backup og meta

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ

    သင့်ကလေးကိုယ်ရောစိတ်ပါကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓါတ်များကြွယ်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည်လည်းအလွန်အရေးပါပါသည်။

    ကလေးများအတွက်အရေးအကြီးဆုံးသောဗီတာမင်များနှင့်သတ္တုဓါတ်များ

    ဗီတာမင်အေ

    ဗီတာမင်အေသည် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီးတစ်သျှူးများနှင့်အရိုးဖွံ့ဖြိုးမှုကိုလည်းအားပေးကာကျန်းမာသောအရေပြားနှင့်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေသောကြောင့် ကလေးများပုံမှန်ကြီးထွားဖို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်အေကို နွားနို့၊ချီးစ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ကြက်ဥဘဲဥ ကဲ့သို့ဥအမျိုးမျိုး၊အဝါရောင်သို့မဟုတ်ရွှေဝါရောင်ရှိသောဟင်းသီးဟင်းရွက်များဥပမာမုန်လာဥဝါစသည်တို့တွင်တွေ့နိုင်သည်။

    ဗီတာမင်ဘီအုပ်စု

    ဗီတာမင်ဘီအုပ်စု(အထူးသဖြင့် ဗီတာမင်B2,B3,B6,B12)စသည်တို့သည်ကလေး၏ဇီဝရုပ်ဖြစ်ပျက်ခြင်း၊စွမ်းအင်ထုတ်လုပ်ခြင်းအာရုံကြောစနစ်များတွင်အထူးထောက်ပံ့ပေးသည်။ ဗီတာမင်ဘီကြွယ်ဝသောအစားအစာများမှာ အသား၊ကြက်သား၊ဥများ၊နို့၊ပဲများ၊ပဲနို့်၊ငါးစသည်တို့ဖြစ်ကြသည်။

    ဗီတာမင်စီ

    ဗီတာမင်စီသည်ကလေးများ၏အရေပြားတစ်သျူးနှင့်ကြွက်သားများအတွက်အလွန်ကောင်းမွန်သည်။ ခရမ်းချဉ်သီး၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ချဉ်သောအရသာရှိသည့်သစ်သီးများသည်ဗီတာမင်စီကြွယ်ဝသည်။

    ဗီတာမင်ဒီ

    ဗီတာမင်ဒီသည်ခန္ဓါကိုယ်၏ကယ်လစီယမ်စုပ်ယူမှုကိုအားပေးသောကြောင့်အရိုးများသန်မာစေသည့်ဂုဏ်သတ္တိရှိပါသည်။နေရောင်ခြည်သည်ဗီတာမင်ဒီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အပြင်ဗီတာမင်ဒီပါဝင်သောအစားအစာများမှာငါး၊ကြက်ဥအနှစ်၊စီရီယယ်လ်၊လိမ္မော်သီးစသည်တို့ဖြစ်သည်။

    ကယ်လ်စီယမ်

    ဗီတာမင်ဒီကဲ့သိုပင်ကယ်လစီယမ်သည်ခန္ဓါကိုယ်၏အရိုးကြံ့ခိုင်မှုအတွက်ကူညီပေးသည်။ ကယ်လ်စီယမ်ကြွယ်ဝသောအစားအစာများမှာ ဒိန်ချဉ်၊နို့၊ချိစ်၊တို့ဖူးများဖြစ်ကြသည်။

    သံဓါတ်

    ကြွက်သားများနှင့်သွေးနီဆဲလ်များသည်သံဓါတ်မရှိပါကကောင်းမွန်စွာအလုပ်မလုပ်နိုင်ပါ။ မိန်းကလေးများအတွက်ဆိုလျှင် ရာသီလာချိန်တွင်သံဓါတ်များဆုံးရှုံးသည့်အတွက် အလွန်အရေးကြီးသည်။ အနီရောင်အသားများကြက်ဆင်သားဒေါက်ခွရွက်နှင့်ပဲများသည်သင့်ကလေးအားသံဓါတ်ပေးစွမ်းသည်။ သင့်ကလေးများအားမရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များဖြည့်ဆည်းပေးဖို့နည်းလမ်းအမျိုးမျိုး။

    ကျန်းမာရေးနှင့်ညီသောအစားအစာသည်သင့်ကလေးလိုအပ်သောဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးသောအကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းအချို့သောအခြေအနေများတွင် အားဖြည့်ဆေးများသောက်သင့်ပါသည်။ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားရန်အောက်ပါအကြောင်းအချက်များကိုလိုက်နာသင့်ပါသည်။

    • သင့်ကလေးကိုဗီတာမင်အားဖြည့်ဆေးမတိုက်ကျွေးမီကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။
    • သင့်ကလေးသည်ဆေးတစ်မျိုးမျိုးသောက်နေရပါကမလိုလားအပ်သောဆေးအချင်းချင်းဓါတ်ပြုမှုမရရှိစေရန်ဖြစ်သည်။
    • အသက်လေးနှစ်အောက်ကလေးများသည်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဗီတာမင်အားဖြည့်ဆေးများမတိုက်ကျွေးသင့်ပါ။
    • သင့်ကလေးအားအားဆေးများကိုသကြားလုံးများဟုထင်မှတ်မမှားစေပါနှင့်။ ကလေးများလက်လှမ်းမမီနိုင်သည့်နေရာတွင်ထားပါ။ ကလေးများအားအားဆေးများသည်သကြားလုံးများမဟုတ်ဘူးဟုပွင့်ပွင့်လင်းလင်းပြောပြပါ။
    • အကယ်၍သင့်ကလေးသည် အားဆေးပြားများအားဆေးရည်များမသောက်ချင်ဘူးဆိုပါကဝါးစားလို့ရသော ဆေးများကိုရွေးချယ်နိုင်ပါသည်။
    • သင့်ကလေးများကိုဗီတာမင်ပမာဏများစွာပါဝင်သောအားဆေးများမတိုက်သင့်ပါ။ ဆေးပမာဏလိုသည်ထက်ပိုသွားမည်စိုးသောကြောင့်ဖြစ်သည်။

    ဒါတွေတင်မကသေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးလာစေဖို့အတွက် အရေးပါတဲ့ DHA နဲ့ အစာခြေလမ်းကြောင်းစနစ်ကိုကျန်းမာစေနိုင်တဲ့ lcFos ကိုလည်းချန်ထားလို့မဖြစ်ပါဘူး။ ကလေးကိုကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းပြင်ဆင်ပေးလိုက်ပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာရရှိတဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာနိုင်ကြပါစေကြောင်း

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement