backup og meta

သင်၏ ရှက်ကြောက်တတ်သောကလေးကို ကူညီပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်၏ ရှက်ကြောက်တတ်သောကလေးကို ကူညီပေးပါ

    လူတိုင်းသည် မတူညီသော ပင်ကိုစရိုက်၊ ကိုယ်ရည်ကိုယ်သွေးများဖြင့် မွေးဖွားလာကြသည်။ ထင်ရှားသော ပင်ကို စရိုက်များဖြင့် သင့်ကလေးသည် ပတ်ဝန်းကျင်ကို တုံ့ပြန်သည့်အခါ သူတို့၏ ကိုယ်ပိုင်ဟန်ပန်နည်းလမ်းများရှိကြသည်။ ပုံစံများစွာထဲမှ ရှက်ကြောက်တတ်ခြင်းသည် အဖြစ်အများဆုံး ဖြစ်ပုံရသည်။

    ရှက်ကြောက်တတ်သည့် ဗီဇရှိသော ကလေးများသည် အခြားသူများနှင့် ဆက်ဆံရသည့်အခါ စိတ်မသက်မသာခံစားကြရတတ်သည်။ ရှက်ကြောက်တတ်ခြင်းသည် ပေါ်လာပြီးပျောက်သွားတတ်သော အရာမဟုတ်ပေ။

    မိဘများသည် ကလေးကို အခြားသူများနှင့် ဆက်ဆံသည့်အခါ ယုံကြည်ချက်ရှိပြီး သက်တောင့်သက်သာဖြစ်စေရန် ကူညီပေးသင့်သည်။

    သင့်ကလေးကို ရှက်ကြောက်တတ်ခြင်းမှ ကင်းဝေးစေရန် ကူညီနိုင်မည့် နည်းလမ်းကောင်းများ

    အောက်ပါတို့သည် ရှက်ကြောက်တတ်သော ကျောင်းမနေခင်အရွယ်သင့်ကလေးကို အခြားသူများနှင့် လူမှုဆက်ဆံရေးတွင် ပါဝင်လာစေရန် ကူညီပေးရန် ဖြစ်သည်။

    -သင့်ကလေးကို တဖြည်းဖြည်း အားပေးပါ။

    သင်၏ ရှက်ကြောက်တတ်သော ကလေးကို အခြားသူမရင်းနှီးသော လူကြီးတစ်ယောက်ကို ဇွတ်အတင်း လက်ခံရင်းနှီးစေလို၍ မရပေ။

    ထိုသူသည် သင့်ကလေးနှင့် အတူတကွ ဆော့ကစားပေးပြီး သင့်ကလေးမှ ရင်းနှီးသည်ဟု ခံစားရစေရန် တဖြည်းဖြည်း လုပ်ဆောင်ပေးရမည်။

    -သင့်ကလေးကို လူအများကြားခေါ်သွားပြီး စူးစမ်းလေ့လာချင်စိတ်ကို လှုံ့ဆော်ပေးပါ။

    မိဘများတွေ့ဆုံပွဲ သို့မဟုတ် ပျော်ပွဲရွှင်ပွဲတွင် သင့်ကလေးသည် ပတ်ဝန်းကျင်အသစ်နှင့် အသားကျသောအခါ သူ့အနားမှခဏတာ ရှောင်နေပေးပါ။

    သင့်ကလေးမှ သင့်ကို မမြင်ရသော နေရာမှစောင့်ကြည့်နေပြီး၊ သူဝမ်းနည်းလာသည့် အချိန်တွင် ပြန်လာခဲ့ပါ။ ထိုသို့ဖြင့် သင့်ကလေးသည် နောက်တစ်ခါ သင်နှင့် အတူ နေရာအသစ်အဆန်းများကို စူးစမ်းရန် မကြောက်တော့ပေ။

    -ကလေး ကိုအလွန်အမင်းကာကွယ်ခြင်းကို မလုပ်ပါနှင့်။

    ကလေးကိုအလွန်အမင်း ကာကွယ်ခြင်းသည် ကလေးကို အန္တရာယ်အခြေအနေတွင် ရောက်နေသကဲ့သို့ခံစားရစေသည်။ ထိုအရာသည်ကလေးကိုပို၍ စိတ်မလုံခြုံမှုကိုခံစားစေပြီး ကိုယ့်ကိုယ်ကို ပို၍ပုန်းကွယ်ထားလိုစေသည်။

    -ကလေးကို ရှက်ကြောက်မှုမှ ကျော်လွှားနိုင်လျင် ချီးကျူးစကားပြောပေးပါ။

    သင့်ကလေးသည် သင်စောင့်ကြည့်မနေသည့် အခါမျိုးတွင် အခြားလူများကို ပြန်လှန်ပြောဆို တုံ့ပြန်နိုင်သည့်အခါ၊ မျက်လုံးတည့်တည့်ကြည့်ပြီး ပြောဆိုဆက်ဆံနိုင်သည့်အခါ၊ အခြားသူငယ်ချင်းများနှင့် အတူကစားသည့်အခါမျိုးတွင် သင့်ကလေးကို ချီးကျူးစကားပြောပေးပါ။

    -ကလေးများသည် မိဘများ၏ အပြုအမူများကို အတုခိုးတတ်သည့်အတွက် ကလေးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့် လူမှုဆက်ဆံရေး ကိုသင့်ထံမှသင်ယူရရှိနိုင်ရန် ကလေးအတွက် စံပြလူမှုဆက်ဆံရေးတစ်ခု ရှေ့ဆောင်လမ်းပြလုပ်ဆောင်ပြဖို့လိုအပ်သည်။

    ကျောင်းနေအရွယ်ကလေးကို ရှက်ကြောက်ခြင်းမှ ကျော်လွှားနိုင်ရန် ကူညီနိုင်မည့် နည်းလမ်းကောင်းများ

    ကျောင်းနေအရွယ် ကလေးသည် ရှက်ကြောက်တတ်သည့် အခြေအနေမျိုးဖြစ်သည် မှာ ယခုခေတ်တွင် အလွန်အဖြစ်များသည်။ ထိုသို့ဖြစ်ခြင်းသည် ထိုကလေး၏ ဘဝတွင် မကောင်းသော အကျိုးဆက်များကို ဖြစ်စေနိုင်သည်။

    အောက်ပါတို့သည် သင်၏ ကျောင်းနေအရွယ်ကလေးအတွက် ရှက်ကြောက်ခြင်းကို ကျော်လွှားနိုင်ရန် မည်သို့ ကူညီပေးရမည်ဆိုသည့် နည်းလမ်းကောင်းများဖြစ်သည်။

    -သင့်ကလေးကို သင့်အိမ်တွင် သို့မဟုတ် အခြားသူငယ်ချင်းအိမ်တွင် အများနှင့် ဆော့ကစားစေပါ။

    သင့်ကလေးကို သူငယ်ချင်းတစ်ယောက်ယောက်မှ မွေးနေ့ပါတီဖိတ်သည့်အခါ သင့်ကလေးကို သွားရန်တိုက်တွန်းပါ။

    -သင့်ကလေး နှစ်သက်နိုင်သည့် အခြားသော အရာများကို လုပ်နိုင်ရန် အခွင့်အလမ်းပေးပါ။

    ဥပမာ သင့်ကလေးက ချက်စ် ထိုးခြင်းကို နှစ်သက်လျင် သင့်ကလေးကို ချက်စ်ထိုးသည့် အတန်းကို စာရင်းသွင်းပေးပါ။ သင့်ကလေး၏ လူမှုဆက်ဆံရေးကို တိုးတက်စေမည့် ဆောင်ရွက်ချက်များကို ဖန်တီးပေးပါ။

    အခြားကလေးများနှင့်၊ သူ၏ သူငယ်ချင်းများနှင့် နှိုင်းယှဉ် ဝေဖန်ခြင်း မပြုလုပ်ပါနှင့်။ အခြားတစ်ယောက်နှင့် နှိုင်းယှဉ်ပြောဆိုခြင်းကို မည်သူမျှမနှစ်သက်ပါ။ ရှက်ကြောက်တတ်သော ကလေးများအတွက် ထိုအပြုအမူသည် သူ၏ စိတ်မလုံခြုံမှုကို ပိုဖြစ်စေပြီး၊ အခြေအနေကို ပိုဆိုးစေပါသည်။

    တက်ကြွသော ကလေးများကြားတွင် သင့်ကလေးသည် လူမှူဆက်ဆံရေးတွင် နှေးကွေးနေနိုင်ပါပြီးမသက်မသာ ဖြစ်နေနိုင်ပါသည်။ မူလ ရှက်ကြောက်တတ်သည့် သဘာဝရှိသော ကလေးကို လူမှူဆက်ဆံရေး လှုပ်ရှားမှုများတွင် ပါဝင်စေခြင်းဖြင့် သူတို့ကိုကူညီအားပေးပါ။

    သူတို့ မနှစ်သက်သည့် အခြေအနေများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို လမ်းညွှန်ပေးပါ။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement