backup og meta

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရဓါတ်များ


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရဓါတ်များ

    ကလေးတွေဟာကျောင်းသွားလိုက်သင်ယူလိုက် အိမ်ပြန်လာလိုက်ဆိုတဲ့အလုပ်တွေကို အလျင်အမြန် လုပ်ဆောင်နေသလိုမျိုးပ ဲသူတို့လေးတွေရဲ့ ဦးနှောက်ကလည်း လျင်လျင်မြန်မြန်ကြီးထွားဖွံ့ဖြိုးလာနေပြီး ပြောင်းလဲမှုတွေဖြစ်ပေါ်လာနေပါတယ်။

    အောက်ဖော်ပြပါအစားအသောက်ဆယ်မျိုးက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်စားသုံးပေးသင့်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ငယ်ရွယ်စဉ်အရွယ်မှာ စားသောက်မှုပုံစံက ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သိမြင်မှုစွမ်းရည်တွေတိုးတက်စေဖို့အတွက် အရမ်းကိုအရေးပါ ပါတယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ အောက်မှာ ကြည့်လိုက်ရအောင်။

    (၁) ဘယ်ရီသီးများ

    စတော်ဘယ်ရီ၊ချယ်ရီ၊ဘလူးဘယ်ရီနဲ့ဘလက်ဘယ်ရီသီးတွေမှာ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဗီတာမင် စီ လိုမျိုးဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေတိုးပွားအောင်လည်း လုပ်ဆောင်ပေးပါ တယ်။

    လေ့လာမှုတွေအရ ဘလူးဘယ်ရီနဲ့စတော်ဘယ်ရီတွေက မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပြီး အာဟာရဓါတ်တွေလည်းများစွာပါဝင်တဲ့အပြင် ဘယ်ရီသီးတွေရဲ့အစေ့တွေထဲမှာအိုမီဂါ- သရီးဖက်တီးအက်ဆစ် တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။

    (၂) ပဲအမျိုးမျိုး

    ပဲတွေမှာ ပရိုတင်းဓါတ်တွေ၊အမျှင်ဓါတ်၊ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက် စွမ်းအင်ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့နေ့လည်စာထဲမှာပဲအမျိုးမျိုးကိုထည့်သွင်းစားသုံးပေးတာက နေ့လယ်ပိုင်းအချိန်မှာ ကလေးငယ်တွေရဲ့ စွမ်းရည်နဲ့တွေးတောနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

    ဗိုလ်စားပဲနဲ့ pinto ပဲတွေမှာ အခြားပဲတွေထက် အိုမီဂါ သရီးဖက်တီးအက်ဆစ်ဓါတ်ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ-သရီးဖက်တီးအက်ဆစ်က ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနဲ့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါ ပါတယ်။

    (၃) အဆီနည်းတဲ့အမဲအသား

    သံဓါတ်က ကလေးတွေကိုစွမ်းအင်ပြည့်ဝနေစေပြီး ကျောင်းမှာအာရုံစိုက်နိုင်ဖို့အတွက်အထောက်အကူပြုတဲ့ အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ အဆီနည်းတဲ့အမဲအသားဟာ သံဓါတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အမဲသားမှာ မှတ်ဉာဏ်ကောင်းမွန်အောင်အထောက်အကူပြုတဲ့ ဇင့်ဓါတ်ပါဝင်နေပါတယ်။

    (၄) ဥအမျိုးမျိုး

    ဥအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းနဲ့အာဟာရဓါတ်တွေက ကလေးတွေကိုအာရုံစိုက်နိုင်စွမ်းမြင့်မားအောင် အထောက်အကူပြုပါတယ်။

    (၅) ဒိန်ချဉ်

    အဆီက ဦးနှောက်ကျန်းမာသန်စွမ်းဖို့အတွက်အရေးပါပါတယ်။ အဆီပြည့်ဝတဲ့ ဒိန်ချဉ်က ဦးနှောက်ဆဲလ်တွေကို သတင်းအချက်အလက်တွေ လက်ခံမှု၊ပေးပို့မှုတွေအတွက် ကောင်းမွန်တဲ့အနေအထားမျိုးဖြစ်အောင် ကူညီ ထိန်းသိမ်းပေးပါတယ်။ သည်အာဟာရဓါတ်တွေက ဦးနှောက်ထဲကိုသွေးစီးဆင်းမှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် မှတ်ဉာဏ်ကိုထက်မြက်စေပါတယ်။

    (၆) အစိမ်းရောင်အသီးအရွက်များ

    ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေတဲ့ ဒေါက်ခွရွက်တွေနဲ့ကိုက်လန်တွေက အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခံစား ရနိုင်တဲ့ မှတ်ဉာဏ်ပျက်ယွင်းတဲ့ဝေဒနာ (dementia) ရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ကိုက်လန်မှာ ဦးနှောက်ဆဲလ်အသစ်တွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားဓါတ်တွေများစွာပါဝင် နေပါတယ်။

    (၇) ငါး

    ငါးမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာနဲ့မှတ်ဉာဏ်စွမ်းရည်လျော့ကျတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် ဒီ နဲ့ အိုမီဂါ သရီးဖက်တီး အက်ဆစ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဆယ်လ်မွန်၊တူနာနဲ့ဆာဒင်းငါးတွေ မှာ အိုမီဂါ သရီးကြွယ်ဝစွာပါဝင်နေပါတယ်။ ဦးနှောက်အတွက်အိုမီဂါ သရီး ပမာဏများများရရှိလေလေ ကလေး တွေကို အာရုံစူးစိုက်နိုင်စွမ်းပိုမိုကောင်းမွန်စေမှာဖြစ်သလို ကလေးတွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

    (၈) အခွံမာသီးနဲ့ အစေ့အဆန်များ

    ပရိုတင်းဓါတ်တွေ၊အရေးပါတဲ့ ဖက်တီးအက်ဆစ်တွေ၊ဗီတာမင်တွေနဲ့သတ္တုဓါတ်တွေများစွာပါဝင်နေတဲ့ အခွံမာ အသီးတွေနဲ့ အစေ့အဆန်တွေက သင့်ကလေးရဲ့ စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး အာရုံစနစ်ကို ထိန်းသိမ်းပေးပါတယ်။

    (၉) အုတ်ဂျုံ

    ပရိုတင်းနဲ့အမျှင်ဓါတ်ကြွယ်ဝတဲ့ အုတ်ဂျုံက နှလုံးနဲ့ဦးနှောက်က သွေးကြောတွေကို ရှင်းလင်းစေပါတယ်။ လေ့လာမှုတစ်ရပ်မှာ အချိုဓါတ်ပါတဲ့ အုတ်ဂျုံက ကလေးတွေကိုမှတ်ဉာဏ်စွမ်းရည်နဲ့သက်ဆိုင်တဲ့ ကျောင်းသင်ခန်းစာတွေကိုလေ့လာနိုင်စွမ်းပိုမိုကောင်းမွန်စေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    (၁၀) ပန်းသီးနဲ့ဇီးသီးကဲ့သို့သောအသီးများ

    ကလေးတွေဟာပျင်းလာတဲ့အခါမျိုးမှာ အချိုစားချင်စိတ်ဖြစ်ပေါ်တတ်ပါတယ်။ ပန်းသီးနဲ့ဇီးသီးလိုမျိုး အသီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရည်အသွေးကိုကျဆင်းစေမှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ quercetin ဓါတ်ပါဝင်ပါတယ်။

    ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဟာအရွယ်ရောက်ပြီးသူတွေထက်အနည်းဆုံး နှစ်ဆလောက် ပိုပြီး တက်ကြွ လှုပ်ရှားနေတာကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်အချိန်မှာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင် မိဘတွေအနေနဲ့ မှန်ကန်တဲ့ အာဟာရဓါတ်၊ လှုံ့ဆော်ပေးမှုနဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှုတွေလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement