backup og meta

ဘေဘီပေါက်စအရွယ်မှာ ဘာလို့ဆံပင်ကျွတ်တာလဲ၊ ဘာလုပ်ပေးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီပေါက်စအရွယ်မှာ ဘာလို့ဆံပင်ကျွတ်တာလဲ၊ ဘာလုပ်ပေးရမလဲ

    အိမ်ကဘေဘီပေါက်စလေးက ဆံပင်တွေကျွတ်နေတယ်။ ဒီလိုပဲဖြစ်တတ်လား။

    ဟုတ်ပါတယ်။ ကလေးတွေကမွေးပြီး ၆ လအတွင်းမှာ ဆံပင်ကျွတ်လေ့ရှိပါတယ်။မွေးဆံပင်ပါလာတယ်ဆိုရင် ၂ လကနေ ၆ လလောက် အတွင်းမှာ စပြီးဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ၆ လကျော် နောက်ပိုင်းကျရင်တော့ဆံပင်တွေပြန်ပေါက်မှာပါ။

    ကလေးတွေမှာပုံမှန်ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းကို “telogen effluvium” လို့ခေါ်ပါတယ်။ “telogen effluvium” ဆိုတာဟော်မုန်းတွေကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်စဉ်တည်းက ကလေးရဲ့ကိုယ်ထဲမှာ မိခင်ရဲ့ဟော်မုန်းတွေအများကြီးရှိနေခဲ့တာပါ။မွေးဖွားပြီးနောက်မှာ အဲဒီဟော်မုန်းပမာဏက စတင်လျော့နည်းလာပါတယ်။ ဒါ့ကြောင့် ကလေးမှာ ဆံပင်ကျွတ်ခြင်း ခဏတော့ဖြစ်လာတာ သဘာဝပါ။

    တကယ်လို့ဘေဘီမှာcradle cap လို့ခေါ်တဲ့ ဦးရေပြားပြဿနာဖြစ်နေတယ်ဆိုရင် ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဒါလည်းဆံပင်အတွက် စိုးရိမ်ဖို့မလိုသေးပါဘူး။ ထိုက်သင့်ကုသဂရုစိုက်မှုပေးပြီးရင် အချိန်တန်တော့ ပြန်ပေါက်မှာပါပဲ။

    ဘေဘီဦးခေါင်းမှာတော့ ဆံပင်လေးအကွက်လိုက်ပါးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်အသစ်တွေတဖြည်းဖြည်းပြန်ပေါက်လာမှာပါ။ပြန်ပေါက်လာရင်တော့ အရင်ကထက် အရောင်လေးနည်းနည်းဖျော့နိုင်တယ်။ ဒါပေမယ့် ပိုထူပြီးပိုသန်လာမှာကို သတိထားမိပါလိမ့်မယ်။

    မေမေတို့ဘက်က ဘာလုပ်ပေးရမလဲ

    ဟော်မုန်းကြောင့် ကလေးပေါက်စ ဆံပင်ကျွတ်တာအတွက် ဘာမှလုပ်ပေးလို့မရပါဘူး။ တခြားရောဂါပြဿနာတွေကြောင့် ဆံပင်ကျွတ်တာရှိတတ်ပေမယ့် ကလေးမှာထူးခြားတဲ့ဝေဒနာလက္ခဏာမတွေ့ရင် စိုးရိမ်ဖို့မလိုပါဘူး။

    ကလေးရဲ့ဦးခေါင်းမှာ တစ်နေရာတည်းကွက်ပြောင်နေတာဆိုရင်တော့ ကလေးကို အနေအထားတစ်ခုတည်းမှာကြာကြာသိပ်လို့ဖြစ်နိုင်ပါတယ်။ ကလေးကို အနေအထားပြောင်းသိပ်ကြည့်ပါ။ ဟိုဘက်စောင်း၊ ဒီဘက်စောင်း အနေအထားနဲ့သိပ်ကြည့်ပါ။မှောက်တတ်နေပြီဆိုမှောက်လျက်နေတာက ကလေးရဲ့ဦးခေါင်းကို အိပ်ရာနဲ့လွတ်သွားစေပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့အညီ ထိပ်ပြောင်တဲ့ပြဿနာပါလျော့ပါးသွားပါလိမ့်မယ်။

    ကလေး ထိပ်ပြောင်သွားမှာကို စိတ်ပူရလား

    ကလေးအများစုကတော့နောက်စေ့မှာ အနှီးစားတယ်လို့ခေါ်ကြတဲ့ ဆံပင်ပြောင်နေတာလေးတွေရှိတတ်ကြတယ်။ အပေါ်မှာပြောခဲ့သလို အနေအထားတစ်ခုတည်းအိပ်တာများလို့လေ။ အိပ်ရာနဲ့ ပွတ်တိုက်မိတာကြောင့်ပေါ့။ ကလေးက ထိုင်တတ်ပြီဆိုတာနဲ့ ဆံပင်ပြန်ပေါက်လာမှာပါ။

    ရောဂါပြဿနာတစ်ခုရဲ့ လက္ခဏာဖြစ်နေနိုင်လား

    ကလေးက အသက် ၆ လကျော်ပြီးနောက်ပိုင်း ဆံပင်ကျွတ်နေတုန်းပဲဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ကလေးမှာ လိုအပ်နေတဲ့ အာဟာရဓါတ်တွေအပြည့်အဝမရတဲ့ လက္ခဏာဖြစ်နိုင်သလို ဆရာဝန်ကုသပေးဖို့လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ပြဿနာမရှိနိုင်တဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ ဆံပင်ပြန်ပေါက်မှာပါ မပူပါနဲ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement