backup og meta

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

    ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။

    ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။

  • ကလေးငယ်ကို အချိန်တိုင်းမှာ ဖြစ်ပျက်တွေ့ကြုံနေရသမျှ အကြောင်းအရာအလုံးစုံကိုပြောပြပေးခြင်းဖြင့် သူတို့လေး တွေရဲ့ဘာသာစကားပြောဆိုနိုင်မှုစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေ အနေနဲ့ ဘာသာစကားပြောစွမ်းရည်မြင့်မားတဲ့ မိသားစုမှာကြီးပြင်းလာရတဲ့ကလေးငယ် တွေက စကားပြောစွမ်းရည်နိမ့်ပါးတဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာရတဲ့ ကလေးငယ်တွေထက် အသိဉာဏ် စွမ်းရည် ၃၈ ဆလောက်ပိုမိုမြင့်မားနေတာကိုတွေ့ရှိရပါတယ်။
  • အယူအဆနဲ့သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြပေးခြင်းဖြင့် ကလေးငယ်တွေကို မူလတန်းကြိုအရွယ်မှာ သိရှိရမယ့် အရောင်တွေ၊ပုံစံတွေ၊ရာသီဥတုတွေ၊သစ်သီး၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ အခြားအခြေခံကျတဲ့ အကြောင်း ချင်းရာတွေကို သိရှိနားလည်စေနိုင်မှာဖြစ်ပါတယ်.။
  • ကလေးငယ်ကို စာအုပ်တစ်အုပ်ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သူ့ရဲ့စကားလုံးတွေ နဲ့ပြန်ပြောပြစေတဲ့နည်းလမ်းနဲ့ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သစ်သီကွင်းတွေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် ရောင်စုံ ပုတီးစေ့တွေကိုသုံးပြီးပဲဖြစ်ဖြစ် ပုံစံလေးတွေပြုလုပ်ပြပြီး ကလေးငယ်ကိုကြည့်ရှုစေကာ သူ့ကိုတဖန်ပြန်လုပ်ပြခိုင်းပါ။ သည်လိုမျိုးလုပ်ဆောင်ပေးမှုက ကလေးငယ်ရဲ့ အပြောနဲ့အမြင်အာရုံစွမ်းရည်ကိုတိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။
  • သင်္ချာနဲ့ပတ်သက်တဲ့ သဘောတရားလေးတွေကို နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတွေထဲမှာ ထည့်သုံး ပေးခြင်းဖြင့် ကလေးငယ်ရဲ့ သင်္ချာစွမ်းရည်ကိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင် မှာဖြစ်ပါတယ်။ ဥပမာပြောပြရရင် “ ညစာနောက် ၅ မိနစ်အတွင်းမှာအဆင်သင့်ဖြစ်မယ်နော်။ ကွတ်ကီးကို တစ်ခုလုံး စားချင်တာ လား။ တစ်ဝက်ပဲစားချင်တာလား။ ကြည့်ပါဦးခြေချောင်းလေးတွေကချစ်ဖို့ကောင်းလိုက်တာ။ ခြေချောင်းလေးတွေ ဘယ်နှချောင်းလဲဆိုတာရေတွက်ကြည့်ရအောင်လား။ ခြေချောင်းလေးတွေက ၅ ချောင်းရှိတယ်၊လို့ပြောပေးတာမျိုး တွေကိုလုပ်ဆောင်ပေးပါ။ ရုပ်ပုံတွေပါတဲ့စာအုပ်တွေကိုဖတ်တဲ့အခါမျိုးမှာလည်း သင်္ချာကိန်းအရေအတွက်လေး တွေကိုထည့်သွင်းပြောပြကြည့်ပါ။ “ကြည့်ပါဦး တော်တော်ကိုရယ်ချင်စရာကောင်း တဲ့ ရေဘဝဲပဲ။ သူ့မှာ ခြေချောင်းတွေဘယ်လောက်ရှိလဲရေကြည့်ပါဦး။”စသဖြင့်ပြောကြားပေးပါ။
  • ကလေးငယ်တွေကို ပဟေဠိတွေနဲ့ဉာဏ်စမ်းတွေကစားကြည့်စေခြင်းဖြင့်သူတို့ရဲ့ အသိဉာဏ်စွမ်းရည်ကိုတိုးတက် လာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။
  • ကလေးငယ်တွေကိုပြဿနာတွေ၊အခက်အခဲတွေကိုဖြေရှင်းတတ်အောင်လုပ်ဆောင်ပေးတာနဲ့ကလေးငယ်တွေကိုနေအိမ်မှာပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးတာက သိမြင်မှု ပိုင်းဆိုင်ရာ စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
  • ကလေးငယ်ကို လက်မှုဆိုင်ရာလုပ်ဆောင်တီထွင်မှုတွေကိုလုပ်ဆောင်ခွင့်ပေးတာက ကလေးငယ်ရဲ့ လက်တွေနဲ့လက်ချောင်းလေးတွေထိန်းချုပ်နိုင်စွမ်းကိုတိုးတက်ကောင်းမွန်စေပါတယ်။
  • ကလေးငယ်လေးတွေကို အသက် ၂ နှစ်ကနေ ၂ နှစ်ခွဲအရွယ်လောက်ရောက်လာတဲ့အခါ အခြားကလေးငယ်တွေ နဲ့အတူကစားခွင့်ပြုတာက စိတ်ကူးစိတ်သန်းတွေကိုရင့်သန်စေပြီး၊အခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတာ တွေ၊စေ့စပ်ညှိနှိုင်းတာမျိုးတွေကိုလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
  • ကလေးငယ်ကို ပြတိုက်တွေကိုခေါ်သွားပြီး ပန်းချီလက်ရာတွေကိုကြည့်ရှု့စေတာတွေ၊သီချင်းနားထောင်စေတာ မျိုးတွေ လုပ်ဆောင်ပေးတာက ကလေးငယ်ရဲ့စိတ်ကူးဉာဏ်ကိုရင့်သန်စေပါတယ်။
  • အစာအာဟာရကိုသင့်တင့်မျှတစွာစားသုံးတာက ကလေးငယ်ရဲ့အသိဉာဏ်တိုးတက်ကောင်းမွန်စေရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ အစားအသောက်တွေထဲမှာ အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေနဲ့ ဘလူးဘယ်ရီသီးတွေကနေစလို့ ခရမ်းချဉ်သီးတွေနဲ့ ဖရုံသီးစေ့တွေအထိ အမျိုးမျိုးသောအစားအစာတွေက ကလေးငယ်ရဲ့ဦးနှောက်ကို ကောင်းမွန်စေပါတယ်။ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အာဟာရဓာတ်မျှတတဲ့ အစားအသောက်တွေကိုရွေးချယ်စားသုံးပေးတာက ကလေးငယ်တွေရဲ့ဦးနှောက်မှတ်ဉာဏ်ကိုရင့်သန်စေတဲ့ အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငယ်တွေရဲ့ သင်ယူမှု၊တိုးတက်မှု၊ကြိုးပမ်းအားထုတ်မှုနဲ့ ဒဏ်ခံနိုင်ရည်ရှိမှုတွေကို တန်ဖိုးထားချီးကျူးပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးငယ်တွေက သူတို့ဘဝတစ်လျှောက်လုံးတိုးတက်မှုရရှိအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement