backup og meta

ကလေးအာဟာရမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ဖို့ဘာကြောင့်လိုအပ်တာလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအာဟာရမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ဖို့ဘာကြောင့်လိုအပ်တာလဲ

    ဗီတာမင်ဆိုတာလူ့ခန္ဓါကိုယ်အတွက်မရှိမဖြစ်အရေးပါတဲ့အရာတွေပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ကျန်းမာစေဖို့ အဓိကအထောက်အကူပြုသလို ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊အမြင်အာရုံဖွံ့ဖြိုးဖို့၊အရိုးသန်မာစေဖို့၊ အရေပြားနဲ့ကိုယ်တွင်းအင်္ဂါကျန်းမာစေဖို့၊ရောဂါပိုးတွေကိုခုခံနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ကို ချို့တဲ့တဲ့အခါ ကျန်းမာရေးထိခိုက်မှုကြီးမားတဲ့အထိဖြစ်စေနိုင်ပါတယ်။

    ဖွံ့ဖြိုးကာစ ကလေးတွေအတွက်ဆို ပိုလို့တောင်အရေးကြီးပါသေးတယ်။ ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကျန်းမာသွက်လက်ဖို့ကအစ ဉာဏ်ရည်ထက်မြက်မှုအထိ မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေကို ဘယ်ကရရှိနိုင်မလဲ။ အာဟာရဓါတ်တွေညီညွတ်မျှတအောင် အစုံမစားနိုင်သေးတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကိုကျွေးမယ့်အာဟာရထဲ ဗီတာမင်ဓါတ်ပြည့်ဝနေမှဖြစ်မှာပါ။ မိခင်နို့မှာ အာဟာရပြည့်ဝတယ်ဆိုပေမယ့် မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ ဗီတာမင်နဲ့သတ္တုဓါတ်အချိုးမျှတစွာသောက်သုံးနိုင်ဖို့ အာဟာရဓါတ်တွေအပြည့်အဝပါဝင်နေတဲ့ကလေးနို့မှုန့်၊အာဟာရမှုန့်ကိုရွေးချယ်သင့်ပါတယ်။

    သူတို့လေးတွေစားမယ့် ကလေးအာဟာရထဲမှာ ဗီတာမင်ဓါတ်တွေဘာလို့ပါဝင်သင့်သလဲဆိုတာတော့အောက်မှာအသေးစိတ်ဖော်ပြလိုက်ပါတယ်။

    Iron

    သံဓါတ်က သွေးတွင်းမှာရှိတဲ့ hemoglobin နဲ့ ကြွက်သားအတွင်းအောက်ဆီဂျင်ထိန်းသိမ်းပေးတဲ့myoglobinဖြစ်ပေါ်မှုအတွက် အရေးပါပြီးသွေးအားကောင်းစေပါတယ်။

    Calcium

    ကယ်လ်စီယမ်က အရိုးနဲ့သွားကို ကြံ့ခိုင်စေတယ်၊ အာရုံကြောအားကောင်းစေတယ်၊ ကြွက်သားသန်မာစေတယ်၊သွေးလည်ပတ်မှုကောင်းစေတယ်၊ ခန္ဓါကိုယ်ကို အစားအစာကနေ ခွန်အားအဖြစ်ပြောင်းလဲနိုင်စွမ်းပိုကောင်းစေပါတယ်။

    Essential fatty acids(EFAs)

    မရှိမဖြစ်လိုအပ်တဲ့fatty acidsတွေက ဆဲလ်တွေနဲ့ အာရုံကြောစနစ်ကို ကျန်းမာအောင် ထိန်းညှိပေးတယ်၊ နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေတယ်၊ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကောင်းစေတယ်။ ဦးနှောက်လုပ်ဆောင်ချက်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။

    Magnesium

    မဂ္ဂနီဆီယမ်က အရိုးသန်မာစေပြီး နှလုံးခုန်သံပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်တွေကိုကောင်းစေပါတယ်။

    Potassium

    ပိုတက်စီယမ်က ဆိုဒီယမ်နဲ့အတူ ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုထိန်းညှိပေးဖို့လုပ်ဆောင်ရင်းသွေးဖိအားကိုပုံမှန်ဖြစ်စေပါတယ်။ ကြွက်သားရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးကျောက်ကပ်ကျောက်တည်ခြင်းနဲ့အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။

    ဗီတာမင် A

    ဗီတာမင် A က အရိုးဖွံ့ဖြိုးကြံ့ခိုင်ဖို့နဲ့ အမြင်အာရုံအတွက် အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကိုရောဂါပိုးတွေရန်ကကာကွယ်ပေးပါတယ်။ ဆံပင်၊လက်သည်း၊အရေပြား စတဲ့ နေရာအစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ခန္ဓါကိုယ်ဆဲလ်တွေ၊တစ်ရှူးတွေကျန်းမာဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပါတယ်။

    ဗီတာမင် C

    ဗီတာမင် C ကသွေးနီဥဆဲလ်တွေဖြစ်ပေါ်မှု၊အရိုးနဲ့တစ်ရှူးပြန်လည်ကောင်းမွန်ရေးကူညီထောက်ပံ့ပေးပြီး ကလေးရဲ့သွားဖုံးကို ကျန်းမာစေပါတယ်။သွေးကြောတွေကို ကျန်းမာစေပြီး အနာကျက်မြန်စေတယ်၊ ကိုယ်ခံအားကောင်းစေလို့ရောဂါဘယကင်းစင်စေပါတယ်။ ခန္ဓါကိုယ်မှာ သံဓါတ်စုပ်ယူနိုင်စွမ်းလည်းပိုကောင်းစေပါတယ်။

    ဗီတာမင် D

    ဗီတာမင် Dကြောင့် ကယ်လ်စီယမ်လိုမျိုး သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းပိုကောင်းစေပြီး သွားနဲ့အရိုးကြံ့ခိုင်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်တဲ့အပြင် ကိုယ်ခံအားစနစ်၊ အင်ဆူလင်ထုတ်လုပ်မှုနဲ့ဆဲလ်တွေဖွံ့ဖြိုးမှုမှာဟော်မုန်းတစ်ခုလို လုပ်ဆောင်ချက်ရှိပါတယ်။

    ဗီတာမင် E

    ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicalsတွေထွက်ရှိမှုကို ထိန်းချုပ်ကန့်သတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်အတွက် အရေးပါသလို မျိုးဗီဇဆဲလ်တွေပြန်လည်ပြုပြင်ကောင်းမွန်စေရေးနဲ့ တခြားဇီဝကမ္မဖြစ်စဉ်တွေမှာထောက်ပံ့ကူညီပေးပါတယ်။

    Zinc

    ဇင့်ဓါတ်ကရောဂါပိုးတွေရန်က ခုခံကာကွယ်ပေးနိုင်တဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို ကူညီပေးတဲ့အပြင် ခန္ဓါကိုယ်ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုနဲ့ပြုပြင်ကောင်းမွန်ရေးတို့မှာ မရှိမဖြစ်အရေးပါပါတယ်။

    ဗီတာမင် B အုပ်စု

    ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2၊ B3၊ B6၊ နဲ့ B12 တို့က ခန္ဓါကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုအထောက်အကူပြုခြင်း၊ ခွန်အားတိုးစေခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊ အာရုံကြောစနစ်ကိုအားကောင်းစေခြင်း အာနိသင်တွေရှိပါတယ်။folic acid အပါအဝင် ဗီတာမင် B အုပ်စုဝင်တွေဟာ အရေပြားနဲ့ကြွက်သားကျန်းမာကြံ့ခိုင်စေဖို့နဲ့ ဆဲလ်ဖွံ့ြုဖိုးမှုကိုထောက်ပံ့မြှင့်တင်ပေးပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement