backup og meta

ကလေးမမွေးစားခင် ဘာတွေသိထားသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမမွေးစားခင် ဘာတွေသိထားသင့်သလဲ

    ကလေးမွေးစားတယ်ဆိုတာ ဘဝအတွက်အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သဘာဝနည်းအတိုင်း ကိုယ်ဝန်ဆောင်မယ်၊ ကလေးမွေးမယ်၊ မိသားစုဘဝလေးကို တည်ဆောက်မယ် စသဖြင့် အမြဲတမ်းစိတ်ကူးယဉ်ခဲ့တယ်ဆိုရင်တော့ ကလေးမမွေးစားခင် စဉ်းစားစရာကိစ္စလေးတွေ အနည်းငယ်ရှိနေပါတယ်။

    ကလေးငယ်အတွက် ရေချိုးဇလုံကိုတော်တော်နဲ့ ပြင်ဆင်ရဦးမှာ မဟုတ်ဘူး။

    ကလေးမွေးစားတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို မရေရာမှုတွေနဲ့လည်း ပြည့်နှက်လို့ နေပါသေးတယ်။ ဒါကြောင့် မိဘအများစုဟာ aရချိုးဇလုံကို ကလေး အိမ်ရောက်မလာခင် ကြိုပြီးဝယ်ထားလေ့မရှိပါဘူး။ ဒါဟာလက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တခုပါ။ ဥပမာပြောရရင် မိသားစုတခုဟာ တခြားနိုင်ငံ၊ aဒသက ကလေးတယောက်ကိုမွေးစားမယ်ဆိုရင် ကလေးကယောက်ျားလေးလား၊ မိန်းကလေးလား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ အလုံးအထည် ဘယ်လောက်ရှိလဲစတဲ့ အချက်တွေကို သူလေးဆီမသွားခင် အတော်နီးစပ်တဲ့ အချိန်အထိသိရဦးမှာ မဟုတ်ပါဘူး။ (တချို့အနေအထားတွေမှာသူတို့မွေးစားမယ့် ကလေးဟာအသက် တစ်နှစ်ခွဲနီးနီးလောက်ရှိနေတတ်ပါတယ်)။ ဒါပေမယ့် ကလေးကိုခေါ်လာပြီး အိမ်ရောက်လို့ အသားကျလာတဲ့အခါ ဘာတွေလိုအပ်သလဲဆိုတာသိလာမှာ ဖြစ်သလို ကလေးကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကိုလည်းပဲ သိလာနိုင်မှာ ဖြစ်ပါတယ်။

    ပုံမှန်လုပ်နေကျ နာမည်ပေးကင်ပွန်းတပ်တာမျိုးလုပ်ဖြစ်မှာမဟုတ်ဘူး။

    ဒီလိုပြောလိုက်လို့ ကလေးကိုတိုးတိုးတိတ်တိတ် မွေးစားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တချို့မိဘတွေကလက်ရေးနဲ့ ရေးထားတဲ့ ကတ်လေးတွေကိုဝေပြီးဖိတ်ကြားအသိပေးလေ့ရှိပြီး ဒီကတ်လေးတွေမှာ ကလေးမွေးစားတာနဲ့ ပတ်သက်တဲ့ တချို့ အချက်အလက်တွေ (ဥပမာကလေးရဲ့ ဇာတိ၊ နာမည်၊ မွေးနေ့၊မွေးစားတဲ့နေ့ စသဖြင့်)ကို ဖော်ပြထားတတ်ကြပါတယ်။ တချို့မိဘတွေကလည်းမိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကိုဖော်ပြထားတဲ့ ကတ်လေးတွေ ဝေပြီး ဖိတ်ကြားတတ်ကြပြန်ပါတယ်။ ဘယ်လိုမျိုးပုံစံနဲ့ ပြုလုပ်တာပဲဖြစ်ဖြစ် ကလေးနဲ့ မိသားဝင်တွေရဲ့ ဓါတ်ပုံကိုတော့ မလွဲမသွေ ဖော်ပြသင့်ပါတယ်။

    ကလေးရဲ့ ဓါတ်ပုံမှတ်တမ်းစာအုပ်မှာ မွေးကင်းစတုန်းကပုံလေးတွေ ပါချင်မှပါလိမ့်မယ်။

    တကယ်လို့ သင်ဟာကလေးငယ်မွေးပြီးပြီးချင်းအချိန်မှာဒါမှမဟုတ် ရက်သားလေးမှာမွေးစားဖို့ စီမံခဲ့တယ်ဆိုရင် ကလေးရဲ့ မွေးကင်းစအရွယ် ဓါတ်ပုံလေးတွေ ရမှာဖြစ်တဲ့အပြင် ကလေးအမေအရင်းရဲ့ ဓါတ်ပုံကိုလည်းရရှိနိုင်ပါလိမ့်မယ်(ကလေးအဖေဓါတ်ပုံတောင် ရကောင်းရပါလိမ့်မယ်)။ ဒါပေမယ့် သင်ဟာကလေးကိုနည်းနည်းကြီးမှ မွေးစားမယ်ဆိုရင်တော့ သင့်ကလေးအနေနဲ့ သူရဲ့ ဓါတ်ပုံမှတ်တမ်းစာအုပ်ထဲမှာမွေးကင်းစအရွယ်ကပုံလေးတွေကိုတွေ့ရတော့မှာမဟုတ်ပါဖူး။(သင်ဟာ နိုင်ငံရပ်ခြားကကလေးကိုမွေးစားတယ်ဆိုရင် သင့်ဆီပို့လိုက်တဲ့ ဓါတ်ပုံတစ်ပုံနှစ်ပုံလောက်ပဲရှိမှာပါ)။ မွေးကင်းစပုံတွေအစားကလေးလေးသင့်တို့အိမ်ရောက်လာတဲ့ နေ့ကစပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေ နဲ့ ကလေးပြုစုရေးဂေဟာဒါမှမဟုတ် မိဘမဲ့ဂေဟာတုန်းကပုံလေးတွေပဲအများအပြားရှိနေမှာပါ။

    သင့်ကလေးအတွက် အမှတ်တရ ရက်နှစ်ရက် ရှိလိမ့်မယ်။

    တချို့မိသားစုတွေဟာကလေးရဲ့ မွေးနေ့ကိုသာမကမွေးစားတဲ့နေ့ကိုပါ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီလိုလုပ်ပေးဖို့၊မလုပ်ပေးဖို့ကတော့ သင့်သဘောထားပေါ်မှာပဲရာနှုန်းပြည့် မူတည်နေပါတယ်။ တချို့မိသားစုတွေကျပြန်တော့ အိမ်မှာပဲပွဲသေးသေးလေးလုပ်ပြီးကလေးလေးကိုမွေးစားတဲ့ နေ့တုန်းကမှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံ၊ဗီဒီယိုစတာတွေကိုအတူကြည့်ရှုကြလေ့ ရှိပါတယ်။ နိုင်ငံရပ်ခြားကကလေးတွေကိုမွေးစားဖို့ အတူတကွ သွားခဲ့ကြပြီးတူညီတဲ့ ရက်တရက်တည်းမှာပဲ မွေးစားဖြစ်ခဲ့ကြသူတွေ စုပေါင်းပြီးတော့ကလေးတွေအတွက် အထိမ်းအမှတ် ပွဲကြီးကြီးမားမား လုပ်လေ့လည်းရှိကြပါသေးတယ်။

    သင်အဖြေရခက်မယ့် မေးခွန်းတွေ အမေးခံရလိမ့်မယ်။

    သူငယ်ချင်းမိတ်ဆွေတွေ၊ အမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် လမ်းမှာတွေ့တဲ့သူတွေကတောင် သင်ကလေးမွေးစားထားတဲ့အကြောင်းကို မေးမြန်းပါလိမ့်မယ်(အထူးသဖြင့် သင့်မွေးစားကလေးဟာတခြားနိုင်ငံကဖြစ်ပြီး သင်နဲ့ ရုပ်ရည်ချင်းမတူတဲ့ အခြေအနေမျိုးတွေမှာပေါ့)။ မေးခွန်းတွေဟာ များသောအားဖြင့် ဘာသဘောမှ မပါဘဲ ရိုးရိုးသားသားမေးတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တချို့မေးခွန်းတွေဟာ ရိုင်းသလိုခံစားရစေနိုင်တဲ့အပြင် သိတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ မွေးစားကလေးရှေ့မှာဆိုရင်လည်းအဆင်မပြေပါဘူး(ဥပမာ “ဒီကလေးကိုမွေးစားဖို့ ဘယ်လောက်ပေးခဲ့ရသလဲ” “ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကိုဘယ်လို အမေကများပေးပစ်နိုင်ရတာလဲ” “ကလေးရဲ့ မိသားစုအရင်းအကြောင်းရောဘာသိရသေးလဲ” စတဲ့ မေးခွန်းတွေပေါ့)။

    သိပ်ပြီးကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ မေးခွန်းမျိုးတွေ ဒါမှမဟုတ် မဖြေသင့်ဘူးလို့ ထင်တဲ့ မေးခွန်းတွေ (အထူးသဖြင့် ကလေး၊ကလေးရဲ့ မိခင် ဒါမှမဟုတ် သင်ကိုယ်တိုင်ရဲ့ ကိုယ်ရေးကိုယ်တာအတွင်းရေးတွေအကြောင်းကိုမေးလာခဲ့ရင်ပေါ့)ကိုမဖြေဘဲနေပိုင်ခွင့်ရှိပါတယ်။ ဒါဟာကိုယ့်အခွင့်အရေးပါ။ ဒါပေမယ့် သင့်မိသားစုအကျိုးကိုလိုလားတဲ့အတွက် မေးတဲ့မေးခွန်းတွေ ဒါမှမဟုတ် ကလေးမွေးစားတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကိုသိချင်လို့ မေးတဲ့ မေးခွန်းတွေ ဆိုရင်တော့ သင့်အနေနဲ့ အခြေအနေကြည့်ပြီးဖြေနိုင်ပါတယ်။ဥပမာ “ကလေးကိုမွေးစားဖို့ ဘယ်လောက်ပေးရသလဲ” ဆိုတဲ့ မေးခွန်းမျိုးကိုဖြေတဲ့အခါ ကလေးမွေးစားတာနဲ့ ပတ်သက်ပြီးအကျိုးဆောင်ပေးတဲ့ အေဂျင်စီဒါမှမဟုတ် မိဘမဲ့ ဂေဟာကိုပေးရတဲ့ အခကြေးငွေ ပိုက်ဆံတွေဟာ (သင့်အနေနဲ့ ပမာဏအတိအကျ ပြောဖို့ မလိုပါဖူး) မွေးစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တွေအတွက်နဲ့ ကလေးကိုမွေးကင်းစမှာစောင့်ရှောက်ပေးဖို့အတွက် ပေးရတာသာ ဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်အောင် ရှင်းပြသင့်ပါတယ်။ တနည်းပြောရရင် သင်ဆေးရုံမှာမီးဖွားရင် ဆရာဝန်နဲ့ ဆေးရုံကိုအခကြေးငွေပေးရတဲ့ သဘောမျိုးပဲ ဖြစ်တဲ့အကြောင်းကိုပြောပြနိုင်ပါတယ်။

    ကလေးမွေးစားတယ်ဆိုတာ ပေါ့ပေါ့လေး သဘောထားသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။

    ကလေးမွေးစားတာဟာ မိသားစုအတွက်ရောကလေးရဲ့ ရှေ့ရေးအတွက်ပါ အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်တာမို့ မိဘလောင်းတွေအနေနဲ့ အချိန်ယူပြီးအသေအချာစဉ်းစားသင့်ပါတယ်။ အရေးကြီးပြီးဖြေရခက်မယ့် အောက်ပါမေးခွန်းသုံးခုကိုမိမိဖာသာ ပြန် မေးကြည့်သင့်ပါတယ်။

    • ငါဘာလို့ ကလေးမွေးစားချင်တာလဲ။

    • ကလေးမွေးစားလိုက်ခြင်းဟာမိသားစုဝင်တွေအပေါ် ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ။

    • ငါ့ရဲ့ အိမ်အနေအထား၊အခြေအနေကရောကလေးတစ်ယောက်ကိုကောင်းကောင်းပြုစုစောင့်ရှောက်ပေးနိုင်ပါ့မလား။

    ကလေးမွေးစားဖို့အတွက် လူတွေ ပုံမှန်လို့ သတ်မှတ်တဲ့ မိသားစုတခုရှိဖို့ မလိုပါဘူး။

    ကလေးမွေးစားဖို့ဆိုရင် လင်မယားနှစ်ယောက်ရှိမှဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆဟာမှားယွင်းနေပါတယ်။၂၀၁၄ခုနှစ်က ပြုလုပ်တဲ့ စစ်တမ်းတခုအရအမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကလေးအားလုံးရဲ့ တစ်ဝက်ထက်နည်းတဲ့ အရေအတွက်ကသာပုံမှန်မိသားစုနဲ့ နေထိုင်ရတာ ဖြစ်ပါတယ်။ မိသားစုပုံစံဟာလည်းပြောင်းလဲလာတာနဲ့အမျှ ပုံမှန်မဟုတ်တဲ့ မိသားစုတွေအတွက် ကလေးမွေးစားဖို့ အခွင့်အလမ်းတွေကလည်းပြောင်းလဲလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဖေဒါမှမဟုတ် အမေတစ်ယောက်တည်းရှိသူတွေ၊လိင်တူလက်ထပ်ထားတဲ့ စုံတွဲတွေ နဲ့ အသက်၅၅နှစ်အထက် မိဘတွေအနေနဲ့လည်းကလေးတွေ ပိုပြီးမွေးစားလာနေပြီ ဖြစ်ပါတယ်။

    ကလေးကိုသူများပေးပစ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မိခင်တွေအားလုံးဟာမကောင်းတဲ့သူတွေ မဟုတ်ကြပါဖူး။

    မိခင်ရင်းတွေဟာ ဘဝအမျိုးမျိုးကနေ လာခဲ့ကြသူတွေဖြစ်ပြီးမွေးစားမယ့် မိဘတွေအနေနဲ့ ကလေးကိုသူတို့ထက် ပိုပြီးကောင်းကောင်း ပြုစုပျိုးထောင်စောင့်ရှောက်နိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဖီးနစ်မြို့မှာရှိတဲ့ Fortune 150 ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်တဦးဖြစ်တဲ့ Mark Molzenဟာအသက်သုံးလအရွယ်မှာမွေးစားခံခဲ့ရသူဖြစ်ပြီး သူ့မိဘအရင်းတွေအကြောင်းကို မွေးစားမိဘတွေက ပြန်ပြောပြခဲ့ကြပါတယ်။ Mark Molzenရဲ့ အဖေရင်းဟာ ဘယ်သူမှန်းမသိရဘဲ အမေကလည်း အသက်၁၄နှစ်ပဲရှိသေးကာ ကျောင်းလည်းမပြီးသေးပါဘူး။ သူ့မိခင်အရင်းအနေနဲ့ ကလေးကိုမွေးစားမယ့်မိဘတွေဆီပေးဖို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရတယ်ဆိုတာကိုမွေးစားမိဘတွေက ပြန်ပြောပြခဲ့ပြီး ဒီလိုပေးပစ်ဖို့ ဆုံးဖြတ်ခဲ့ရတာဟာလည်း သူမအနေနဲ့ သူ့သားလေးကိုချစ်လို့သာ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း သိခဲ့ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement