backup og meta

ကလေးတစ်ယောက် အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မလဲ


Hello Sayarwon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတစ်ယောက် အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မလဲ

    မိဘများသည် မိမိတို့၏ ကလေး အရွယ်ရောက်လာချိန်တွင် အရပ် မည်မျှရှည်လာမလဲကို သိချင်ကြပါလိမ့်မည်။ ထိုသို့ ခန့်မှန်းခြင်းသည် အနည်းငယ်ရယ်စရာကောင်းနေပါလိမ့်မည်။

    ကလေးအထူးကုဆရာဝန်များက သင့်ကလေးသည် မျှော်မှန်းထားသလောက် ကြီးထွားမှုရှိမရှိ သေချာအောင် စောင့်ကြည့်သင့်သည်ဟုဆိုပါသည်။ မိဘများနှင့် ကလေးဆရာဝန်များအတွက် ကလေး၏ အရပ်မြင့်နိုင်ချေကို ခန့်မှန်းနိုင်သည့် နည်းလမ်းများရှိပါသည်။

    ကလေးတစ်ယောက်အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မလဲ။

    ယင်းကို ခန့်မှန်းနိုင်ရန် အတိကျနိုင်ဆုံးသော နည်းမှာ လက်ကို ဓာတ်မှန်ရိုက်ပြီး အရိုးသက်တမ်းကို တွက်ဆခြင်းဖြစ်သည်။

    သို့သော် မိဘများအနေဖြင့် မိမိကလေးတစ်ယောက်အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မည့် အခြားနည်းလမ်းများစွာရှိပါသည်။ အများဆုံး ပြုလုပ်ကြသော နည်းမှာ မိဘများ၏ အရပ် အပေါ်မူတည်ပြီး တွက်ဆခြင်းဖြစ်ပါသည်။

    အသက် ၂နှစ်အရွယ်တွင်ရှိသေ ာအရပ်ကို ၂ဆတိုးခြင်း

    ကလေးတစ်ယောက်၏ ခြေမခိုင်ဘဲ လမ်းစလျှောက်ချိန်တွင် ရှိသောအရပ်သည် အကြမ်းဖျင်းအားဖြင့် ထိုကလေးအရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်၏ တစ်ဝက်ရှိသည်ဟု ယူဆနိုင်သည်။

    အရွယ်ရောက်ချိန်အရပ်ကို ခန့်မှန်းရန် အရိုးရှင်းဆုံးနည်းမှာ ကလေးအသက် ၂ နှစ်တွင် ရှိသော အရပ်ကို နှစ်ဆတိုးခြင်းပင်ဖြစ်သည်။ မိန်းကလေးများသည် ကြီးထွားမှုပိုပြီး မြန်ကြသည့်အတွက် သူတို့ ကလေးအရွယ် ၁၈ လတွင်ရှိသော အရပ်ကို နှစ်ဆတိုးခြင်းပင်ဖြင့်အရွယ်ရောက်ချိန်အရပ်ကို ခန့်မှန်းနိုင်သည်။ အဆိုပါနည်းသည် လူသုံးများသော ကြာပြီဖြစ်သော နည်းဖြစ်သော်လည်း ယင်းနည်း၏တိကျမှုကို သုတေသန မပြုထားပါ။

    မိဘများ၏အရပ်ကိုကြည့်ပြီး တွက်သောနည်း

    နည်းနည်းပို ရှုပ်ထွေးသော နည်း ဖြစ်သည်။ မိခင်နှင့် ဖခင်၏ အရပ် (စင်တီမီတာဖြင့်)ကို ပေါင်းပြီး ၂ ဖြင့်စားပါ။

    • ယောကျာ်းလေးအတွက် ၃.၈ စင်တီမီတာ ပေါင်းပါ။
    • မိန်းကလေးအတွက် ၃.၈စင်တီမီတာ နှုတ်ပါ။

    မှတ်ချက်- ထိုနည်းသည် ပျမ်းမျှရှည်နိုင်မည့်အရပ်ကို ခန့်မှန်းခြင်းဖြစ်သည့်အတွက် ၁/ ၂စင်တီမီတာခန့် အတိမ်းအစောင်းရှိနိုင်ပါသည်။ မိဘများသည် အရပ်ပိုရှည်လေလေ ကလေးသည်လည်းအရပ်ရှည်နိုင်ချေများလေလေဖြစ်ပါသည်။

    အလားတူပင် မိဘများသည် အရပ်ပုလေလေ ကလေးသည်လည်းအရပ်ပုနိုင်ချေများလေလေဖြစ်ပါသည်။

    ကြီးထွားဖွံ့ဖြိုးမှု ဇယားဖြင့်ကြည့်ခြင်း

    ကလေးငယ်တစ်ဦး၏ ပုံမှန်ကြီးထွားမှုဖြစ်စဉ်ကို အဆိုပါဇယားတွင်ပါရှိသည့် အတိုင်း အရပ်၊ ကိုယ်အလေးချိန်၊ ခေါင်းအရွယ်အစားတို့ကို ပုံမှန်တိုင်တာခြင်းဖြင့် သိနိုင်ပါသည်။

    ကလေးဆရာဝန်များသည် စံသတ်မှတ်ထားသော ကြီးထွားဖွံ့ဖြိုးမှု ဇယားဖြင့် ကလေး၏ကြီးထွားမှုကို ကြည့်ကြပါသည်။ ထို ကြီးထွားဖွံ့ဖြိုးမှု ဇယားသည် ကလေးကြီးများအတွက် ပျိုဖော် လူပျိုဖော်ဝင်ချိန်ကို သိရှိရန်လည်း အသုံးဝင်ပါသည်။ မိန်းကလေးများတွင် ဆီးခုံမွေးနှင့် ရင်သားများစတင်ကြီးထွားလာမှုသည် အသက် ၆ နှစ်အရွယ်ကတည်းက စောဖြစ်နိုင်ချေရှိသည်။

    ထို့ကြောင့် ထိုကြီးထွားဖွံ့ဖြိုးမှု ကို မှတ်သားသော ဇယားကွက်သည် ကလေးငယ်များ၏ အရွယ်မတိုင်မီ ဖွံ့ဖြိုးမှုမြန်ဆန်ခြင်းကို ပြနိုင်သောကြောင့် ကလေးဆရာဝန်များအတွက်လည်း အသုံးဝင်ပါသည်။

    မိသားစု မျိုးရိုးရာဇဝင်

    အရပ်ရှည်ခြင်း ကြီးထွားခြင်းဖြစ်စဉ်များသည် များသောအားဖြင့် ပုံမှန်ဖြစ်တတ်ကြသည်။ ထို့ကြောင့် ကလေးဆရာဝန်များက သင့်ပင်ကိုယ်အရပ်ကို မေးမြန်းခြင်းဖြင့် သင့်မျိုးရိုးဗီဇအရ သင့်ကလေးရှည်နိုင်မည့်အရပ်ကို ခန့်မှန်းနိုင်ကြသည်။ အခြားသော မိသားစုဝင်များ၏ အရပ်ကိုလည်း ဆရာဝန်က မေးကောင်းမေးနိုင်ပါသည်။

    ထို့ပြင် သင့်ကလေးသည် ကျောင်းနေရွယ်တွက် အရပ်ပုပြီး ရွယ်တူကလေးများကြီးထွားမှုရပ်သွားသည့်အချိန်မှ သင့်ကလေးက ပိုပြီး အရပ်ရှည်လာသလား၊ ပိုထွားလာသလား။ လူပျို အပျိုဖော်ဝင်ချိန်စောနေသလား စသည့်မေးခွန်းများကို မေးနိုင်ပြီး ထိုအချက်များသည် သင့်ကလေးဆရာဝန်က သင့်ကလေးအရွယ်ရောက်ချိန်တွင်ဖြစ်လာမည့်အရပ်ကို ခန့်မှန်းနိုင်ရန် အသုံးဝင်သော အချက်များဖြစ်ပါသည်။

    ကလေး၏ အရပ်ကို သက်ရောက်မှုရှိစေသောအရာများက ဘာတွေလဲ။

    ကလေးငယ်တစ်ဦး၏အရပ်သည် မိဘမျိုးရိုးနှင့် လည်းများစွာသက်ဆိုင်ပါသည်။ (ဥပမာ – မိဘများသည် အရပ်ပုလေလေ ကလေးသည်လည်းအရပ်ပုနိုင်ချေများလေလေဖြစ်ပါသည်။)ထို့ပြင် အစာအာဟာရ၊ ဟော်မုန်းဓာတ်များ၊ သောက်နေသော ဆေးများ၊ ကျန်းမာရေးအခြေအနေများနှင့် မျိုးရိုးဗီဇများသည်လည်း သင့်ကလေး၏ အရပ်ရှည်မှုကို သက်ရောက်သော အချက်များဖြစ်ပါသည်။

    ထပ်လောင်းပြီးပြောရသော် လေ့ကျင့်ခန်းလုပ်ခြင်း၊ လေထုညစ်ညမ်းမှု။ အိပ်စက်ချိန်၊ ရာသီဥတု၊ ကျန်းမာရေး ၊ အစားအသောက်ပုံစံ နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း သင့်ကလေး၏ အရပ်ရှည်မှုကို သက်ရောက်သော အချက်များဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement