backup og meta

ကလေးကို အသားရေ မခြောက်သွေ့အောင် ဂရုစိုက်နည်း (၁၀)နည်း

ကလေးကို အသားရေ မခြောက်သွေ့အောင် ဂရုစိုက်နည်း (၁၀)နည်း

ကလေးငယ်လေးတွေမှာ အသားအရေခြောက်သွေ့ပြီး ယားယံတဲ့အကွက်လေးတွေဖြစ်နေတာတွေ့ရတတ်ပါတယ်။ အဖြူကွက်လေးတွေက အသားပတ်သလို အဖတ်တွေကွာပြီး အသားမှာခပ်ကြမ်းကြမ်းဖြစ်နေတာ သတိထားမိပါသလား။ ဒါဆိုရင် သင့်ကလေးမှာ အသားအရေခြောက်သွေ့နေပါပြီ။

ကလေးအသားအရေဆိုတာ အရမ်းကိုနုနယ်လွန်းလို့ လူကြီးတွေမှာထက် ပိုထိခိုက်လွယ်၊ ပိုခြောက်သွေ့လွယ်ပါတယ်။အေးပြီးခြောက်သွေ့တဲ့ပြင်ပလေ၊ ပူပြင်းတဲ့လေ၊နဲ့ အိမ်တွင်းလေအေးပေးစက်၊ အနွေးပေးစနစ် စတာတွေကြောင့်လည်း အသားအရေမှာရှိတဲ့ သဘာဝအစိုဓါတ်ကိုခြောက်ခန်းစေပါတယ်။ ကလေးက နဂိုကမှခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ခဲ့ရင်ဆောင်းရာသီမှာ သူများထက်ပို အသားပတ်နိုင်သလိုနွေမှာဆိုလည်းနေအပူဒဏ်၊ အဲကွန်းဒဏ် စတာတွေကြောင့် အသားခြောက်ပြီး အဖတ်လေးတွေကွာလာပါလိမ့်မယ်။

အသားခြောက်တယ်ဆိုတာ ကလေးအရွယ်မှာအဖြစ်များကြတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အပြင် ရာသီဥတုကြောင့် ၊ဘာကြောင့် ညာကြောင့် အကြောင်းရင်းမျိုးစုံရှိတတ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးရဲ့အသားအရေမှာ ဘာထိခိုက်မှုမှမရှိစေဖို့ အတတ်နိုင်ဆုံးကြိုတင်ကာကွယ်ရမှာ၊ဖြစ်လာခဲ့ရင် အကောင်းဆုံးပြုစုစောင့်ရှောက်ပေးရမှာ မိဘတွေရဲ့တာဝန်ပါ။ ဒီဆောင်းပါးမှာတော့ မိမိတို့ရဲ့ ရင်နှစ်သည်းချေလေးတွေရဲ့အသားအရေကို နူးညံ့ချောမွေ့စေပြီးရေဓါတ်ပြည့်ဝနေစေဖို့ ဘယ်လိုဂရုစိုက်ပေးရမလဲ၊ အသားမခြောက်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာလေးတွေ အကြံပြုပေးလိုက်တယ်နော်။

(၁) ကလေးကိုရေချိုးပေးတဲ့အခါ ရေနွေးစပ်ရင် သို့မဟုတ်ရေပူရေအေးစနစ်နဲ့ချိုးရင်ရေကိုသိပ်မပူပါစေနဲ့။ ခပ်နွေးနွေးလေးသာဖြစ်သင့်ပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေခန်းခြောက်သွားစေရင် အသားခြောက်စေလို့ပါ။

(၂) ရေချိုးတဲ့အချိန်ကို ကန့်သတ်ပါ( ခန့်မှန်းခြေ ၁၀ မိနစ်လောက်)။ အဲဒီထက်ပိုပြီးအချိန်ကြာကြာရေချိုးရင်ရေဓါတ်ဆုံးရှုံးနိုင်ပြီး အသားရေခြောက်သွေ့နိုင်ပါတယ်။

(၃) နေ့တိုင်းချိုးပေးမယ့်အစား နှစ်ရက်တစ်ခါလောက်ရေချိုးပေးတာကောင်းပါတယ်။

(၄) ကလေးကိုရေချိုးပေးရင် ရိုးရိုးဆပ်ပြာမသုံးပါနဲ့။ အသားကိုခြောက်သွေ့စေပြီး ကလေးငယ်ငယ်လေးအတွက်ပြင်းလွန်းပါတယ်။ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားပြီး အရေပြားကိုရေဓါတ်ဖြည့်ပေးတဲ့ ကလေးရေချိုးဆပ်ပြာကိုပဲသုံးပါ။

(၅) ရေချိုးပြီးရင်လည်းရေသုတ်ပေးတဲ့အခါ မပွတ်သုတ်ဘဲ ကလေးရဲ့အရေပြားကို တဘက်နုနုနဲ့ အသာအယာ တို့သုတ်ပါ။

(၆) နောက်တစ်ချက်က ကလေးကို အမွှေးနံ့မပြင်းတဲ့ အစိုဓါတ်ထိန်းလိုးရှင်းတစ်မျိုး လိမ်းပေးပါ။ သင့်ကလေးရဲ့အသားအရေက အရမ်းနုနယ်တာကြောင့် အသားခြောက်တာ၊ယားတာဖြစ်လွယ်ပါတယ်။

(၇) ကလေးကိုနေရောင်ခြည်နဲ့ အချိန်ကြာကြာမထိတွေ့ပါစေနဲ့။ နေပူထဲအပြင်ထွက်မယ်ဆိုရင် ကလေးကို ဦးထုပ်ဆောင်းပေးပါ၊ ချည်သားအင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ပေးပါ။ ကလေးပါရင် တတ်နိုင်သလောက် အမိုးအကာအောက်မှာနေပါ။

(၈) ကလေးကို အပြင်ခေါ်သွားတဲ့အခါsunscreen အမြဲလိမ်းပေးပါ။sunscreen က အနည်းဆုံးSPF 30 ပါတဲ့ အမျိုးအစားကိုရွေးပါ။ ကလေးတွေအတွက် သီးသန့်ထုတ်ထားတာဖြစ်ရင်ပိုကောင်းပါတယ်။

(၉) အေးတဲ့ရာသီမှာ ကလေးကိုအပြင်ခေါ်သွားခဲ့ရင်လည်းနွေးနွေးထွေးထွေးဝတ်ဆင်ပြီး မျက်နှာအပါအဝင် ကလေးအရေပြားကို အအေးဒဏ်၊လေဒဏ်ကြောင့်မထိခိုက်ရအောင်၊ အသားမပတ်ရအောင် ဂရုစိုက်ပေးပါ။

(၁၀) တံတွေးကြောင့် အရေပြားကိုမထိခိုက်ရအောင် ကာကွယ်ပေးပါ။ ကလေးဆိုတာ တစ်ခုခုကို ကိုက်နေရင်၊ အစားစားနေရင် သွားရည်တွေပေကျံနေတတ်ပါတယ်။ ဒီတံတွေးတွေက အရေပြားကို ထိခိုက်စေတဲ့အပြင် ကလေးရဲ့အရေပြားမှာ ခဏခဏတံတွေး စိုလိုက် ခြောက်လိုက် ဖြစ်နေရင် ပိုဆိုးစေပါတယ်။ ဒါ့ကြောင့်ကလေးကိုအစားတစ်ခုခုကျွေးတဲ့အခါ ဒါမှမဟုတ်ဆော့နေရင်း တစ်ခုခုကို ပါးစပ်ထဲထည့်နေတဲ့အခါ တံတွေးတွေထွက်နေ၊ပေကျံနေရင် ဂွမ်းလုံးလေးနဲ့ သုတ်ပေးပါ။ စားပြီးတဲ့အခါ မျက်နှာကို အသာအယာသုတ်ပေးပြီးmoisturizerပြန်လိမ်းပေးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:
http://www.momjunction.com/articles/tips-to-prevent-dry-skin-in-babies_00370915/#gref

https://www.webmd.com/parenting/treat-diaper-rash-16/baby-skin-care

https://www.jeancoutu.com/en/health/health-tips/tips-on-how-to-avoid-dry-skin-in-children/?From=84293

https://www.babycenter.com/0_dry-skin-in-children_1515109.bc?page=1

ယခုပုံစံ

10/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement