backup og meta

ယောက်ျားလေးများသည် ဘာလို့ အနိုင်ကျင့်ကြပါသလဲ။ သူတို့ကို ဘယ်လို ကူညီပေးနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားလေးများသည် ဘာလို့ အနိုင်ကျင့်ကြပါသလဲ။ သူတို့ကို ဘယ်လို ကူညီပေးနိုင်မလဲ

    အနိုင်ကျင့်သည်ဟုပြောလိုက်လျှင် ကျွန်ုပ်တို့သည် ကျောင်းနေရွယ် ယောကျာ်းလေးများအချင်းချင်း တိုက်ခိုက်ကြခြင်း၊ တစ်ယောက်နှင့်တယောက် ပစ်ပေါက်ကြခြင်းစသည့် ကြမ်းတမ်းသည့် အမူအရာများ ပြုလုပ်သည်ဟု ထင်တတ်ကြပါသည်။ ဘာကြောင့်ပါလဲ။ အချို့သည် မီဒီယာ၏လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သလို အချို့သည် လက်တွေ့ဘဝတွင် အမှန်တကယ်ဖြစ်နေသော အတွေကအကြုံများ ဖြစ်ပါသည်။

    ယောက်ျားလေးများသည် ဘာလို့ ထိုသို့ကြမ်းတမ်းစွာ အနိုင်ကျင့်ကြပါသလဲ။

    နှစ်ပေါင်းများစွာ သုတေသနပြုချက်များအရ အနိုင်ကျင့်သော ယောကျာ်းလေးများသည် မိမိကိုယ်ကို တန်ဖိုးလျှော့ခြင်း၊ ပေါင်းသင်းဆက်ဆံရေးညံ့ခြင်း၊ သူငယ်ချင်းနည်းခြင်း တို့ကြောင့်ဖြစ်တတ်ပြီး သူတို့ကိုယ်တိုင်သည်လည်း အကြောင်းအမျိုးမျိုးကြောင့် အနိုင်ကျင့် ခံနေရသူများဖြစ်နေတတ်ပါသည်။ သိုကသော် ထိုအရာများနှင့်ဆန်ကျင်ဘက်လည်းဖြစ်နေနိုင်ကြောင်း ပညာရှင်များက ဆိုပါသည်။ အနိုင်ကျင့်သူများသည် ဂိုဏ်းခေါင်းဆောင်များဖြစ်ကြကြောင်း အများစုတွင် လေ့လာရပါသည်။ ‘သူတို့၏ပေါင်းသင်းဆက်ဆံရေးသည် ပုံမှန်အတိုင်းဖြစ်ပါသည်။

    ထို့ကြောင့် သူတို့ကို ချဉ်းကပ်ဖို့ ပြန်စဉ်းစားရမယ’် ဟု ပါမောက္ခ Dorothy Espelage ကပြောပါသည်။ ‘သူတို့သည် သူတို့ပြုသမျှခံနိုင်ကြသူများအပေါ်တွင် ပစ်မှတ်ထားသည်။ လွှမ်းမိုးမှုများပြုသည်။ ထိန်းချုပ်သည်။ ထိုအရာသည် မကောင်းပါ’ဟု Espelage ကပြောပါသည်။ အနိုင်ကျင့်သူတစ်ယောက်သည် ကြောင့် အခြားသူတွေလို စိတ်ကိုထိန်းချုပ်နိုင်မှုစွမ်းရည်များ မရှိဖြစ်ရတာလဲ။ Espelage ၏အဖြေမှာ ထိုသို့ဖြစ်ခြင်းသည် ဒေါသဖြစ်ခြင်း၊ မိဘများက ဂရုမစိုက်ခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုများ ပြုခံရခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။

    မိဘများအနေဖြင့် သူတို့စိတ်ကို သူတို့ ဘယ်လိုထိန်းချုပ်ရမလဲ မသိဘဲ အိမ်တွင် ကြမ်းတမ်းသော အမူအရာများဖြင့် စိတ်ထွက်ပေါက်ရှာနေပါက ကလေးများလည်း ထိုသို့ ပြုမူမည်ဖြစ်ပါသည်။ ထိုသို့သော ကလေးများသည် အခြားကလေးများထက် ရန်ပွဲများတွင် ပါဝင်ခြင်း၊ ပစ္စည်းများကို လက်သရမ်းဖျက်ဆီးခြင်း၊ ကျောင်းတွင် မလိမ္မာခြင်းများ ဖြစ်နိုင်ချေပိုများကြောင်းတွေ့ရသည်။ လေ့လာမှုများအရ ထိုကလေးများအရွယ်ရောက်လာချိန်တွင်လည်း ထောင်ကျခြင်း၊ မူးယစ်ဆေး၊ အရက် အလွဲသုံးစားလုပ်ခြင်း၊ အလုပ်ခွင် နှင့် ဆက်ဆံရေးမပြေလည်ခြင်းများဖြစ်ကြောင်း တွေ့ရပါသည်။

    သင့်ကလေးသည် အနိုင်ကျင့် သူတစ်ဦးဖြစ်ပါက သင်ဘာလုပ်မလဲ။

    အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထိုသို့ဖြစ်ခြင်းသည် ဒေါသဖြစ်ခြင်း၊ မိဘများက ဂရုမစိုက်ခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုများ ပြုခံရခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။ ထို့ကြောင့် ဖြစ်စေသော အကြောင်းအရင်းတစ်ခုစီကို ဖြေရှင်းကာ သင့်ကလေးကို အခြားကလေးများအားအနိုင်ကျင့်ခြင်းမပြုရန် တားပါ။

    ဒေါသဖြစ်ခြင်း

    ကလေးများသည်လည်း ကိုယ်ရေးကိုယ်တာ အကြောင်းများရှိတတ်ကြပါသည်။ အများအားဖြင့် ယောကျာ်းလေးများသည် အိမ်၊ကျောင်းတွင် အခြားယောကျာ်းလေးများနှင့် ဆန့်ကျင်သည့် ပြသနာများရှိတတ်ကြပါသည်။

    ထိုသို့သော အနေအထားတွင် အနိုင်ကျင့်ခြင်းသညိ ဒေါသဖြစ်ခြင်း ကြောင့် သို့မဟုတ် စိတ်ဓါတ်ကျခြင်းကြောင့်ဖြစ်တတ်ပါသည်။ ထိုအခါ သင်သည် သင့်ကလေးကို အကောင်းဘက်ကိုဦးတည်သော ပတ်ဝန်းကျင်ကို ပြောင်းပြီး လူအများနှင့် ပိုဆက်ဆံတတ်လာအောင် သင်ပေးရပါမည်။ ထိုသို့ ပြုလုပ်သော်လည်း မထူးခြားလျှင် ဆရာဝန်နှင့် သွားပြကာ တိုင်ပင်ဆွေးနွေးပြီး လိုအပ်ပါက ကုသမှုများ ခံယူရမည်ဖြစ်ပါသည်။

    အများတကာ၏ အာရုံစိုက်မှုကို ခံလိုခြင်း

    အနိုင်ကျင့်သော ယောကျာ်းလေးအများစုသည် သူတို့အချင်းချင်းကြားတွင် အာရုံစိုက်မှုကို ခံလိုခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရပါသည်။ အနိုင်ကျင့်နေစဉ် လူအုပ်ကြီးဝိုင်းလာသည်ကို သဘောကြသည်။ သူတို့ကိုသူတို့ ထင်ပေါ်ကျော်ကြားလိုကြသည်။

    ထိုပြသနာကို ဖြေရှင်းရန် မိဘများအနေဖြင့် ကလေးကို ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးလိုက်ပါ။ သင့်အလုပ်များကို ခဏနားခြင်း၊ အိမ်သို့ စောပြန်လာပြီး ညစာများချက်ပြုတ်ကာ အတူစားသောက်ခြင်းများပြုလုပ်ခြင်းဖြင့် မိသားစုကြားတွင် သံယောဇဉ်များလည်း တိုးလာစေပါသည်။

    ကလေးများပြောပြသည်များကို အချိန်ပေးနားထောင်ပေးခြင်း၊ ဖြစ်ပျက်နေသော အခက်အခဲများကို မေးမြန်းခြင်းများ ပြုလုပ်ပေးပါ။ ကလေးများကို အတင်းအကြပ် မစေခိုင်းပါနှင့်။ သူတို့ကို အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးထားလိုက်ပါ။

    အိမ်တွင် အကြမ်းဖက်မှုများ

    အိမ်တွင် မိဘများအချင်းချင်း၊ မိသားစုဝင်များ၊ မောင်နှမများအကြား အနိုင်ကျင့်မှုများကို ကလေးများက မြင်နေရခြင်းကြောင့် အတုယူကာ သူသည် ကျောင်းတွင် ထိုနည်းတူ ပြုမူခြင်းဖြစ်ပါသည်။

    သင့်မိသားစုဝင်များ သို့မဟုတ် ပတ်ဝန်းကျင်တွင် ထိုသို့သော အခြေအနေများနှင့် ကြုံနေရလျှင် ယင်းသို့အပြုအမူများကို ချက်ချင်းရပ်တန့်ပြီး ကလေးကို ဆုံးမပါ။ ထိုသို့ ကြမ်းတမ်းသော အမူအရာများသည် မကောင်းကြောင်း ထို့ကြောင့် လိုက်မလုပ်သင့်ကြောင်း ကလေးအား ပြောပြရမည်။ အကြမ်းဖက်မှုများဘာကြောင့်ဖြစ်လာသလဲမေးမြန်း အဖြေရှာရမည်။ ဆွေးနွေးရမည်ဖြစ်သည်။ တခါတရံတွင် ကလေးများသည် ပြသနာများကို ပိုပြီးရိုးရှင်းစွာ မြင်တတ် ပြောပြတတ်ကြပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement