကလေးများတွင် ဆံပင်ကျွတ်ရသော အကြောင်းရင်းများ

    ကလေးများတွင် ပုံမှန်ထက် ဆံပင်ကျွတ်နေရခြင်းမှာ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ယင်းအကြောင်းရင်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

    Tinea capitis

    ဦးရေပြားပွေး သို့မဟုတ် ဒက် ဟုခေါ်ဆိုနိုင်ပြီး ကလေးများတွင် အလွန်ဖြစ်ပွားလွယ်သော ရောဂါ ဖြစ်ပါသည်။ ပုံစံ အမျိုးမျိုးနှင့် တွေ့ရနိုင်ပြီး ဆံပင်ကျွတ်ပြီး အနာဖေးများ ကွာနေသော ပုံစံမှာ စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံရှိပါသည်။ ဦးရေပြားမှ ဆံပင်များ လွယ်တကူ ကျွတ်ထွက်တတ်ပြီး ယင်းကို မျက်တောင်မွေးများ နှင့် မျက်ခုံးတွင်ပါ တွေ့ရနိုင်ပါသည်။ ဤရောဂါ ဆရာဝန်များက  မှိုသတ်ဆေး (griseofulvin) နှင့်သော်လည်းကောင်း ဆေးပါဝင်သော ခေါင်းလျော်ရည်များ နှင့် သော်လည်းကောင်း ကုသပါလိမ့်မည်။

    Alopecia areata

    Alopecia areata သည် ဆံပင်ကျွတ်ထွက်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကူးစက်တတ်သော ရောဂါမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်၏ ကိုယ်ခံအား စနစ်ဖောက်ပြန်ရာမှ တဆင့် ဆံသားရင်းရှိ အိတ်ငယ်လေးများကို ကိုယ်ခံအားစနစ်မှ တိုက်ခိုက်မှုကြောင့် ဖြစ်သော ရောဂါဟု ယူဆကြပါသည်။

    စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ အကွက်လိုက် ရုတ်တရက် ကျွတ်ထွက်တတ်ပြီး ကျွတ်ကျန်ခဲ့သော နေရာမှာ ချောမွေ့နေပြီး အနာဖေးထခြင်း၊ ဆံပင်ပြတ်ကျန်ခြင်းများ တွေ့ရမည်မဟုတ်ပါ။ ကုသ၍ ရသောရောဂါမျိုး မဟုတ်ဘဲ အချိန် တစ်ခုကြာပြီးနောက် ဆံပင်ပြန်ပေါက်လာပါမည်။ သို့သော် ပြန် ပေါက်မည့်အချိန်ကို ခန့်မှန်းနိုင်ခြင်း မရှိသလို ထပ်လည်းကျွတ် နိုင်ပါမည်။

    ၅ရာခိုင်နှုန်းသော ကလေးများတွင် alopecia totalis ဟူသော ဦးရေပြား ဆံပင်များ မရှိခြင်းနှင့် အချို့ကလေးများတွင်မူ ဆံပင်တွင်မက တစ်ကိုယ်လုံးရှိ အမွေးများပါ ဆုံးရှုံးနိုင်ပါသည်။ ငယ်ရွယ်သော ကလေးများတွင်မူ ထိပ်ပြောင်သော နေရာကို စတီးရွိုက်ဆေးပြင်းများ လိမ်းခြင်းဖြင့် ကုသနိုင်ပြီး အရွယ်ရောက်ပြီးသူများတွင်မူ ဦးရေပြားကို ထိုးဆေးများဖြင့် ကုသနိုင်ပါသည်။ သင့်အနေဖြင့် minoxidil ကို စတီးရွိက် လိမ်းဆေးများနှင့် အတူ သုံးစွဲနိုင်ပါသည်။

    ဆံပင်နှစ်ခွကွဲခြင်း

    ဆံပင်နှစ်ခွကွဲခြင်းကြောင့်လည်း ဆံပင်ဆုံးရှုံးမှု ရှိနိုင်ပါသည်။ ဆံပင်ကို တင်းကျပ်စွာ စည်းနှောင်ခြင်း (ဥပမာ ponytails ဆံထုံး)၊ ပွတ်တိုက်များခြင်း (ဥပမာ ခေါင်းအုံးနှင့် ပွတ်တိုက်ခြင်း)နှင့် ဓာတု ပစ္စည်းများ ထိတွေ့မှု့များခြင်း စသည်တို့ကြောင့် ဖြစ်ရပါသည်။

    ထို့ အပြင် trichotillomania စိတ်ရောဂါရှင်များတွင် မိမိဆံပင်ကို မိမိဘာသာ ဆွဲနှုတ်တတ်သောကြောင့် ဆံပင်နှစ်ခွကွဲကာ ဆံပင် ဆုံးရှုံးမှု ဖြစ်နိုင်ပါသည်။

    အကယ်၍ သင့်ဆရာဝန် အနေဖြင့် သင့်ကလေး ဆံပင်ဆုံးရှုံးမှုရှိနေပါက ဖြစ်စေသော အကြောင်းရင်း ကို သေချာစွာ ရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါက အကြောင်းရင်းကို ရပ် တန့်စေမည် ဖြစ်ပါသည်။

    သို့မှသာ ဆံပင်အသစ် ပြန်ပေါက်သောအခါ ကောင်းသွားမည်ဖြစ်သော်လည်း ကာလရှည် ဖြစ်ပွားခြင်းများတွင်မှု အနာရွတ်ဖြစ်သွားပါက ပြန်ပေါက်တော့မည် မဟုတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement