backup og meta

မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှုကို ဘယ်လိုလျှော့ချမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှုကို ဘယ်လိုလျှော့ချမလဲ

    ကလေးတစ်ယောက်ထက်များတဲ့ မိသားစုတွေမှာ မောင်နှမ၊ ညီအမ အချင်းချင်း ပြိုင်ဆိုင်မှုဟာ အဖြစ်များပါတယ်။ သူတို့ဟာ အခု အတူတူ ဆော့ကစားနေပေမယ့် ခဏနေရင် ငိုပြီး ရန်ဖြစ်နိုင်ပါတယ်။

    ဒါဟာ မိဘတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။ ကံကောင်းစွာပဲ မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှု နည်းပါးစေတဲ့ နည်းလမ်းတွေကို ကြိုးစားကြည့်နိုင်ပါတယ်။

    ကလေးတစ်ယောက်ဆီရဲ့ ထူးချွန်မှုတွေကို လေးစားပါ။

    ကလေးတိုင်းမှာ မတူညီတဲ့ ထူးချွန်မှုတွေ ရှိကြပြီး ဒါကို လေးစားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကလေးကို အခြား မွေးချင်းတစ်ဦးဦးနဲ့ အမြဲ နှိုင်းယှဉ်ပြောနေမယ်ဆိုရင် သူတို့ကြားမှာ ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာပါလိမ့်မယ်။

    ဥပမာ အချို့မိဘတွေက သားကြီး သင်္ချာ ဘယ်လောက်တော်ပြီး သားငယ်ဟာ မတော်ကြောင်း ပြောတတ်လေ့ရှိပါတယ်။ ကလေးဟာ ဉာဏ်တုံးတာမျိုးမဟုတ်ပဲ တခြားကိစ္စကိုသာ စိတ်ဝင်စားတာ ဖြစ်ပါတယ်။ ကလေးတွေဟာ မိဘတွေထံမှာ တွေ့မြင်တဲ့ အရာတွေကို သင်ယူကြပါတယ်။

    ဒါကြောင့် ကွဲပြားခြားနားမှုတွေကို လေးစားခြင်းဟာ မောင်နှမ အချင်းချင်းမှာလည်း မတူညီတဲ့ မွေးချင်းရဲ့ ထူးချွန်မှုတွေကို လေးစားဖို့ သင်ပေးသလို ဖြစ်နိုင်ပါတယ်။

    ဂရုစိုက်မှုကို စီစဉ်ပါ။

    ကလေးတွေ ရန်ဖြစ်တဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့ မိဘတွေရဲ့ ဂရုစိုက်မှုကို လိုချင်လို့ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ အခြားမောင်နှမတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို ခံရပြီးသူတို့က မရတဲ့အခါ သူတို့ကို ဖယ်ထားသလို ခံစားရတတ်ပါတယ်။

    ဒါကြောင့် သူတို့ဟာ မကောင်းတဲ့ ဂရုစိုက်မှုမျိုး ဖြစ်ပါစေ ဂရုစိုက်မှုရအောင် ကြိုးစားကြပါတယ်။ ကလေး တစ်ယောက်ချင်းစီကို တစ်နေ့မှာ ၁၀-၂၀ မိနစ်လောက်အထိ ဂရုစိုက်နိုင်အောင် ကြိုးစားပါ။ ကလေးတွေဟာ ဂရုစိုက်မှုကို ညီတူညီမျှရရင် ဂရုစိုက်မှုရအောင် ရန်ဖြစ်စရာမလိုဘူးဆိုတာ သိလာနိုင်ပါတယ်။

    ကလေးတွေ စကားများနေရင် ရှောင်နေပါ။

    ကလေးတွေကြားထဲမှာ စကားများရင် ဒါကို လျစ်လျူရှုထားသင့်ပါတယ်။ သင်ဟာ သူတို့အချင်းချင်း ပြေလည်အောင် ဖြေရှင်းစေသင့်ပါတယ်။

    ရန်ဖြစ်တာမရပ်ရင် တည်ငြိမ်စေသင့်ပါတယ်။

    တကယ်လို့ သင့်ကလေးတွေဟာ ရန်ဖြစ်တာမရပ်ပဲ ပိုဆိုးလာခဲ့ရင် သင်ဝင်ပါဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ အပြစ်တင်မယ့်အစား၊ တစ်ဖက်ဖက်ကို ပါမယ့်အစား ကလေးတစ်ယောက်ချင်းစီ ပြောတာကို သေချာနားထောင်ပြီး သူတို့ ခံစားချက်တွေကို ပြောပြဖို့ အားပေးသင့်ပါတယ်။ ဒါပြီးရင်တော့ သဘောတူညီမှုရရှိဖို့ သူတို့ကို ကူညီပြီး အဖြေတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

    မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှုအကြောင်းကို တိုက်ရိုက်ပြောပါ။

    တကယ်လို့ ကလေးအသစ်တစ်ယောက် ရတော့မယ်ဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံရေးကို အခုတည်းက ကြိုးစားတည်ဆောက်သင့်ပါတယ်။ မွေးကင်းစ ကလေးငယ်ရဲ့ အမှန်တကယ် ပုံရိပ်ကို ပေးမယ့်အစား ကလေးအကြီးကို ဘာတွေကို မျှော်လင့်ရမယ်ဆိုတာ ပြောပြထားသင့်ပါတယ်။

    ဥပမာ မွေးကင်းစ ကလေးငယ်ဟာ စိတ်ဝင်စားဖွယ်ကောင်းပေမယ့် သူ့အတွက် အလုပ်အများကြီးရှုပ်မယ်ဆိုတာမျိုး၊ ကလေးငယ်ဟာ အသံကျယ်ပြီး အနံ့နံနိုင်တယ်ဆိုတာမျိုး ပြောထားသင့်ပါတယ်။ တခါတရံမှာ သူတို့ဟာ ကလေးကို မလိုချင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

    သူတို့ဒီလိုခံစားနေရပြီဆိုရင် သင့်ကလေးကို သင်နဲ့ စကားပြောဖို့ အားပေးသင့်ပါတယ်။

    တမူထူးခြားစွာ ချစ်ပါ။

    မိဘတွေက သူတို့ဟာ ကလေးတွေ အားလုံးကို ညီတူညီမျှ ချစ်တယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ အလုပ်ဖြစ်ဟန် မတူပါဘူး။ ကလေးတွေက ညီတူညီမျှချစ်တယ်လို့ ဆိုခြင်းဟာ သူတို့ကို ပိုလျော့ပြီး ချစ်တယ်လို့ အထင်ရောက်တတ်ကြပါတယ်။

    ဒီလိုပြောမယ့်အစား ကလေးတစ်ယောက်ချင်းစီကို တမူထူးခြားစွာ ချစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါဆိုရင်တော့ သူတို့ဟာ သေချာပေါက်အချစ်ခံရတယ်လို့ ပိုမို ခံစားရနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement