backup og meta

ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း


Dr.Nyan Linn မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း

    ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း

    အရွယ်ရောက်သူများဆိုသည်မှာ ကလေးများအားကူညီရန်နှင့် အားပေးရန်သာဖြစ်သည်မဟုတ်ပါလော?အရွယ်ရောက်သူများသည် ကလေးများအားစောင့်ရှောက်ကာ ဘယ်လိုနေထိုင်ပြုမူစားသောက်ရသည်ကိုသင်ကြားကာ ကောင်းသောအလုပ်များကို လုပ်ရန်အားပေးအားမြှောက်ပြုရသည်သာဖြစ်သည်။ အရွယ်ရောက်သူအများစုသည် ကလေးများအားကောင်းမွန်စွာဆက်ဆံကြသော်လည်း အချို့မှာ ကလေးများကို ကူညီသင်ကြားခြင်းထက် စာလျှင်နာကျင်အောင်ပြုလုပ်ကြသည်။ ထိုသို့နာကျင်အောင်တစ်စုံတစ်ယောက်အားပြုလုပ်ခြင်းကို ညှင်းပန်းနှိပ်စက်ခြင်းဟုခေါ်သည်။

    ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်ခြင်း သည်မည်သည့်နေရာတွင်နေသည့်ကလေးများပင်ဖြစ်စေ၊မည်မျှထိုကလေးများ၏မိဘများသည်ချမ်းသာသည်ဖြစ်စေ၊မည်သို့သောသူများနှင့် အတူနေထိုင်သည်ဖြစ်စေ ဖြစ်ပွားနိုင်သည်။ ကလေးတစ်ယောက်သည် သူ၏မိဘ(သို့)ပထွေး(သို့)မိထွေး (သို့) မိသားစုဝင်တစ်ဦးဖြစ်စေ၊ဆရာ၊ဆရာမ၊နည်းပြ (သို့)ကလေးထိန်း၊(သို့)ပိုအရွယ်ကြီးမားသောကလေးတယောက်မှဖြစ်စေညှင်းပန်းနှိပ်စက်ခံရနိုင်သည်။

    ကလေးသူငယ်ညှင်းပန်းမှုသည် မည်သည့်နေရာတွင်မဆိုဖြစ်ပွားနိုင်သည်။ဥပမာ အိမ်၊ကျောင်း၊ကလေးစောင့်ရှောက်ရေးနေရာ(သို့) ချက်ကျောင်း(သို့)အခြားသော ဘာသာရေးအဆောက်အအုံများတွင်ဖြစ်ကြသည်။

    ချက်ချင်းအကြောင်းကြားပါ

    ပြင်းထန်စွာ နှိပ်စက်ခံထားရသော ကလေးသည်လည်း ယုံကြည်ရသော လူကြီးတစ်ယောက်ကို ချက်ချင်းအကြောင်းကြားသင့်ပါသည်။ သို့သော်လည်း ညှင်းပန်းသူသည် ကလေးအား ထိုအကြောင်းလျှောက်မပြောပဲ တိတ်ဆိတ်စွာနေရန် ခြောက်လှန့်ချိန်းချောက်ထားနိုင်သောကြောင့် ထိုကဲ့သို့အကြောင်းကြားရန်မှာခဲယဉ်းသည်။ ညှင်းပန်းသူသည်မည်ကဲ့သို့ပင် ဆိုပါစေ ညှင်းပန်နှိပ်စက်မှုသည်အမြဲမှားပြီး ကလေးတယောက်သည် နည်းမျိုးစုံ အကူအညီရရန် တောင်းဆိုနိုင်သည်။ ယုံကြည်ရသောလူကြီးတစ်ယောက်ကိုမသိ၍မပြောပြနိုင်သော (သို့) မိဘ(သို့)တယောက်ယောက်အားစိတ်ဆိုးသွားစေမည်ကို စိုးရိမ်နေသည့်ကလေးငယ်များသည် သက်ဆိုင်ရာသို့ ဖုန်းဆက်ကာအကူညီတောင်းနိုင်သည်။

    အကယ်၍တစုံတယောက်သည် ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု သင်ယူဆပါက သင်သည် သူ၏မိဘဖြစ်စေ အခြားသောလူကြီးတစ်ယောက်ကိုဖြစ်စေပြောပြကာကူညီနိုင်သည်။

    ညှင်းပန်းနှိပ်စက်နေသည်ဟု မည်သို့သိနိုင်သနည်း။

    ညှင်းပန်းမှုနည်းမျိုးပေါင်းစုံရှိသည်။ ရိုက်ခြင်း၊တောက်လျှောက်ဆူပူကြိမ်းမောင်းခြင်း၊(သို့)လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့ဖြစ်သည်။ ညှင်းပန်းခံရသောကလေးသည် မတူညီသော တစ်ခုထက်ပိုသည့် ညှင်းပန်းမှုများကို ခံစားရနိုင်သည်။ မတူညီသောညှင်းပန်းမှုများမှာ ကိုယ်ကိုလည်းကောင်း၊လိင်ပိုင်းဆိုင်ရာကိုလည်းကောင်း၊နှုတ်ဖြင့်လည်းကောင်း၊စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေခြင်းဖြင့်လည်းကောင်း(သို့)လျစ်လျူရှူထားခြင်းတို့ဖြင့်လည်းကောင်းဖြစ်သည်။

    ကိုယ်ကိုညှင်းပန်းခြင်း -လက်ဖြင့်ဖြစ်စေ(သို့)ကြိုးကဲ့သို့ပစ္စည်းဖြင့်လည်းကောင်း ရိုက်ခြင်း ၊အထူးသဖြင့် ညိုမည်းစွဲစေခြင်း(သို့)ဓါးဖြင့်ဖြတ်ခြင်းတို့ပါဝင်သည်။

    ကိုင်လှုပ်ခြင်း၊တွန်းခြင်း၊မွန်းကြပ်အောင်လုပ်ခြင်း၊

    နာကျင်အောင်ဆုပ်ကိုင်ခြင်းနှင့် ကန်ခြင်းတို့သည်လည်း ကိုယ်အားညှင်းပန်းခြင်းဖြစ်နိုင်သည်။

    လိင်ပိုင်းဆိုင်ရာညှင်းပန်းခြင်း – သင်၏ကိုယ်တွင်လူမြင်မခံသည့် ကိုယ်အစိတ်အပိုင်းများရှိသည်။ အောက်ခံဘောင်းဘီဖြစ်စေ(သို့)

    ရေချိုးဝတ်များဖြင့်ဖြစ်စေဖုံးအုပ်ထားသော သင်၏ ရင်သား၊တင်သား၊မိန်းမကိုယ်ဖြစ်စေ၊ဝှေးစေ့နှင့် တင်ပါးများကိုဆိုလိုသည်။ အကယ်၍ထိုအစိတ်အပိုင်းများကို အခြားကလေးမှဖြစ်စေ လူကြီးတစ်ယောက်မှဖြစ်စေ ထိတွေ့ကိုင်တွယ်မှုပြုခြင်း(သို့) ကလေး၏ထိုအစိတ်အပိုင်းများအားသူ့ဘာသူကိုင်တွယ်ပြစေရန်

    ပြောခြင်း(သို့)ကလေးအား ခိုင်းစေသူ၏လိင်အစိတ်အပိုင်းများကိုကိုင်တွယ်ထိတွေ့ရန်ပြောခြင်းတို့သည်လိင်ပိုင်းဆိုင်ရာညှင်းပန်းမှုတွင် ပါဝင်သည်။ ထိုကဲ့သို့ဖြစ်ပွားလာပါက ညှင်းပန်းသူသည် ကလေးအားလျှို့ဝှက်ထားရန်နှင့် မည်သူမျှမပြောရန်ပြောတတ်သည်။ သို့သော်ကလေးများသည် ထိုအရာကို လျှို့ဝှက်ထားရန်မလိုအပ်ပေ။ ယုံကြည်ရသောလူကြီးတစ်ယောက်(သို့)တစ်ယောက်ထက်ပို၍ သင့်အားကူညီသည်အထိအကူအညီတောင်းနိုင်သည်။

    လိင်ညှင်းပန်းစော်ကားမှုအားရှင်းပြရန် လူအများသည် ကောင်းစွာထိတွေ့ခြင်းနှင့် ဆိုးဝါးစွာထိတွေ့ခြင်းတို့ကိုပြောဆိုကြသည်။ ကောင်းသောထိတွေ့ခြင်းကို ကျွန်တော်တို့အားလုံးသိကြသည်။ဥပမာ သင်၏အမေ(သို့)အဖေမှ ဖက်ခြင်း၊အဘွားမှ နမ်းရှံူ့ခြင်း(သို့)အိမ်မွေးတိရိစ္ဆာန်လေးများဖြင့် တူတူအိပ်ခြင်းတို့ဖြစ်ကြသည်။ သို့သော်အချို့သောထိတွေ့မှုများသည် ဆိုးဝါးသည်ဟုယူဆရပြီး ရှူပ်ထွေးနေတတ်သည်။ သင်၏ကိုယ်သည်သင်ပိုင်ပြီး အကယ်၍အခြားသူမှ ထိတွေ့မှုကို မနှစ်သက်ပါကသင်သည်လူအများကို ပြောပြနိုင်သည်။ သင်သည် ထိုကဲ့သို့ပြုလုပ်နေခြင်းကို ဂရုမပြုမိသည်ဖြစ်စေ စပ်စုမိသည်ဖြစ်စေ(သို့)တစ်စုံတစ်ယောက်အားပျော်ရွှင်စေချင်သည်ဖြစ်စေ လူကြီးများနှင့် ကလေးများအကြား လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှာ တရားမဝင်ပေ။

    နှုတ်ဖြင့်ဖြစ်စေ(သို့)စိတ်ပိုင်းဆိုင်ရာအားထိခိုက်ညှင်းပန်းခြင်း

    ထိတွေ့မှုမရှိသော်လည်း ဖြစ်ပွားနိုင်သည်။ အကယ်၍ကလေးအား တချိန်လုံးဆူပူကြိမ်းမောင်းနေခြင်း၊မသင့်တော်သောနာမည်များခေါ်ဝေါ်ခြင်း(သို့)ကလေးအား ထွက်သွားရန်ဖိအားပေးခြင်း(သို့)မွေးစားခံရန်ဖိအားပေးချိန်းခြောက်ခြင်းတို့ပြုလုပ်ပါက နှုတ်ပိုင်းဆိုင်ရာဖြင့်ညှင်းပန်းသည်ဟုဆိုနိုင်သည်။ ကလေးအားလုံးသည်သူတို့၏ဘဝတွင် သူတို့အားချစ်မြတ်နိုးကာ ကြီးပြင်းလာချိန်အတွင်းစောင့်ရှောက်ပေးသူများရရှိရန်ထိုက်တန်ပါသည်။ မိဘများနှင့် ကလေးငယ်များအကြားတခါတရံ စိတ်ဆိုးကြသည်မှာ ဖြစ်နေကျအရာဖြစ်သော်လည်း အော်ဟစ်ဆူပူကြိမ်းမောင်းနေခြင်း၊အပြစ်ပေးခြင်းနှင့် ခြိမ်းခြောက်နေခြင်းတို့အချိန်တိုင်းဖြစ်နေပါက ကလေးတစ်ယောက်သည် သူ့ကိုယ်သူမကောင်းဟုတွေးထင်လာတတ်သည်။ ထိုသို့ဖြစ်ပွားလာပါက အခြားယုံကြည်ရသည့် လူကြီးတစ်ယောက်အားဖွင့်ပြောပြရန်လိုအပ်သည်။

    ကလေးအား ဂရုမစိုက်ပဲပစ်ထားခြင်း – အကယ်၍ကလေးတစ်ယောက်တွင်လိုအပ်သောအခြေခံလိုအပ်ချက်များဖြစ်သည့်အစားအစာ၊သန့်ရှင်းသောအဝတ်၊နှင့် ကုတင်တို့ကို နေအိမ်တွင် ပေးမထားပါက ဂရုမစိုက်ပဲပစ်ထားသည်ဟုယူဆသည်။ မိဘများနှင့် ကလေးအားစောင့်ရှောက်သူများက ကလေးများကို ဂရုမစိုက်ပဲပစ်ထားသောအခါ ကလေးများသည် ရေကောင်းကောင်းမချိုးရပဲနွေးထွေးသောစောင်အောက်တွင်မအိပ်ရခြင်း(သို့)ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများလိုအပ်သည့် အချိန်တွင်မရရှိနိုင်ခြင်းတို့ဖြစ်ပွားတတ်သည်။

    ထိုကဲ့သို့အရေးကြီးသည့်လိုအပ်ချက်များမရရှိကြောင်းကိုတစ်စုံတစ်ဦးအားပြောပြရန် ကလေးတစ်ယောက်အတွက်ခက်ခဲနိုင်သည်။ မိဘ(သို့)အုပ်ထိန်းသူတွင်လည်းအလုပ်ပြုတ်ခြင်း၊မိသားစုဆိုင်ရာပြဿနာများ(သို့)အရက်နှင့်မူးယစ်ဆေးများသောက်သုံးအသုံးပြုနေခြင်းတို့ရှိနိုင်သည်။ သို့သော် မည်သည့်ကိစ္စပင်ဖြစ်စေ ကလေးတစ်ယောက်သည် တစ်စုံတစ်ယောက်အားပြောပြရန်လိုအပ်သည်။ ထို့နောက် သူလိုအပ်သောအရာများကို ကလေးငယ်အနေဖြင့်ရရှိနိုင်ပြီး မိဘ(သို့)အုပ်ထိန်းသူအနေနှင့်လည်းသိရှိကာကူညီနိုင်လာတတ်သည်။

    ဘာဖြစ်နေသည်ကို တစ်စုံတစ်ယောက်အား မည်သို့ပြောပြနိုင်သနည်း

    အကယ်၍ကလေးများညှင်းပန်းခံရ၍ဖြစ်စေ ထိခိုက်ခံနေရသည်ဖြစ်စေသင်မှယူဆပါက တစ်စုံတစ်ယောက်ကို တိုင်ပင်ပြောပြရန်အရေးကြီးသည်။ သို့သော်ကလေးတစ်ယောက်အနေဖြင့်မည်သို့ဖွင့်ပြောရမည်နည်း။ အောက်ပါအကြံအချို့ကို အသုံးပြုပါ။

    • ယုံကြည်ရသောလူကြီးတစ်ဦးကို လူချင်းတွေ့၍ပြောပြပါ။
    • ယုံကြည်ရသောလူကြီးတစ်ဦးကို ဖုန်းထဲမှတဆင့် ပြောပြပါ။
    • စာတို၊(သို့)စာတစ်စောင်ရေး၍ ယုံကြည်ရသောလူကြီးတစ်ဦးကို လှမ်းပြောပြပါ။
    • ကျောင်းရှိလူကြီးတစ်ဦးဦး ဥပမာ- ကျောင်းအုပ်၊ကျောင်းသူနာပြုဆရာမ၊ဆရာ၊ဆရာမ(သို့)နည်းပြတို့ကို ပြောပြပါ။
    • ကလေးသူငယ်ချင်း၏အဖေ(သို့)အမေ၊အကိုကြီး(သို့)အမကြီးတို့ကိုပြောပြပါ။

    ကလေးမှ ပြောပြပုံနှင့် နားထောင်ရသူပြန်ပြောပုံမှာလည်း အခြေအနေပေါ်မူတည်ကာ ကွဲပြားနေနိုင်သည်။ အရေးကြီးဆုံးအချက်မှာ တစ်စုံတစ်ယောက်မှ ညှင်းပန်းနှိပ်စက်ခြင်းအားရပ်တန့်ရန်မဆောင်ရွက်ခင်အထိတစ်စုံတစ်ယောက်(သို့)လူအများအပြားကိုပြောရန်ဖြစ်သည်။ တစ်စုံတစ်ယောက် (ကလေးများအားချစ်သောသူပင်ဖြစ်စေ) မှ နှိပ်စက်နေသည်ဟုလူကြီးများအားအသိပေးသူကလေးများသည် အခြားကလေးများအတွက်ဖြစ်စေ မိမိအတွက်ဖြစ်စေကူညီနေခြင်းဖြစ်နိုင်သည်။ ထိုသူအား သင်မှ နှစ်ကိုယ်တည်းတွေ့ကာစကားပြောရန် အသိပေးသင့်သည်။ ထိုကိစ္စမှာ ညှင်းပန်းမှုဖြစ်ကြောင်းမသေချာပါက ထိုသူအား သင်မှ တစ်စုံတစ်ခုဖြစ်သွားကြောင်းနှင့် ညှင်းပန်းမှုဟုတ်မဟုတ်စစ်ဆေးခြင်းကြောင်းပြောပါ။ ထိုသို့ပြောနိုင်ရန် ရဲရင့်မှုအလွန်ရှိရန်လည်းလိုအပ်ပြီး စိတ်ခိုင်မာမှုရှိရန်လည်း လိုအပ်သည်။ သို့သော်အဆင်ပြေတာများတတ်သည်။ နောက်ဆုံးပြောရလျှင် စိတ်ချရသောသူကိုပြောပြခြင်းသည်သာ ကလေးတစ်ယောက်လုပ်နိုင်သည့် အရဲရင့်ဆုံးကိစ္စရပ်ဖြစ်သည်။ ကလေးတစ်ယောက်သည် ပျော်ရွှင်စွာနှင့် လုံခြုံစွာ နေထိုင်ဖြတ်သန်းနေကာ ညှင်းပန်းမှုတို့ကိုရပ်တန့်နိုင်ခြင်းသည် သင့်အားပီတိဖြင့်ကောင်းမွန်သော ခံစားမှုများပေးစွမ်းနိုင်ပါသည်။

    Hello Health Groupမှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement