backup og meta

သင်ယူမှုဆိုင်ရာရောဂါဖြစ်နေတဲ့ကလေးကို ဘယ်လိုထောက်ပံ့ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ယူမှုဆိုင်ရာရောဂါဖြစ်နေတဲ့ကလေးကို ဘယ်လိုထောက်ပံ့ပေးမလဲ

    သင်ယူလို့မရနိုင်သည့်ကလေးများတွင် တစ်ချို့သောအရာများကို သင်ယူနိုင်ရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။ စကားပြော၊ အရေး၊ အဖတ်၊ သတ်ပုံ သို့မဟုတ် သချာၤတို့တွင်လည်း အခက်အခဲရှိနိုင်၏။

    သို့သော် သင်ယူမှုဆိုင်ရာရောဂါများရှိနေသည့် ကလေးအား ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာ သိထားခြင်းဖြင့် ထိုမလုပ်နိုင်သည်များကို ဖြေရှင်းနိုင်ပြီး ကျောင်းနှင့် တခြားနယ်ပယ်များတွင် အောင်မြင်အောင် ကူညီပေးနိုင်ပါသည်။

    ကလေး၏ အကောင်းဆုံးသင်ယူမှုပုံစံကို သိအောင်လုပ်ပါ

    လူတိုင်းတွင် သူများနှင့်မတူသော သင်ယူမှုပုံစံများ ရှိတတ်သည်။ ရောဂါရှိရှိ မရှိရှိ မဆိုင်ပါ။ မိဘများအနေဖြင့် ကလေးသည် စာဖတ်ခြင်း၊ မြင်တွေ့ခြင်း၊ နားထောင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ခြင်း တစ်ခုခုနှင့် ဘယ်ဟာက ပိုတတ်မြောက်လွယ်သလဲဆိုသည်ကို သိထားသင့်၏။ ကလေးလေ့လာသင်ယူသည့် အကောင်းဆုံးပုံစံကို သိသည်နှင့် ကလေးကို သင်ကြားရာ၌ အထောက်အကူပြုပါနိုင်ပါသည်။

    စာဖတ်ခြင်း၊ မြင်တွေ့ရခြင်း၊ စာအုပ်များသုံးခြင်း၊ ဗီဒီယို၊ ဖလက်ရှ်ကဒ်များနှင့် အမြင်သင်ထောက်ကူ စသည့် တစ်ခုခုနှင့် ပိုသင်လွယ်တတ်လွယ်သည်ဆိုပါက ထိုအရာများကို သုံးပေးပါ။

    ထို့အပြင် အရောင်များ သုံးပြီး မှတ်စုထုတ်ခြင်း၊ ပုံစံချပေးခြင်း၊ ပုံများဆွဲခြင်း၊ ရောင်စုံရုပ်ပြများ စသည်တို့ကိုသုံးကာ သူတို့နားလည်အောင် လုပ်ပေးနိုင်ပါသည်။

    ကလေးသည် အကြားမှသင်ယူတတ်သူဆိုပါက နားထောင်ခြင်း၊ ဆွေးနွေးခြင်း၊ နှုတ်တိုက်ရွက်ခြင်းနှင့် စစ်ဆေးခြင်းများဖြင့် သင်ကြားပေးနိုင်သည်။ အတန်းတွင် ဆွေးနွေးခြင်းများ အုပ်စုလိုက် လေ့လာမှုများတွင် အကျိုးပိုဖြစ်ထွန်းနိုင်၏။

    ထို့ကြောင့် ကလေးကို တခြားကျောင်းသားများနှင့် အုပ်စုဖွဲ့ပေးကာ စာအုပ်အသံထွက်တိပ်များ တခြားနားထောင်နိုင်မည့်အရာများသုံးပြီး သင်ကြားပေးနိုင်ပါသည်။

    ကလေး၏ မိမိကိုယ်ကိုသတိရှိမှု ယုံကြည်မှုတို့ကို တည်ဆောက်ပေးပါ

    သင်ယူမှုဆိုင်ရာရောဂါရှိသည့်ကလေးများတွင် မိမိကိုယ်ကို သတိရှိမှု ယုံကြည့်မှု နည်းတတ်၏။ အတန်းထဲ၌ ရုန်းကန်ရခြင်းသည် ကလေးကို စိတ်ဖိစီးမှုနှင့် သူ၏လုပ်နိုင်စွမ်းများကို သံသယဝင်စေနိုင်သည်။ မိဘများက ကလေး၏ အားနည်းချက် အားသာချက်များကို စာရင်းပြုစုခိုင်းပြီး ဆွေးနွေးပေးပါ။

    အိမ်တစ်ဝိုက်၌ ကလေးများအလွယ်တကူလုပ်နိုင်သည့် စစ်ဆေးမှုမျိုးကို မိဘများက လုပ်ပေးပါ။ ရိုးရှင်းသည့် ညွှန်ကြားချက်များကို သုံးပါ သို့မဟုတ် စစ်ဆေးမှုကို အဆင့်ငယ်လေးများခွဲပြီး လုပ်ပေးပါ။ စစ်ဆေးမှုများပြီးတိုင်း ချီးမွမ်းပေးပါ။

    ကျွမ်းကျင်သူများနှင့် ဆွေးနွေးပါ။

    ကလေးကို ကောင်းကောင်းကူညီနိုင်မည့် ကျွမ်းကျင်သူများစွာရှိပါသည်။ တခြား သင်ယူမှုဆိုင်ရာရောဂါရှိသည့်ကလေး၏ မိဘများနှင့်ဆွေးနွေးပြီး အတွေ့အကြုံများကို ရယူနိုင်ပါသည်။

    သင်ယူမှုဆိုင်ရာရောဂါရှိသည့်ကလေးတွင် ကျန်းမာသောဘဝနေထိုင်မှု အမူအကျင့်များရှိရန် ကူညီပါ

    သင်ယူမှုဆိုင်ရာရောဂါသည် ခန္ဓါကိုယ်ရော ဦးနှောက်ပါထိသောကြောင့် ကျန်းမာသော နေထိုင်မှုပုံစံသည် အလွန်အရေးကြီးပါသည်။ ကလေးသည် မှန်မှန်စား လုံလုံလောက်လောက်အိပ် ကိုယ်လက်လှုပ်ရှားမှုလုပ်ဆိုပါက ကလေးသည် ကောင်းကောင်းအာရုံစိုက်နိုင် အလုပ်လုပ်နိုင်မည်ဖြစ်သည်။

    ကလေး၏ သင်ယူမှုဆိုင်ရာရောဂါအကြောင်း မိသားစုများ မိတ်ဆွေများကို ပြောထားပါ

    တစ်ချို့မိဘများသည် ရှက်စရာဟုယူဆပြီး ကလေး၏သင်ယူမှုဆိုင်ရာရောဂါကို လျှို့ဝှက်ထားတတ်ကြပါသည်။ ထိုကနေမှ လူများသည် ကလေးကို နားမလည်နိုင်ပဲ ပျင်းကြောင်း မတက်ကြွကြောင်း ဝေဖန်နိုင်ပါသည်။ ဘာဖြစ်နေကြောင်း သူတို့သိထားလျှင် သင်ယူမရနိုင်သောကလေးအား အကူအညီပေးနိုင်ပါလိမ့်မည်။

    မိသားစုတွင်း၊ မောင်နှမများကြားတွင် သင်ယူမှုဆိုင်ရာရောဂါရှိသောကလေးသည် ပိုဂရုစိုက်ခံရခြင်း စည်းကမ်းသိပ်မတင်းခြင်းတို့ကြောင့် လျစ်လျူရှုထားခြင်း၊ မနာလိုခြင်းများရှိတတ်ပါသည်။

    မိဘများက မိသားစုဝင်များအားလုံးကို သေချာရှင်းပြပေးပြီး အထူးလုပ်ငန်းဆောင်တာများ လုပ်သည့်အခါတွင်လည်း ထိုကလေးနှင့်အတူ ပူပေါင်းလုပ်ဆောင်ပေးရပါမည်။ ကလေးများအားလုံးကို မိမိတို့က ချစ်ပါကြောင်း သိစေရန် မမေ့ပါနှင့်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement